*****Part 2*****
တက်လေ ဘာကြည့် နေတာလဲ ဆိုပြီး သူ့ရှေ့ကားပြာပြာ လေး ထိုးရပ်ကာ ပြောလိုက်တဲ့သူ့တပည့် လေးကြောင့် သူ ကားပေါ်တက်လိုက်တော့
ခါးပတ်တော့ ပတ်ထားနော် ကျွန်တော်က ကားမောင်းနည်းနည်း ကြမ်းတယ် ဆိုပြီး ပြောလည်းပြော ကားကိုလည်း တခါတည်းစောင့်ထွက် လိုက်တော့ ကား Dash Board နဲ့ သူ့နှဖူး နဲ့ မိတ်ဆက်သွားလေသည်
ခံပေဉီးပေါ့ Kim Jongin...... ၁ လ ၁ လ အဲ့ ၁လ အတွင်း သူတော့လား
¥¥¥¥¥¥
Jongin တစ်ယောက် Do Kyung Soo ဘေးကနေ ထိုင်လိုက်ရင်း ကနေ တတ်သမျှ မှတ်သမျှ ဘုရားစာ တွေ ကို ရွတ်ရင်း ကားက ဘားတန်းကိုလည်း လက်က မလွတ်တန်း ကိုင်ထား ရသေးတာ....ကားမောင်းကြမ်းချက်ကတော့ မြို့ထဲမှာတင် မိုင်ကုန် မောင်းနေတာ......... အကွေ့တွေဆိုရင်လည်း ကွေ့ တာ ကြမ်းချက် ..သူ တော့ အသက်ဘဲပျောက်မလား နှလုံး ရောဂါဘဲ ရမလား ဟု တွေးနေရင်း သူ့ မှာ တထိတ်ထိတ်....
ဘေးက ကားမောင်းတဲ့ Do Kyung Soo ကတော့သူ့ပုံစံ အတိုင်း ပီကေ တဖျောက်ဖျောက် ဝါးရင်း သီချင်းတောင်ညည်းနေသေး..
Jongin..မင်း အရှိန်လေး ဘာလေး လျော့ဉီး ငါတို့ နှစ်ယောက်လုံး အိမ်မရောက်ဘဲ လမ်းတင် ကားနေမယ် ဆို ပြီးပြောလိုက်တော့
Kyung Sooကရယ်ကာ
ကောင်းသား အဲ့လို ဆိုရင်လည်း ဆိုပြီး ခပ်အေးအေး ပြန်ဖြေလိုက်တဲ့ အသံကြောင့်
သူကျောတောင်ချမ်းသွား သလိုပင်.......ဒီကောင်လေး ကြည့်ရတာ လောကကြီးကို စိတ်ကုန်နေတဲ့ပုံနဲ့ ....
Jongin...ဟိုးရှေ့က လမ်းထဲ ချိုးဝင်လိုက် အဲ့မှာ ငါ့ အိမ်က ဆိုပြီး ပြောလိုက်တော့
Kyung Soo က ချိုးဝင်ကာ
ခင်ဗျားက သူငှေးသား ဘဲ.......ဒီရက်ကွက်မှာနေတာ ဆိုတော့ .......ဆိုပြီး ပြောလိုက်တဲ့ Kyung Soo အပြောကြောင့် သူ စိတ်ပျက်သွားမိသည်..ဒီကောင်လေး လူတင်ဂျစ်တစ်တစ် ဖြစ်တာ မဟုတ်ဘဲ အပြော မဆိုပါ မယဉ်ကျေးတာကိုး ဆိုပြီး တောင် သူတွေး မိလိုက်သည်....