Ep.24

1.7K 162 27
                                    

Meaning of Love ♥


ဟုတ်သည်...သူမ လန့်သွားရှာလိမ့်မပေါ့။ ရုတ်တရက်
ကြီးကိုယ့်ချစ်သူကအခန်းထဲမှာတခြားကောင်မလေး
တစ်ယောက်နဲ့နမ်းနေသည့်မြင်ကွင်းကိုမနက်စောစော တွေ့လိုက်ရတာလေ။

Taeyeon တွေးတွေးပြီး Jessica ကိုစိတ်ပူလာ
သည်။ အကြာကြီးငိုနေရင်ဘယ်လိုလုပ်မလဲဆိုပြီးလည်း စိုးရိမ်နေသည်။ Jessicaငိုရင်တော်ရုံမတိတ်တာ သူမအသိဆုံးလေ။ ချက်ချင်းသွားတွေ့ပြီးတောင်းပန် လိုက်ရမလား? ဒီတိုင်းပဲထားလိုက်ရမလား? ခေါင်း
ထဲမှာဝေခွဲမရတဲ့အတွေးတွေပလုံစီနေတာခေါင်းတစ်
ခုလုံးပေါက်ကွဲထွက်တော့မလို။

"Yah Kim Taeyeon! မပျော့ညံ့စမ်းနဲ့။ ငါအမြန် ဖျက်ဖို့သင့်ပြီ။ တစ်နေ့တစ်ခြားမျက်လုံးကအခြေအနေ ဆိုးလာနေပြီ။ အကြာကြီးတောင့်မခံနိုင်လောက်ဘူး"

Taeyeon တစ်ယောက်တည်းပြောပြောဆိုဆိုနဲ့
CEO Im ဆီကိုဖုန်းလှမ်းဆက်လိုက်လေသည်။

"Hello Mr.Im"

"အိုး Taeyeonပါလား။ ဖုန်းကိုမျှော်နေတာ။
ဘယ်လိုလဲစဉ်းစားပြီးပြီလား?"

"ကျွန်မ..Soo Yeonနဲ့လမ်းခွဲပေးမှာမို့သူ့ကိုအဲ့ဘက် ပါအောင်တော့ကိုယ့်ဘာသာကြည့်လုပ်ပါ။ ကျွန်မ
ဘက်ကအတတ်နိုင်ဆုံးတွန်းထုတ်မှာမို့ရှင်တို့သာရ
အောင်ဆွဲထားပါ"

"Wow ကြိုက်တယ်။ အဲ့လိုမျိုးကိုမှကြိုက်တာ။
ကိုယ်ချစ်တဲ့လူအတွက်ပြတ်သားနိုင်တဲ့မင်းရဲ့စိတ်
ဓာတ်ကိုသိပ်သဘောကျတယ်။ ဟား... ဟား"

"အပိုတွေသိပ်ပြောမနေပါနဲ့။ အဲ့ဒါတွေနားထောင်ဖို့
ကျွန်မမှာအချိန်မရှိဘူး။ Soo Yeon ကိုသာပျော်
အောင်ထားမယ်လို့ကတိပေးပါ။ သူမကိုစိတ်ရှုပ်စေ
မယ့်အကြပ်ကိုင်တာမျိုးတွေမရှိစေချင်ဘူး။ သူမကို ဖိအားပေးတာမျိုးတွေမလုပ်မိပါစေနဲ့။ အကယ်၍ အဲ့လိုသာဖြစ်ခဲ့ရင်ကျွန်မငြိမ်နေမှာမဟုတ်ဘူး!"

"မင်းအတော်ကိုစိတ်အပူလွန်နေတာပဲ။ စိတ်မပူပါနဲ့။
ငါ့တို့Yoongie ကသေချာပေါက်Sicaကိုပျော်အောင်
ထားမှာပါ။ သူကမင်းနဲ့မတူဘူးလေသိတယ်မလား?
ဟား... ဟား ပြီးတော့သူ့အနာဂတ်အတွက်Yoona ကဘယ်လောက်အထောက်အကူပြုစေမယ်ဆိုတာသိ
မယ်လို့ထင်ပါတယ်။ မင်းဘက်ကသာပြတ်ပြတ်သား
သားနောက်ဆုတ်ပေးရင်ကျန်တာငါတို့အပိုင်းထားပါ။ မင်းဒီရွေးချယ်မှုနဲ့ပတ်သတ်ပြီးနောင်တမရစေရပါဘူး။
ဟား... ဟား... ဟား"

Meaning of LoveWhere stories live. Discover now