Maening of Love ♥
Taeyeonရင်ခွင်ထဲမှသူအရမ်းချစ်ရတဲ့သူမကို
တစိမ့်စိမ့်ကြည့်နေမိသည်...။
ဒီမျက်နှာလေး..ဒီအပြုံးလေး..ဒီနှုတ်ခမ်းလေးတွေ
ကိုသူမထပ်မပိုင်ဆိုင်တော့ဘူးလေ...။
သူမအတွက်ဆိုချစ်တယ်ဆိုတဲ့စကားကအရမ်းကို
ပေါ့လွန်းနေသေးတယ်လို့ထင်မိတယ်...။
ချစ်တာထက်ပိုပြီးတော့ကိုချစ်ခဲ့တာလေ...။
မြတ်နိုးတန်ဖိုးထားခဲ့ရတဲ့ရွှေစင်ရုပ်လေးပေါ့...။
အမြဲတမ်းအနားမှာရှိပေးပါမယ်ဆိုတဲ့ကတိကို
လက်တွေ့မှာသူမ မတည်နိုင်တော့ဘူး...။
အဲ့တာကြောင့်သူမ ကတိတွေမပေးချင်ခဲ့တာ...။
ကတိပေးတာထက်ဖြစ်အောင်လုပ်ပြတာကပို
ကောင်းတယ်မဟုတ်လား...။
အကြောင်းအမျိုးမျိုးကြောင့်ကတိဆိုတာပျက်နိုင် တယ်လေ..အခုဒီလိုမျိုးပေါ့...။Jessicaကိုယ်လေးလှုပ်လာတာကြောင့်Taeyeon
မျက်စိကိုအမြန်ပြန်မှိတ်လိုက်သည်။ ထင်တဲ့အတိုင်းပဲ
သူမ နိုးလာလေသည်။ သူမလည်းချက်ချင်းမထသေးပဲ
Taeyeonကိုကြည့်နေသည်။ပြီးတော့နှုတ်ခမ်းပေါ်ကိုနှုတ်ခမ်းတစ်စုံလာထိကပ်တာ
ကိုTaeyeonခံစားမိလိုက်သည်။ ချိုမြိန်လှတဲ့မနက် ခင်းရဲ့အနမ်းလေးတွေကိုပြန်တုံ့ပြန်ချင်တဲ့စိတ်ကိုသူမ
ထိန်းထားလိုက်တယ်။ တော်တော်နဲ့ရပ်မသွားတဲ့အနမ်း
ကြောင့်Taeyeonလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်
ပြီးတောင့်ခံထားရသည်။ အတော်မနေနိုင်တော့တာ
ကြောင့်နည်းနည်းလှုပ်လိုက်မှJessicaအနမ်းရပ်
သွားတယ်။ သူမမျက်လုံးကိုဖြည်းဖြည်းဖွင့်ကြည့်ပြီး"Awwn Sica~"
Jessicaကတော့ဘာမှမလုပ်ထားသည့်ပုံနှင့်
"နိုးပြီလား~ခေါင်းမူးနေလားဟင်?"
အိုး..သူမဒီကောင်မလေးရဲ့မနက်ခင်းလေးကိုဖျက်ဆီး
ရတော့မည်။"ငါမနေ့ကအတော်မူးနေတာဘာမှမမှတ်မိတော့ဘူး။ဘာကိစ္စမှမရှိဘူးမလား?"
"တကယ်မူးနေလို့ကိုး (Whisper)"
"Wae?"
"အာ...ဘာမှမဖြစ်ပါဘူး။ အတူအိပ်ဆိုလို့အိပ်ပေးတာ"
YOU ARE READING
Meaning of Love
Fanfictionတစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခံသင့်တဲ့ သူတစ်ယောက်❀ တစ်ခါတစ်လေမှာ ကိုယ့်လက်ထဲမှာ သူပင်ပန်းနေရတာထက် သူများလက်ထဲမှာ သူပျော်နေတာလေးက ပိုကောင်းပါတယ်။ သူမဟာတကယ်တော့ အချစ်ခ...