Ep.5

3K 206 40
                                    

Meaning of Love ♥

Tae's POV>>

အချစ်?
ကျွန်မအတွက်အချစ်ဆိုတာသောက်နေကျကော်ဖီ
လောက်တောင်တန်ဖိုးမရှိဘူး။ ကျွန်မချစ်တဲ့လူမှန်
သမျှကျွန်မကိုစွန့်ခွာသွားခဲ့တယ်။ ကျွန်မအမေက
ကျွန်မကိုမချစ်တော့ဘူး။ အဲ့ဒါကျွန်မအဖေကြောင့်။ သူသာမေမေ့ကိုတကယ်ချစ်ခဲ့ရင်ဒီလိုတွေဖြစ်လာမှာ
မဟုတ်ဘူး။ ပထမဆုံးအချစ်ကိုအဖေ့ကြောင့်အထင် သေးခဲ့တယ်။ ဪ...အချစ်ဆိုတာဒီလိုကြီးလား ဆိုပြီးတော့ပေါ့။

နောက်တယောက်...ကျမဘဝရဲ့ပထမဆုံးနက်နက်
ရှိုင်းရှိုင်းချစ်ခဲ့ရတဲ့သူ။ သူမလည်းဒီတိုင်းပဲ။ သူမကြောင့် အချစ်ဆိုတာကြီးကိုရွံမုန်းသွားတဲ့ထိကိုဖြစ်ခဲ့ရတာ။လူတိုင်းကအချစ်နဲ့မတန်ဘူး။ အချစ်ဆိုတာလည်း ဘာတန်ဖိုးမှမရှိတဲ့အရာတစ်ခုပဲ။ အခါးဓာတ်မရှိတဲ့ ကော်ဖီလိုပဲ။ အရသာမရှိသလိုပေါ့ပျက်ပျက်နိုင်လွန်း
တယ်။အခုကျွန်မဆီမှာဘယ်သူမှမရှိတော့ဘူး။

အယ်...တစ်ယောက်တော့ကျန်သေးတာပေါ့။ခကျွန်မ သိပ်မြတ်နိုးကလေးလေး။ အမှန်တိုင်းပြောရမယ်ဆိုရင်
တော့သူမကိုချစ်တယ်။ ဒါပေမယ့်အဲ့အချစ်ကလည်း တန်ဖိုးရှိရဲ့လား? ခိုင်မြဲပါ့မလား?ကျွန်မတကယ်မသိ
ဘူး။ ကျွန်မရဲ့အချစ်တွေအကုန်လုံးလည်းသူမကိုပုံပေး မထားနိုင်ဘူး။တစ်နေ့ကျရင်သူမလည်းတခြားသူတွေ လိုထွက်သွားမှာပဲ။ ကျွန်မသိတာပေါ့လူတိုင်းကကျွန်မ
အချစ်ကိုကစားစရာထင်နေကြတာ။ အဲ့လိုတွေဖြစ်ပြီး နောက်ကျွန်မဘယ်သူ့ကိုမှချစ်တယ်လို့မပြောခဲ့ဘူး။
သူမကိုရောပဲ။ သူမအဲ့စကားသိပ်ကြားချင်နေမယ်ဆို
တာသိပေမယ့်မပြောခဲ့ဘူး။ သူမကတော့ကျွန်မကို သူမအသက်ထက်ချစ်တယ်ဆိုပဲ။ မယုံပါဘူး။ အချိန် တန်ရင်ကျမကိုထားပြီးသူအဆင်ပြေရာကိုသွားမှာပဲ။
သူလည်းလူပဲလေ။ ရူးသလိုလိုကြောင်သလိုလိုချုပ်
ချယ်လွန်းတဲ့ကျွန်မလက်ထဲမှာဘယ်လောက်တောင်
တင်းခံနေနိုင်မှာလဲ? ကျွန်မ,မသိဘူး။ သိလည်းမသိ
ချင်ဘူး။သူမ ထွက်သွားခဲ့ရင်ဆိုတဲ့အတွေးကခေါင်းထဲ မှာအမြဲစိုးမိုးနေတယ်။ စိတ်ပူတယ်..ကြောက်တယ်။ ဖြစ်နိုင်မယ်ဆိုအိမ်ထဲမှာပဲကြိုးတုပ်ပြီးထားလိုက်ချင်
တာ။

Meaning of LoveWhere stories live. Discover now