Cheer Up! Teacher Jong
မနက်ဖြန် ဆို Company ပြန်ဝင် ရတော့မှာမို့ Jongin အတွက်က ဒီနေ့ စာသင်ချိန်က နောက်ဆုံးပင်..Kyung Soo ကို လှမ်းကြည့်တော့လည်း ဘောပင် တစ်ချောင်း ကို ပါးစပ်က ကိုက်ကာ သူ့ကို ငေးကြည့်နေတဲ့ မျက်ဝန်းတွေမှာ အလွမ်းတွေ အပြည့် နဲ့ ..သူ့ လှုပ်ရှားမှု့တွေ တိုင်းကို မျက်တောင် ခတ်ဘဲ လိုက်ကြည့် နေတဲ့ Kyung Soo ကို သူ အရိပ် အယောင် ပြကာ စာကြည့် ဆိုပြီး ပြောလိုက်ပေမယ့် Kyung Soo က သူကို နှာခေါင်း ရှုံ့ပြလေသည်
Kyung Soo အတွက်တော့ ဒီနေ့ စာသင်ချိန်က သူ့ အတွက် အဖိုး မဖြတ်နိုင်တဲ့ အရာ တွေထဲက တစ်ခုပင်..မနက်ဖြန်ဆို Minho Hyung ပြန်လာပြီမို့ သူအခုလို Teacher Jong ကို ငေးကြည့်ခွင့် ရတော့မှာ မဟုတ် ဒါကြောင့် ရတဲ့ အချိန်လေးမှာ သူ ချစ်ရတဲ့ သူရဲ့ လှုပ်ရှား မှု့လေး တိုင်းကို နှလုံးသား ထဲမှာ စွဲနေအောင် မှတ်သားမိနေတာ
ဒါကို အဲ့လူကြီး က သူ့ကို စာကြည့် ဆိုပြီး လုပ် ပြနေသေးသည်
ဟင့်အင်း သူ့ အတွက်တော့ စာအုပ်ထူထူ တွေထက် Teacher Jong ရဲ့ မျက်နှာပေါ်က အစိတ် အပိုင်း လေးတွေက ပိုစိတ်ဝင်စား စရာ ကောင်းတယ် မဟုတ်လား !!!
~Kyung Soo အတန်းပြီးရင် ရုံးခန်း လိုက်ခဲ့
စာသင်ချိန်ပြီးတော့ ခပ်တည်တည် နဲ့ ပြောကာ ထွက်သွားတဲ့ Teacher Jong ကို အတန်းထဲက သူတွေက ထူးဆန်း သလို ကြည့်ကြသည်..သူတို့ အထင်တော့ Do Kyung Soo တော့ ပြသနာ ရှာလိုက် ပြန်ပြီဆိုပြီး ::
~ ချောက်
အတန်းဆင်းဆင်း ချင်း လက်ကိုင်ဘု လေးကို ဖွင့်ကာ Teacher Room ကို ၀င်လိုက်တာနဲ့ မျက်မှန်ကြီး တပ်ကာ စာအုပ်တွေနဲ အလုပ် ရှုပ်နေတဲ့ သူ
Kyung Soo သူ လွယ်အိတ်ကို ဘုတ်ခနဲ့ ပစ်ချ လိုက်ပေမယ့် သူက မော့မကြည့်သေး
သူ နောက်ဆုံး စိတ်မရှည် တာနဲ့ဘဲ Teacher Jong ကြည့်နေတဲ့ စာအုပ် ကို ဆွဲပိတ်ကာ မျက်မှန် ကို သူကိုယ်တိုင် ဆွဲချွတ်ပစ်လိုက်သည် ..သူ့ လုပ်ရပ်ကြောင့် အံ့သြ သလို ကြည့်နေတဲ့ သူ့ ကို Kyung Soo မျက်စောင်း ပိတ်ထိုးရင်း
![](https://img.wattpad.com/cover/52567350-288-k440718.jpg)