Meaning of Love ♥
Taeyeonဖုန်းချပြီးတော့ဗီဒိုကိုဖွင့်လိုက်သည်။
ဗီဒိုရဲ့ဒေါင့်အကန့်လေးကိုဆက်ဖွင့်လိုက်တော့အဖြူ
ရောင်ဂီတာလေးတစ်လက်မှာပုံမပျက်ပဲရှိနေသည်။
Taeyeonထိုဂီတာလေးကိုလက်ဖြင့်ပွတ်သပ်ရင်း"အကြာကြီးပစ်ထားမိတာတောင်းပန်ပါတယ်"
ခဏကြည့်နေပြီးတော့စနစ်တကျပြန်ပိတ်ကာ
"ဗိုက်တောင်ဆာလာပြီ။ ခုနကSoo Yeonကို
ဆန်ပြုတ်တိုက်ပြီးကိုယ်စားဖို့မေ့နေတာငါ့နှယ့်"Taeyeonအိပ်ပျော်နေတဲ့Jessicaကိုတစ်ချက်
ကြည့်ကာအောက်ထပ်ကိုဆင်းလာခဲ့တယ်။"အဒေါ်ကြီး~ Taeအတွက်ညစာပြင်ပေးပါ"
"အခုထိမစားရသေးဘူးလား?"
Taeyeon ဂုတ်ကိုလက်ဖြင့်အသာပွတ်ရင်း
"ဟုတ်တယ်။ Soo Yeonစားနေတာနဲ့မေ့သွားတာ"
"Arrasow...ခဏထိုင်စောင့်နေပါ"
Taeyeonခုံမှာဝင်ထိုင်ရင်းအဒေါ်ကြီးထမင်းပြင်ပေး
တာကိုစောင့်နေလိုက်သည်။ ထမင်းပြင်ဆင်ပြီးတော့
သူမဗိုက်ဆာဆာနဲ့စားတော့သည်။ အဒေါ်ကြီးလည်း
သူ့အလုပ်သူပြန်လုပ်နေတယ်။ သူမစားပြီးတော့ရေ သောက်ရန်ထမင်းပန်းကန်ဘေးမှာချထားတဲ့ရေခွက်
ကိုယူဖို့လက်လှမ်းလိုက်သည်။ အဲ့အချိန်ခွက်ကိုသူမ
မျက်လုံးထဲမမြင်တော့ပဲဝေဝါးနေသည်။ သူမလည်း
ရမ်းသန်းပြီးလှမ်းယူလိုက်ရာခွက်ကိုမကိုင်မိပဲတိုက်မိ
သလိုဖြစ်ပြီးကျကွဲသွားသည်။ စိတ်လည်းတိုသွားပြီး"What the f*ck!!!"
အဒေါ်ကြီးလည်းအသံကြားတာကြောင့်သူမနားအမြန်
လာကာ"ခွက်ကျကွဲသွားတာပဲငြိမ်ငြိမ်နေပါ။ အဒေါ်ကြီး
လုပ်လိုက်မယ်"Taeyeonရုတ်တရက်စိတ်တိုကာမျက်ရည်များကျ
လာသည်။ ကိုယ့်ကိုယ်ကိုအားမလိုအားမရဖြစ်နေ
သည်။ အဒေါ်ကြီးမှာသူမမျက်ရည်များကျလာတာ
တွေ့တော့လန့်သွားကာ"အဆင်ပြေရဲ့လားမမလေး? ထိမိသွားတာလား?"
"မထိမိဘူး အဒေါ်ကြီး။ အဆင်ပြေတယ်"
YOU ARE READING
Meaning of Love
Fanfictionတစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခံသင့်တဲ့ သူတစ်ယောက်❀ တစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခ...