Meaning of Love ♥
Taeyeonမနက်စောစောထကာJessicaအတွက်
မီယောဂုပြုတ်ဖို့အဒေါ်ကြီးကိုပြောရန်အောက်ထပ်ကို
ဆင်းလာလေသည်။"အဒေါ်ကြီိး! အဒေါ်ကြီးရေ! ဟာ..ဘယ်သွားနေလဲ
မသိဘူး"ပြီးမှနာရီကိုကြည့်မိပြီး
"ဪ..ဒီချိန်ဆိုဈေးသွားတာနေမှာ။ဟိုကလေးမနိုး
ခင်လုပ်ခိုင်းမလို့ဟာကို။ သူဈေးသွားရင်တစ်နာရီခွဲ
လောက်ကြာတယ်"(ကြာမှာပေါ့ဟင်းဂျီးများတဲ့မမလေးအတွက်တစ်ဈေးလုံးပတ်ဝယ်နေရတာကို)
"ကဲ..မတတ်နိုင်ဘူးပေါ့"
Taeyeonအင်္ကျီလက်ကိုအပေါ်ထိတင်လိုက်ပြီး
ဆံပင်ကိုစီးကာမီးဖိုခန်းထဲဝင်လိုက်သည်။ ဖုန်းဖွင့် ပြီးဖုန်းထဲမှာမီယောဂုပြုတ်နည်းရှာပြီးကြည့်နေသည်။(အံမယ်....သူဟင်းချက်တော့မယ်😂)
"ဪ...ဪ...အရင်ဆုံးရေနွေးတည်ပြီးရေညှိ
ထည့်ရတာပါလား။ အင်း...လုပ်ကြည့်ဦးမှ"သူမဒယ်အိုးထဲရေထည့်ကာရေနွေးတည်ပြီးရေညှိ
ထုပ်ရှာကာဖောက်ထည့်လိုက်သည်။(OMG!! ရေနွေးလည်းမဆူသေးဘူးKim Tae
ကတော့)ရေညှိတွေကိုလည်းဝင်အောင်မထည့်ဘေးမှာပလဲ
နေတာပဲ။ ပြီးတော့ဖုန်းပြန်ကြည့်ကာအဆာပလာ ဟင်းခပ်မှုန့်တွေထည့်ပြီးအဖုံးပြန်အုပ်ထားလိုက်
သည်။ ပြီးတော့Jessicaအခြေအနေကြည့်ရန်
အပေါ်ပြန်တက်ခဲ့သည်။ ကုတင်ပေါ်မှာအိပ်ပျော် နေဆဲကောင်မလေးရဲ့ဘေးနားဝင်ထိုင်ကာပါးလေး
ကိုလက်ညိုးလေးနဲ့သွားသွားတို့နေသည်။ နဖူးပေါ်က ဆံပင်လေးတွေကိုလည်းလေနဲ့တဖူးဖူးမှုတ်ရင်းစနေ
သည်။ အဲ့ဒါJessicaကိုအမြဲလုပ်နေကျသူ့အကျင့်။
ခုလည်းအိပ်နေတာကိုသွားစနေတာဟိုကနိုးလာရော။ဆေးအရှိန်ကြောင့်မူးနေတာမို့ဖြေးဖြေးမျက်လုံးဖွင့်လိုက်သည်။ကြည်ကြည်သာသာဖြစ်နေတဲ့ပုံပေါက်တဲ့Taeyeon
ကိုမြင်လိုက်ရတာသူမပျာ်ကာဆွဲဖက်လိုက်ပြီးရင်ခွင်
ထဲခေါင်းအပ်ကာ"Taeyeon-ah~ Sicaကိုစိတ်မဆိုးတော့ဘူး
မလားဟင်?"*ဒီကလေးဟာလေဘယ်တော့မှကိုယ့်ဘက်ကိုမကြည့်ဘူး*
YOU ARE READING
Meaning of Love
Fanfictionတစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခံသင့်တဲ့ သူတစ်ယောက်❀ တစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခ...