Cheer Up ! Teacher Jong
Kyung Soo ရင်ဖွင့် တာကို Jongin သူ တအံ့ တသြနားထောင်ပြီး မေ့မြော နေရာ ကနေ အသိ ပြန်ဝင်လာတော့ Kyung Soo က သူ့ အနားမှာ မရှိတော့ Jongin မှာ ခုနက ကြားလိုက်ရတဲ့ Kyung Soo စကား တွေကြောင့် ပါးစပ် က နားရွက် တပ်ချိတ်တော့ မည်
ရှေ့ကနေ ရှက်ပြီး ပြေးထွက် သွားတဲ့ Kyung Soo နောက် သူပြေးကာ လိုက်ရင်း
~ ဟိုကောင်လေး
သူစပြီး ခေါ်လိုက်တော့ Kyung Soo က လုံးဝ လှည့်မကြည့်
~ ဟေ့ ရှေ့က ဟိုကောင်လေး ခေါ်နေတယ်လေ ပင်လယ် ကြီးက လည်း မင်းအတွက် စကား ပါးလိုက်တယ်တဲ့
ဒီတစ်ခါ တော့ ပြေးနေတဲ့ Kyung Soo ခြေထောက်လေး ရပ်သွားရသည် ပြီးတော့ နောက်ကို တအံ့တသြ မျက်လုံး ၀ိုင်းလေး တွေနဲ့ ပြန်လှည့် ကြည့်လာတော့
Jongin လည်း ရှေ့ကို အသာ တိုးကာ ရဲတောက်နေတဲ့ Kyung Soo မျက်နှာလေး ကို တစိမ့် စိမ့် ကြည့်ရင်း
~ပင်လယ်ကြီး ဆီက နေ တဆင့် ကြားရမယ့် စကား သံလေးတွေကို နားမထောင်ချင်ဘူး လား ဟင်
Jongin မေးလိုက်ပေမယ့် Kyung Soo ကတော့ အရှက်သည်းစွာ နှုတ်ခမ်း လေး ကိုက်ရင်း ချစ်စရာ ကောင်းလောက်အောင် ပင် လုပ်ပြနေလေသည်
Jongin လည်း Kyung Soo ရှက်နေတာ လေး ကို အသည်းယားစွာ ကြည့်ရင်း ပင်လယ်ကြီး ဘက် မျက်နှာမူကာ
# ပင်လယ်ကြီးရေ ကျွန်တော် ကလည်း ပင်ကွင်း ပေါက်လေး Do Kyung Soo ကို ဒီရင် ဘတ်ထဲကနေ သိက်ချစ် မိနေတယ် ဆိုတာ အကြောင်း ပြန်ပေးပါ အရမ်း ချစ်တယ် Do Kyung Soo #
Jongin လည်း ပြောပြီးရော Kyung Soo က သူ့ ဆီ ပြေးလာကာ သူ့ နောက်ကျော ကို နောက်ကနေ ဖက်ရင်း
~ Teacher Jong ကို ချစ်တယ်
နောက်ကနေ သူ့ကို ခပ်တင်းတင်း ဖက်ထား ကာ သူ့ ကျောပြင်ပေါ် မျက်နှာ အပ်ရင်း ပြောလိုက်တဲ့ Kyung Soo စကား ကြောင့် သူ့ရင်ခုန်သံတွေ ပိုမြန်စေ သည်