Meaning of Love ♥
Taeyeon ဆိုင်ထဲဝင်လာပြီးတစ်ချက်ဝေ့ကြည့်
လိုက်တော့ကြိုရောက်နှင့်နေတဲ့CEO Imကလက်
လှမ်းပြတာကြောင့်အဲ့စားပွဲကိုသွားထိုင်လိုက်တယ်။"ဘာမှာဦးမလဲ?"
"ဘာမှမမှာတော့ပါဘူး။ ခေါ်ရတဲ့အကြောင်းကိုသာ
ပြောပါ။ ကျွန်မကဝေ့လည်ကြောင်ပတ်လုပ်တာကို
မကြိုက် ဘူး""အိုးဟိုးးး လျော့မတွက်သင့်တဲ့မိန်းကလေးပဲ"
"အခုပြောပါ။ ဘာကြောင့်တွေ့ချင်ရတာလဲ?"
"ဘာကိစ္စရှိရမှာလဲJessica ပဲပေါ့။ သိတဲ့အတိုင်း မင်းတို့တွဲနေတဲ့ကိစ္စလူတွေသိကုန်လို့အခုဘယ်
လောက်ကြပ်တည်းနေရလဲသိလား?""ဘာဖြစ်ချင်တာလဲသာပြောပါ"
"အင်းးး မင်းတို့လမ်းခွဲစေချင်တာ"
"စဉ်းစားပြီးမှပြောပါ။ Fanတွေလက်မခံဘူးဆိုရင်
တောင်သူဌေးဖြစ်တဲ့ရှင်ကညှိနှိုင်းပေးရမှာပါ။ အခု
တော့ဘာမှမတိုင်ပင်မဆွေးနွေးပဲလမ်းခွဲပေးပါဟုတ်
လား? ဒါကFanတွေအလိုရှိတာလား? ရှင်အလိုရှိ တာလား?""ဒီမယ်Kim Taeyeon မင်းကဝေ့လည်ကြောင် ပတ်လုပ်တာမကြိုက်ဘူးဆိုလို့တည့်တည့်ပဲပြောမယ်။ငါ့သမီးYoonaမင်းသိမှာပါ။ သူက Jessicaကို
သဘောကျနေတာလည်းသိမှာပေါ့။ အခုမင်းနဲ့တွဲနေ
တယ်လို့သတင်းထွက်လို့သာFanတွေကကန့်ကွက
်နေတာ။ Fanတွေကန့်ကွက်တော့မင်းသိပ်ချစ်ရတဲ့ Jessicaအတွက်တော့ခက်ခဲပြီပေါ့။ သူဒီပုံစံနဲ့ ဆက်ပြီးတော့ရပ်တည်နိုင်မယ်ထင်လား? အဲ့ဒါက ဘာကြောင့်လဲ? မင်းကြောင့်ပဲပေါ့ Kim Taeyeon ဆိုတဲ့မင်းနဲ့မဟုတ်ပဲငါ့သမီးYoonaနဲ့သတင်းသာ
ထွက်ရင်Fanတွေကအရမ်းကိုဝမ်းသာအားရလက်ခံ
ပေးကြမှာ။ ဘာလို့လဲ? ငါ့သမီးမို့လို့ပေါ့။New Star Entertainment ရဲ့တစ်ဦးတည်းသောသမီး။ သူကSicaကိုအထောက်အပံ့သေချာပေါက်ဖြစ်စေ
မှာမို့Fanတွေကလည်းလက်ခံလိမ့်မယ်။ ဘာလို့ဆို
Fanတွေကငတုံးမဟုတ်လို့လေ...ဟားဟားဟား"Taeyeonဒေါသအတော်ထွက်ပေမယ့်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာဆက်နားထောင်နေသည်။သူပြောတာလည်းမှန်နေသည်မဟုတ်လား။Yoona သာဆိုရင်Jessicaဘဝကိုမြှင့်တင်ပေးနိုင်တယ်လေ။သူကမကြာခင်မျက်စိကွယ်တော့မယ့်ရောဂါသည်တစ်
ယောက်။ သူJessica ကိုဘယ်လိုအထောက်အပံ့ ပေးနိုင်မှာလဲ? Jessicaအတွက်ဝန်ထုတ်ဝန်ပိုးတစ်
ခုသာဖြစ်နေမှာလေ။
BINABASA MO ANG
Meaning of Love
Fanfictionတစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခံသင့်တဲ့ သူတစ်ယောက်❀ တစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခ...