Meaning of Love ♥
"Taeyeon"
Tiffanyကသူမနာမည်က်ုခေါ်လိုက်ပေမယ့်သူမက
တော့မျက်စိရှေ့တည့်တည့်ကိုငေးကြည့်နေပြီး"ဘာလဲ? အခုလိုမြင်ရတော့စိတ်ပျက်တယ်မလား?
ငါ့အမေရဲ့အကြောင်းကိုတော့သိပြီးသားဖြစ်မှာပါ။
ငါ့လိုမျိုးရိုးမကောင်းတဲ့လူနဲ့မပတ်သတ်ချင်တာမ
ဆန်းပါဘူး။""ဟမ်..မျိုးရိုးမကောင်းတဲ့လူ??"
"မေ့သွားတာတော့မဖြစ်နိုင်ဘူးနော်?"
"ငါနားမလည်ဘူး။ နင်ဘာပြောတာလဲဆိုတာ?"
"အဲ့နေ့ကနင်ငါ့ကိုအဲ့Message ပို့ခဲ့တာလေ။ မေ့သွားပြီလို့တော့မငြင်းနဲ့။ ငါ့မျက်လုံးထဲအခုထိ
မြင်ယောင်နေတုန်းမို့"သူမTiffanyကိုမကြည့်ပဲပြောနေသည်။ အမှန်စင်
စစ်Tiffanyမှာလည်းသူမနားမလည်တဲ့အကြောင်း
အရာတစ်ခုအတွက်ဘယ်လိုဖြေရှင်းရမှန်းမသိပေ။"Message? ငါ့ဆီကလား?"
Tiffanyကတကယ်ကိုမသိတဲ့ပုံနဲ့ပြောနေသည်မို့
"ဟမ်? မသိတာလား? မေ့သွားတာလား?"
"အဲ့နေ့ကTaeyeon နင်မသိတာတွေအများကြီးဖြစ်
ခဲ့တယ်။ ငါဒီကိုဘယ်လိုရောက်လာခဲ့ရလဲဆိုတာတောင်
ဘယ်သူမှမသိဘူး"Taeyeon နားမလည်နိုင်ဖြစ်ကာ
"နင်ငါ့ကိုထားခဲ့တာလေ။ Messageလေးတစ်ခုနဲ့"
"ငါဘာမှမသိရပါလား?"
နှစ်ယောက်လုံးကြားမှာနားမလည်မှုတွေကြီးစိုးနေတာ ကြောင့်Tiffanyကပဲအရင်စကာအဲ့နေ့ကအကြောင်း
Taeyeon ကိုပြောပြလိုက်လေသည်။သူမစကားတွေ
ကြားကာTaeyeonမှာအထိတ်တလန့်ဖြစ်လျက်"မဟုတ်ဘူးလိမ်နေတာ! နင်ငါ့ကိုထားခဲ့တာFany!
တစ်ယောက်တည်းထားခဲ့တာ"Taeyeonသူမအဖြေကိုလည်းမစောင့်တော့ပဲပြော
တာကိုလည်းဆက်နားမထောင်တော့ပဲCompany
အပြင်ထွက်ကာJessicaကိုဖုန်းခေါ်လိုက်သည်။Jessicaကသူမထွက်လာတာမြင်ကတည်းကမျက်
ရည်များသုတ်ကာမသိချင်ယောင်ဆောင်ပြီးသူမဆီပြေး
လာသည်။ သူမငိုထားတာမြင်ရဲ့သားနဲ့မမေးပဲနေရင်
လည်းသူလိမ်တာသိသွားဦးမှာမို့

YOU ARE READING
Meaning of Love
Fanfictionတစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခံသင့်တဲ့ သူတစ်ယောက်❀ တစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခ...