Meaning of Love ♥
Taeyeonမနက်နိုးတော့အောက်ထပ်ဆင်းလာရာ
တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်မှင်သက်သွားလေသည်။"Taengoo"
"ဖေဖေ"
သူမကိုမြင်သည်နှင့်ထကာသူမလက်ကိုအပြေးလေး
လာဆွဲကိုင်လိုက်သောသူမအဖေကိုသူမအံ့ဩစူးရဲစွာ ပြန်ကြည့်လိုက်ပြီး"ဘာလာလုပ်တာလဲဖေဖေ?"
"Wuri Taengooနေမကောင်းဘူးဆို?"
"ဘယ်သူပြောတာလဲ?"
Taeyeonစိတ်တိုသွားတာတော့အမှန်။ဘယ်သူမှ
စိတ်မပူစေချင်လို့လုပ်ခါမှ"Sunnyပြောပြတာပါ။ သူ့ကိုစိတ်မဆိုးပါနဲ့ကလေး
ရယ်။ သူလည်းဆရာဝန်တစ်ယောက်လုပ်သင့်တာ လုပ်ရတာပါ""သမီးကဖေဖေ့ရဲ့အုပ်ထိန်းခွင့်ကိုယူရမယ့်၁၈နှစ်
သမီးမဟုတ်တော့ဘူးဖေဖေ!! အခုမှလာပြီးစိုးရိမ်
ပြမနေပါနဲ့။ Hk..အပိုတွေ! ဒါကြောင့်လည်းမေမေ
နဲ့..."Taeyeonဆိုနင့်လာတာကြောင့်ပြောလက်စစကား ကိုရပ်လိုက်သည်။
"ဖေဖေတောင်းပန်ပါတယ်"
ဆိုနင့်စွာတစ်လုံးချင်းပြောလာတဲ့သူမအဖေရဲ့နှုတ်
ကတောင်းပန်ပါတယ်ဆိုတဲ့စကားလေးကြောင့်သူမ
ဟုတ်မှဟုတ်ရဲ့လားလို့တောင်နှုတ်ခမ်းကိုကိုက်မိ
လိုက်သေးသည်။ အနှစ်၂၀လုံးကိုယ့်အမှားအတွက်
သမီးနဲ့မိန်းမကိုစိတ်ဆင်းရဲစေခဲ့တာတောင်တစ်ခါ
မှမတောင်းပန်ဖူးတဲ့သူမအဖေကဒီလိုအခြေအနေမှ
တောင်းပန်သည်တဲ့လား။မရဘူး..သူမခွင့်မလွှတ်နိုင်ဘူး...။
သူမတစ်ဘဝလုံးရခဲ့တဲ့ဒဏ်ရာကသေးသေးလေး
မှမဟုတ်တာ...။"အချိန်တွေလွန်နေပြီဆိုတာသိပါတယ်။ ဖေဖေနဲ့ သမီးသမီးအိမ်ထောင်ကျခါစကနှစ်ယောက်လုံး
အရမ်းငယ်သေးတယ်။ အချစ်တစ်ခုတည်းနဲ့ရှေ့တိုး
ခဲ့တာ။ သမီးအဘွားကတားတယ်ဆိုတာဖေဖေတို့ကို သဘောမတူလို့မဟုတ်ဘူး။ ငယ်သေးလို့တားခဲ့တာ။ နားမထောင်ပဲအတင်းရှေ့တိုးခဲ့တော့စဉ်းစားဆင်ခြင်
နိုင်စွမ်းလည်းသိပ်မရှိခဲ့ဘူး။ နှစ်ယောက်သဘောထား မတိုက်ဆိုင်တိုင်းပြသနာတက်နေတာနဲ့ပဲအဆင်ပြေ
တယ်ကိုမရှိခဲ့ဘူး။ သမီးမွေးပြီးတော့ဖေဖေတို့အိမ် ထောင်ရေးအတော်ဆိုးဝါးခဲ့တာ။ ဖေဖေကငယ်ရွယ်
သူပီပီပိုက်ဆံရှာဖို့လောက်ပဲခေါင်းထဲရှိတယ်။ဖေဖေ
ကCompanyကြီးရဲ့ဆက်ခံသူဆိုတဲ့သမီးအဖိုးရဲ့
စကားကိုအမိန့်တစ်ခုလိုသတ်မှတ်ထားတဲ့လူလေ။သမီးအမေကလည်းသူ့အတွက်အချိန်ပေးစေချင်တယ်။ကြာတော့သမီးမေမေကိုဖေဖေ့အတွက်အနှောက်အ
ယှက်လိုမြင်လာမိတယ်။ ငယ်ရွယ်သူတွေရဲ့တဇွတ် ထိုးဆန်မှုတွေပေါ့။ ဒါပေမယ့်သမီးအမေကဖေဖေ့ ထက်ကောင်းပေးနိုင်တဲ့သူကိုတွေ့ခဲ့တယ်။ သူတို့ ဘက်ကရိုးသားပေမယ့်ဖေဖေကသမီးမေမေဖောက်
ပြန်တယ်ဆိုပြီးနှိပ်စက်ခဲ့တာ။အဲ့လိုနဲ့နောက်ဆုံးသမီး အမေထွက်သွားတော့တာပဲ။ နှစ်တွေအတော်ကြာတဲ့
အထိဖေဖေတို့နှစ်ယောက်လုံးအမှန်မမြင်နိုင်လို့သမီး
လေးဒီလိုပင်ပန်းရတာ။ ဖေဖေ့ရဲ့အမှားတွေပါကလေး ရယ်..ဖေဖေတောင်းပန်ပါတယ်"
YOU ARE READING
Meaning of Love
Fanfictionတစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခံသင့်တဲ့ သူတစ်ယောက်❀ တစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခ...