Meaning of Love ♥
ရင်ခွင်ထဲက Jessicaတစ်ယောက်ညည်းနေတာ
ကြောင့်Taeyeon နိုးလာသည်။"ဘာဖြစ်လို့လဲSoo Yeon?"
Jessicaမျက်လုံးများဖြည်းဖြည်းဖွင့်ရင်း
"တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုပဲ"
Jessicaမျက်နှာရှုံတွကာပြောလိုက်သည်။
"အရမ်းလေ့ကျင့်လိုက်လို့နေမယ်။ Sunnyကို ခေါ်ပေးမယ်။ ခဏနားနေဦး"
သူမ Sunnyကိုဖုန်းဆက်ခေါ်ပြီးနောက်
"မျက်နှာသစ်ရမယ်။ လာ...ထ တွဲပေးမယ်"
"ရပါတယ်။ ကိုယ့်ဘာသာလုပ်လို့ရတယ်"
"Soo Yeonဘယ်လိုဖြစ်နေတာလဲ? အခုတလော စကားအကောင်းမပြောဘူး"
"အလုပ်ပင်ပန်းနေလို့ပါ"
"ဆင်ခြေ"
Taeyeonပြောပြီးငေါက်ခနဲထကာသူမကိုစွေ့ခနဲ့
ပွေ့ချီလိုက်သည်။"Omo Taeyeon-ah!"
"ရှူးးး"
Taeyeon သူမကိုရေချိုးခန်းထဲပွေ့ခေါ်သွားပြီး
မှန်ရှေ့ကခုံပေါ်ထိုင်ခိုင်းလိုက်ကာသွားတိုက်တံ
ပေါ်သွားတိုက်ဆေးထည့်၍ပေးလိုက်ပြီး"ကိုယ့်ဘာသာတော့တိုက်နိုင်တယ်မလား?"
တန်းပေါ်ကတဘတ်လှမ်းယူကာသူမလည်ပင်းကို ပတ်ပေးလိုက်ပြီးရေတစ်ခွက်ခပ်ကာရှေ့မှာချပေး လိုက်တယ်။ သူမလည်းဇွတ်တရွက်လုပ်တတ်တဲ့ Taeyeonကိုဆက်အထွန့်မတတ်တော့ပဲလုပ်စရာ
ရှိတာလုပ်လိုက်တော့တယ်။ Taeyeonလည်း
မျက်နှာအမြန်သစ်ကာသူမရှေ့ပြန်လာပြီးသူမခေါင်းငုံ့
လိုက်လျှင်ကျလာတဲ့ဆံပင်လေးကိုလက်နဲ့သပ်တင်
ကာနားကြားထဲထိုးထည့်ပေးရင်း"မျက်နှာလေးချောင်ကျသွားတယ်။ အစားများများ စားမှဖြစ်မယ်။ ဘာစားမလဲ?"
Jessicaမှာရုတ်တရင်အရင်နဲ့မတူချိုသာလာတဲ့
Taeyeonကိုတအံတဩကြည့်ကာ"Taeyeonနေကောင်းရဲ့လား?"
"အံ့ဩပြမနေနဲ့။ ပွဲရှိလို့ဂရုစိုက်ပေးနေတာ"
Jessicaသွားလေးနှစ်ချောင်းရှေ့ထွက်လာအောင်
ရယ်ရင်း"လွမ်းနေတာ"

YOU ARE READING
Meaning of Love
Fanfictionတစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခံသင့်တဲ့ သူတစ်ယောက်❀ တစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခ...