Meaning of Love ♥
"ဖြန်း!!!!"
ပြင်းထန်လှတဲ့Taeyeonရဲ့ရိုက်ချက်ကြောင့်
Jessicaခေါင်းလည်ထွက်သွားပြီးကြမ်းပြင်ပေါ်
လဲကျသွားသည်။"ဟူးးးးးး...ငါပြောသားပဲ! ငါ့ကိုလာလာပြိမရှုပ်ပါနဲ့လို့။ အခုတော့ငါပဲလူဆိုးဖြစ်ရပြန်ပြီ"
ပြောပြီးစိတ်ပျက်လက်ပျက်နဲ့ကုတင်ပေါ်တက်ကာ ခေါင်းရင်းကနံရံကိုမှီပြီးထိုင်နေလိုက်တယ်။ သူမ ရိုက်ချက်ပြင်းမပြင်းကတော့Jessicaရဲ့ဖြူဖွေး နေသောပါးကလေးမှာချက်ချင်းနီရဲလာပြီးနှုတ်ခမ်း
ထောင့်မှသွေးများပင်ထွက်လာသည်။Jessica's Pov>>
သူမ ရိုက်တာကျွန်မအသားနာတာထက်ရင်ဘတ်
ထဲကနာတာကပိုဆိုးပါတယ်။ မျက်ရည်မကျမိအောင် နှုတ်ခမ်းကိုသာအတင်းဖိကိုက်ထားမိတယ်။ သူမက မျက်ရည်ကျတာမကြိုက်ဘူးလေ။ကျွန်မနာကျင်နေရ
ရင်တောင်သူမစိတ်ဆင်းရဲနေတာတော့မမြင်ချင်ဘူး။
ဒီကိစ္စကသူမ ကျွန်မကိုချစ်လို့ဆိုတာကျွန်မသိပါတယ်။ အခုလည်းကျွန်မရဲ့သီချင်းအသစ်အတွက်အသံသွင်း
ဖို့သွားတာညနေစောင်းမှပြန်ရောက်လာလို့Clubမှာ သွားသောင်းကျန်းနေတာလေ။ အဲ့ဒါကျွန်မသွားခေါ်
တော့သူမကတွေ့ကရာမိန်းကလေးတွေနဲ့ဖက်ရက်ပြီး ပျော်ပါးနေတာတွေ့တယ်။ သူမအကျင့်ပဲမို့မပြောပဲနေ နေပေမယ့်အဲ့ဒီမိန်းမတွေကလွန်လွန်းအားကြီးလာတာ
နဲ့အိမ်ပြန်ဖို့သွားပြောတာကိုစိတ်တွေဆိုးနေတာ။ကလေးဆိုးကျနေတာပဲ။ ရိုက်ခံရတာလည်းအမြဲတမ်း
မို့ရိုးနေပါပြီ။ ပြီးခဲ့တဲ့တစ်ခေါက်ကဒဏ်ရာတောင် မပျောက်သေးဘူး။သူမလည်းနေရာကဖြည်းဖြည်းထရင်းဆေးဗူးယူပြီး
ကုတင်ဘေးကမှန်တင်ခုံမှာထိုင်ရင်းမှန်ကြည့်ပြီး
မျက်နှာကဒဏ်ရာကိုဆေးထည့်နေတယ်။Taeyeon
ကစီးကရက်သောက်ဖို့ထုတ်လိုက်ပြီးသူမကိုတစ်ချက်
လှမ်းကြည့်လိုက်ကာမသောက်တော့ပဲပြန်သိမ်းလိုက်
သည်။ ပြီးတော့သူမထိုင်နေရာကဘေးကိုနည်းနည်း တိုးပေးလိုက်ပြီးလွတ်နေတဲ့နေရာကိုပုတ်၍"လာ..ဒီမှာလာထိုင်။ ငါဆေးလိမ်းပေးမယ်"
"ရပါတယ်..ကိုယ့်ဘာသာလုပ်နိုင်တယ်"
YOU ARE READING
Meaning of Love
Fanfictionတစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခံသင့်တဲ့ သူတစ်ယောက်❀ တစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခ...