Meaning of Love ♥
Jessicaပြန်ရောက်တော့Taeyeonရောက်နှင့်
နေတာတွေ့သည်။"Taeyeon ဒီနေ့ပြန်လာတာစောသားပဲ"
"ပြောစရာရှိလို့အခန်းထဲလိုက်ခဲ့"
ပြောပြီးထထွက်သွားတဲ့Taeyeonနောက်ကိုသူမ
ယောင်တောင်တောင်နဲ့လိုက်လာလေသည်။ အခန်း ထဲရောက်တော့Taeyeonခုံမှာထိုင်လိုက်ပြီးအေး
ဆေးတည်ငြိမ်စွာ"ငါတို့လမ်းခွဲရအောင်"
"ဘယ်လို? Taeyeon-ah~ Sicaအဲ့လိုတွေမ
ပြောဖို့ပြောထားတယ်လေ!"
"စိတ်ပျက်လာတယ်။ ကြာတော့မင်းကိုတကယ်ကို စိတ်ပျက်လာတယ်"
"တ..တကယ်ပြောနေတာလားTaeyeon?"
"ဟုတ်တယ်! မင်းကိုကြည့်လေ။ အခုနောက်ပိုင်းဆို အလုပ်တွေများတာနဲ့ဘယ်မှာငါ့ကိုအချိန်ပေးနိုင်လဲ?အပြင်သွားတော့လည်းငါ့မှာမင်းကြောင့်လွတ်လွတ်
လပ်လပ်မနေရဘူး။ ငါ့အတွက်အချိန်ပေးဖို့မရှိတဲ့ လူနဲ့ဘယ်လိုကြာရှည်တွဲမလဲ?""လိမ်တယ်"
"ဘာ!"
"ဖြစ်နိုင်လားစဉ်းစားကြည့်? ဒီအလုပ်ကTaeyeon
ကိုအချိန်မပေးနိုင်မှန်းလည်းသိတယ်။ ဒါပေမယ့်ဆက်
လုပ်ဖို့ပြောခဲ့တာTaeyeonပဲ! အခုကျတော့အချိန်
မပေးနိုင်လို့လမ်းခွဲမယ်? Taeyeon-ah ငါကလေ နည်းနည်းတော့ကြောင်ပေမယ့်အရူးတော့မဟုတ်ဘူး။သိသင့်သလောက်သိတယ်။ ကလေးလည်းမဟုတ်တော့ ဘူး။ Yoonaကြောင့်လို့ပြောဦးမလား? အဲ့လိုဆိုရ အောင်လည်းငါသူနဲ့အလုပ်ကိစ္စကလွဲလို့အပြင်မှာမ
တွေ့ဘူး။ အခုနောက်ပိုင်းတမင်ကိုရှောင်ထားတာ။Taeyeon အထင်လွဲမယ့်ကိစ္စမဖြစ်အောင်လို့လေ။ဒါပေမယ့်ဘာလို့လဲ? Sicaအခုအရမ်းပင်ပန်းနေပြီိ။
အဲ့ဒါကိုTaeyeon ကပါဒီလိုလုပ်မှဖြစ်မှာလား??
Sicaပင်ပန်းပြီးပြန်လာတဲ့အချိန်အိမ်မှာTaeyeon
ရှိတယ်ဆိုတဲ့စိတ်နဲ့တင်အမောပြေရတယ်။ Taeyeon
ကိုမြင်လိုက်ရင်ပင်ပန်းတာကိုအကုန်ပျောက်သွားတဲ့
လူပါ။ အဲ့ဒါကိုဘာလို့...?"

YOU ARE READING
Meaning of Love
Fanfictionတစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခံသင့်တဲ့ သူတစ်ယောက်❀ တစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခ...