Meaning of Love ♥
သူမတို့ညစာစားဖို့ဟိုတယ်အောက်ထပ်ကစားသောက်
ဆိုင်တစ်ဆိုင်ကိုလာခဲ့သည်။ ဝိတ်တာလေးက စားစရာ တွေလာချပေးတော့ Jessicaလည်း Taeyeon
အတွက်အသားလှီးပေးလိုက်သည်။ Taeyeonက အစားစားချိန်ဆိုကလေးလေးလိုသူမလုပ်ပေးသမျှငြိမ်
ခံနေတတ်တယ်လေ။သူမစိတ်ကောင်းဝင်နေတဲ့အချိန် ဆိုရင်ပေါ့။"ရပြီစားတော့"
Taeyeon အသားတစ်ဖက်ယူစားလိုက်ပြီး
"အင်း..စားလို့ကောင်းတယ်"
"တော်ပါသေးတယ်။ ကြေးများတတ်တဲ့Taeyeon
နဲ့ကိုက်ပါ့မလားလို့"Taeyeon သူမကိုမျက်စောင်းလှမ်းထိုးလိုက်သည်။ပြီးတော့ပြန်စားနေလိုက်တယ်။ သူမလည်းသူမဘာ သာစားနေသည်။
Taeyeonကစားနေရင်းတစ်ဝက်လောက်အလိုမှာ
တစ်နေရာကိုကြည့်ပြီးလက်ထဲမှခက်ရင်းလွတ်ကျသွား
သည်။"Fany...(Whisper)"
တိုးတိုးလေးဆိုပေမယ့်သူမကြားဖြစ်အောင်ကြားလိုက်
သည်။ ချက်ချင်းသူမမျက်နှာမှာစိတ်ပူပန်မှုနဲ့ကြောက်ရွံ့
မှုအရိပ်အရောင်တွေသန်းလာပြီးTaeyeonကြည့်နေ
တဲ့နေရာကိုလှမ်းကြည့်လိုက်သည်။Oh! အဲ့ဒါတကယ်Tiffanyပဲ! သူမကလုံးဝငယ်ရုပ်
ပျောက်မသွားဘူး။အရပ်ရှည်ရှည်သွယ်လျလျခန္ဓာကိုယ်ုမှာကုတ်အရှည်ထပ်ဝတ်ထားပြီးဆံပင်ဂုတ်ဝဲလောက်ရှိ
တဲ့ကောင်မလေးတစ်ယောက်နဲ့ရီမောပျော်ရွှင်စွာစကား
ပြောနေသည်။ ကျွန်မTaeyeon ကိုလှမ်းကြည့်မိ တော့Taeyeonမျက်နှာမှာအံ့ဩမှု၊ နာကြည်းမှု၊ အလို
မကျမှု၊ ပျော်ရွှင်မှုတွေနဲ့ပြည့်နေသည်။ ကျွန်မသိပါ
တယ်Taeyeonအခုပျော်ကောင်းပျော်နေလိမ့်မယ်
ဆိုတာ။ သူမကိုထားသွားတာအရမ်းကြာခဲ့ပြီဆိုပေမဲ့ အစွဲအလန်းသိပ်ကြီးတဲ့သူ့နှလုံးသားကတော့ဘယ်
မေ့ပျောက်နိုင်ပါဦးမလဲ။ ကျွန်မမျက်ရည်မကျအောင် အတင်းကြိုးစားရင်းငုံ့ကာပန်းကန်ထဲမှအသားဖက်တွေ
ကိုအသက်မဲ့စွာယူစားနေမိသည်။ကျွန်မသူ့ကိုပြန်တွေ့ပြီ။ နောက်ဆုံးတော့ပြန်တွေ့နိုင်ပြီ။ မုန်းနေခဲ့ပေမယ့်တစ်ခါလောက်တော့ထပ်တွေ့ချင်မိခဲ့
တာ။ ကျွန်မနှလုံးသားရဲ့တစ်ထောင့်တစ်နေရာမှာတော့ သူမကခုထိနေရာယူထားသေးတယ်လေ။ ကျွန်မအ တော်ကြာမျက်တောင်မခတ်ငေးကြည့်နေမိတယ်။အမှတ်မရှိစွာနဲ့ပေါ့။ ဘယ်လောက်တောင်ကျွန်မ မိုက်မဲလိုက်သလဲ? ကိုယ်ရှေ့မှာချစ်သူတစ်ယောက် လုံးထားပြီးအခြားသူကိုငေးကြည့်နေမိတဲ့ကိုယ့်ကိုယ်
ကိုရွံမုန်းမိတယ်။
YOU ARE READING
Meaning of Love
Fanfictionတစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခံသင့်တဲ့ သူတစ်ယောက်❀ တစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခ...