Cheer Up : Teacher Jong
Jongin ကတော့ နောက်ကနေ
~ Kyung Soo ညကျ စာသင် ရမယ်နော် ကြားလား
ဒီတစ်ခါ လည်း Jongin ကသာ နောက်ကနေ အော်ပြောလိုက်ပေမယ့် Kyung Soo ကတော့ Jongin စကား မှ ဘာမှ အဖြေ ပြန်မပေသွား Jongin မှာတော့ မသိရင် သူက ဘဲ Kyung Soo ဆီကနေ စာသင်ရမှာလိုလို ပုံစံမျိုး ဖြစ်နေတယ်လေ အဲ့ကလေး က သူ့ကို ဆို အရေး မလုပ် ပြန်လည်း စကား မပြော သူ ဆယ်ခွန်းလောက် ပြောကာ မှ Kyung Soo ဆီက တစ်ခွန်းလောက် ပြန်ကြားရတာ သူ ကများ အလိုလိုက်နေလို့ ကလေးက သူ့ကို မပေါက်တာ များလား သူလည်း နောက်ကျ ခပ်တည်တည် နေဉီးမှပါ
¥¥¥¥¥¥¥
ညနေ ကျောင်းဆင်းချိန်ရောက်တော့ Jongin တစ်ယောက် သူ့ အိတ်လေးကို ယူပြီး ကျောင်းထဲက ထွက်လာတုန်း တစ်နေရာ ရောက်တော့ သူ့အကြည့်တွေ ရပ်တန့်သွားရသည်...မျက်မှောင်ကြုံ့ကာ သူ ရပ်ကြည့်နေမိတာက သူ့ရဲ့ Kyung Soo ပုခုံးပေါ်မှာ ရောက်နေတဲ့ ပိုင်စိုး ပိုင်နင်း လက်တစ်စုံ ..ဟို တစ်ယောက်ကလည်း ဒါမျိုး ကျတော့ ငြိမ်ခံနေပြီး ဘာတွေ အဲ့လောက် သဘော ကျနေမှန်း မသိ နှစ်ယောက်သား ပြုံးပြုံး ပြုံးပြုံး နဲ့ ကျောင်းထဲက နေ ထွက်သွားတာ သူမြင်ရတော့ အူတို မိတာ အမှန်
Jongin ကျောင်းဆင်းပြီးလို့ အိမ်ပြန်ရောက်ပြီး ရေချိုးပြီးတဲ့ အထိ Kyung Soo က ပေါ်မလာသေး သူ ကလေး အတွက် ရင်တွေ လေးပြီး စိတ်တွေ ပူနေတာ ခုံပေါ်က ဖုန်းလေးကို မမှိတ်မသုန် စိုက်ကြည့်နေမိသည် သူ ဖုန်းဆက်ပြီး လာခဲ့ဖို့ ခေါ်လိုက်ရင်း ကောင်းမလား ဆိုပြီး တွေးနေတုန်း
မထင်မှတ်ဘဲ သူမျှော်နေတဲ့ ဖုန်းလေး ၀င်လာတော့ ကျသွားမှာ ဆိုးသည် အလား အမြန်ဖွင့်ကာ နားထောင် လိုက်သည်
" Teacher Jong ....ကျွန်တော် မလာတော့ဘူး ဒီနေ့ "
ဘာလို့လည်း ဆိုတာတောင် သူ မမေးရသေးခင် ဖုန်းက ချသွားပြီ Aishhi လူပု သလောက် စိတ်မြန်လက်မြန် ရှိလိုက်တာ.....Jongin သူ ဖုန်း ကို ခုတင်ပေါ်ပစ်တင် ပေးပြီး မှ ဖုန်းကို ပြန်ကောက်ပြီး ခုနက ဖုန်းကို ပြန်ခေါ်လိုက်ပြီး