ကြယ်ငါးပွင့် Hotelတခုက Dining Roomထဲမှာ ဂုဏ်သရေရှိ လူကြီးလူကောင်း နှစ်ဦးနဲ့အတူ သူတို့ရဲ့ ပါရမီဖြည့်ဖက် နှစ်ဦးလည်း ညစာ စားနေကြသည်။ အရပ်ရှည်ရှည်နဲ့ လူကြီးက ၀ိုင်ခွက်ကို ကိုင်ကာ ၀ိုင်အနည်းငယ်ကို မော့လိုက်ပြီး
"ငါတို့ ငယ်ငယ်တုံးက ထားခဲ့တဲ့ ကတိကို မှတ်မိရဲ့လား Taeyeon....."
အသားတုံး လှီးနေရင်း Taeyeonဆိုတဲ့ လူကြီးက ပြန်ဖြေလိုက်သည်။
Taeyeon ~~~~ မှတ်မိတာပေါ့ Sooyoung.....
Sooyoung ~~~~ ဒါဆို အချိန်တန်ပြီလို့ ငါထင်တယ်.....
Taeyeon ~~~~ ommmm မင်းရဲ့သားက အခုဆို ကျောင်းပြီးလို့ မင်းရဲ့ companyထဲ ၀င်နေပြီ ဆိုပေမယ့် ငါ့သမီးကတော့ ကျောင်းမပြီးသေးတဲ့အပြင်..... သူက.....
Sooyoung သူ့ရဲ့ မျက်မှန်ကို ပင့်လိုက်ရင်း
Sooyoung ~~~~ သူက ဘာဖြစ်လို့လည်း....
Taeyeon ~~~~ ယောင်္ကျားစိတ် ၀င်နေတယ်......
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Seohyun.. .... သမီးရေ ထတော့....."
အဲ့ဒီ သမီးဆိုတဲ့ နာမ်စားကို ကျွန်တော် တော်တော်မုန်းတယ်ဆိုတာ Omarသိရင် ကောင်းမှာဘဲ.. ..Omarကို သမီးလို့ခေါ်လို့ စိတ်ကောက်နေတယ်ဆိုတာကို Omarသိအောင်လို့ မထဘဲ ပေတေအိပ်ပြနေလိုက်တယ်.... အဲ့ဒီအခါမှဘဲ Omarလည်း ကျွန်တော် စိတ်ကောက်နေတာသိပြီး
"Seo Juhyuk.. ... ထတော့နော် ကျောင်းနောက်ကျလိမ့်မယ်....."
ကျွန်တော် အကြိုက်ဆုံး နာမည်ကို ခေါ်လို့ အိပ်ရာမှ ထပြီး Omarရဲ့ ပါးနှစ်ဖက်ကို နမ်းလိုက်တော့
"ငချွဲလေး သွားပါ မျက်နှာလည်း မသစ်ရသေးဘဲ လာနမ်းနေတယ်...."
"Omarက ကျွန်တော်နမ်းတော့ကျ မျက်နှာမသစ်ရသေးဘဲလေး ဘာလေးနဲ့ Appaနမ်းတော့ကျ😏😏"
"ဘာတွေပြောနေတာလည်း ဒီကလေးကတော့နော်😒 သွား မျက်နှာသွားသစ်ချည် ကျောင်းသွားဖို့ ပြင်ဆင်ပြီးရင် အောက်ဆင်းခဲ့တော့ Omar breakfast ပြင်ပြီးသွားပြီ...."
"Nae Omar..."
ကျွန်တော်လည်း ရေချိုးပြီး အောက်ကို ဆင်းလာပြီး ထမင်းဝိုင်းထဲ ၀င်ထိုင်လိုက်တယ်....
"Morning Appa, Morning Bae Chuလေး...."
"Morning Oppa...."
Bae Chuလေးရဲ့ Oppaဆိုတဲ့ စကားကြောင့် ကျွန်တော် ကျေနပ်ပြီး ပြုံးဖီးဖီးဖြစ်နေချိန် Appaက ဖတ်နေတဲ့ သတင်းစာကို ခေါက်ပြီး ချောင်းဟန့်လိုက်တယ်....
"အဟမ်း.... Seohyun...."
"Seo Juhyuk ပါ Appaရာ...."
"Seo မ Juhyuk ဘူး Seohyunဘဲ ထပ်ပြီး complain မတက်နဲ့.... Joo Hyunလေးကို ကြည့်စမ်း Seohyun.. .. မိန်းကလေးပီပီသသနဲ့ ဘယ်လောက် ချစ်ဖို့ကောင်းလည်း.... "
Appaရဲ့ စကားကြောင့် ကျွန်တော်လည်း ပန်းရောင် ဂါဝန်လေးနဲ့ မနက်စာစားနေတဲ့ Bae Chuလေးကို ကြည့်ပြီး
"ဟုတ်ပါ့ Appaရယ် ချစ်ဖို့ကောင်းလိုက်တာ ကျွန်တော့်ရဲ့ ညီမလေး ဖြစ်နေလို့ မဟုတ်ရင် ခွက်မိမှာ သေချာတယ်.. ..."
"ခွပ်...."
အဲ့အသံက ဘယ်ကလာတယ် ထင်လည်း Appaရဲ့ ဇွန်းက ကျွန်တော့်ရဲ့ ခေါင်းပေါ် ရောက်လာတဲ့ အချိန် ခွပ်ဆိုတဲ့ အသံနဲ့ အတူ အီစလံဝေသွားတယ်..... ကျွန်တော် ခေါင်းလေးကို ပွတ်နေတော့ Omar က စိတ်မကောင်းဖြစ်သွားပုံရတယ်
"Tae Taeရယ် ဖြည်းဖြည်း ခေါက်ပါ Seo Juhyuk လေး ခေါင်းပေါက်သွားပါအုံးမယ်...."
"Fany yrr မင်းကပါ Seo Juhyuk ပြောနေတာလား......"
"မှားလို့ ယောင်သွားလို့ Seohyun...."
"Omar......"
"တော်ပြီဟေ့ တော်ပြီ ဘယ်သူ့ဘက်ကမှ ၀င်မပြောတော့ဘူး ကိုယ့်ဘာသာကိုယ်ဘဲ ထမင်းစားတော့မယ်.... "
Fanyလည်း သားအဖနှစ်ယောက်ကြား ၀င်မပါဘဲ သူ့သမီးအငယ်မလေးထဲကို ဟင်းဖက်တွေ ထည့်ပေးနေလိုက်သည်။ Taeyeonလည်း ဖန်ခွက်ထဲက ရေကို သောက်လိုက်ပြီး
"Seohyun......Appaပြောတာကို သေချာ နားထောင်.... သမီးအရွယ်က ငယ်တော့တာ မဟုတ်ဘူး...."
Seohyun သူ့ကို သမီးလို့ ခေါ်တာ မကြိုက်ပေမယ့် Taeyeonရဲ့ ဇွန်းကို ကြောက်လို့ ဘာမှ မပြောဘဲ Taeyeonပြောတာကို စိတ်ဝင်စားတာလိုလို မ၀င်စားတာ လိုလိုနဲ့ နားထောင်နေသည်။
"ဒီနှစ်ပြီးရင် ကျောင်းပြီးပြီ အသက်ကလည်း ၁၈ကျော်နေပြီ စဉ်းစား တွေးခေါ်တတ်တဲ့ အရွယ်ရောက်နေပြီလေ အခုလို .. ...."
"Appaကလည်း Amberတောင် ကျောင်းပြီးရင် Krystal နဲ့ ယူတော့မှာတဲ့ ကျွန်တော်လည်း......"
"တိတ်စမ်း.. ......"
Taeyeonရဲ့ အော်သံကြောင့် သူတို့ သားအဖကြားထဲ ၀င်မပြောတဲ့ Fanyတို့ သားအမိ နှစ်ယောက် လန့်ရုံသာမက ဆိုဖာ ပေါ်မှာ မိန့်မိန့်ကြီး အိပ်ပျော်နေကြတဲ့ Princeနဲ့ Princessတို့ မောင်နှမတောင် လန့်နိုးလာကြပြီး ထမင်းစားခန်းထဲ ၀င်လာကာ Taeyeonကို ကြည့်နေကြသည်။
Fanyလည်း Taeyeonကို လက်တို့ပြီး princeတို့ကို လက်ညှိုးထိုးပြတော့
"Sorry ကလေးတို့ မင်းတို့ အိပ်နေတာကို Appa မေ့သွားတယ် Appaရဲ့ Volume လျှော့လိုက်မယ်နော်....."
Princeတို့လည်း Taeရဲ့ စကား နားလည်ဟန်တူပါတယ် လှည့်ထွက်သွားကြသည်။ Princeတို့် ထွက်သွားမှ Taeyeonလည်း စကားဆက်ပြောသည်။
"အဲ့ Amberကို ပြောပြန်ပြီလား Appa ဘယ်နှခါပြောရမလည်း Amberနဲ့ သိပ်မပေါင်းပါနဲ့ဆိုတာကို " (ဇာတ်လမ်းအရရေးတာနော်😁😁)
"Appaကလည်း Amberနဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက ပေါင်းလာတာကို......"
"ကျွတ် Vic Omarကို ပြောရအုံးမယ်...... Amberအတွက် သတို့သားလောင်းရှာပေးဖို့....."
"Tae Taeရယ် ကိုယ့်သမီးကို လက်ထပ်ပေးဖို့ စီစဉ်ရုံတင် အားမရဘူး သူများ သမီးကိုပါ လက်ထပ်ပေးဖို့ တိုက်တွန်းမလို့လား......"
Omarရဲ့ စကားကြောင့် ကျွန်တော့်ရဲ့ လက်ကကိုင်ထားတဲ့ ဇွန်းတောင် လွတ်ကျပြီး
"Omar...... ခုန ဘာပြောတာလည်းဟင်.. ..."
"ဟုတ်တယ် Seohyun မင်း Omarပြောသလိုဘဲ Appa မင်းရဲ့ လက်ထပ်ပွဲအတွက် စီစဉ်ထားတယ်......"
"Appa..... ကျွန်တော် လက်မထပ်ချင်ဘူး..... အထူးသဖြင့် ကောင်လေး တယောက်ကိုပေါ့....."
"လက်မထပ်ချင်ဘူးပြောလို့ မရဘူး Kim Seohyun.. .... မိန်းကလေး နဲ့ ယောင်္ကျားလေး လက်ထပ်ရတာက သဘာဝဘဲ သဘာဝကို မလွန်ဆန်ချင်ပါနဲ့ ပြီးတော့ Appaတို့ လူကြီးချင်း ကတိပေးထားတာ မျက်နှာမပျက်ချင်ဘူး......"
ထမင်းစားလို့ ပြီးမှ Bae Chuတယောက် ခေါင်းထောင်လာပြီး
"Oppaက လက်ထပ်ရတော့မယ်ပေါ့....."
"Kim Joo Hyun.... လာပြန်ပြီ Oppa....."
"😁 unnie"
"Appaတို့ ကတိပေးထားရင်လည်း ကျွန်တော် တယောက်တည်း မွေးထားတာမှ မဟုတ်တာ Bae Chuရှိသေးတယ်လေ သူနဲ့ ပေးစားလိုက်ပေါ့......"
"သူက ငယ်သေးတယ်လေ ခုမှ first yearဘဲ ရှိသေးတယ်......"
Fanyကတော့ ဘာမှဝင်မပြောဘဲ နားထောင်နေတာကြောင့် Seohyunက Fanyကို စစ်ကူခေါ်ပြီလေ
"Omar...... Omar.... ပြောပေးပါအုံး Appaကို 😣😣😣"
"Fany..... ဒီတခါ ကိုယ်စီစဉ်တဲ့ ကိစ္စကို မင်း ဘာမှဝင်မပြောပါနဲ့နော်..... သူအခုလို ယောင်္ကျားစိတ် ၀င်နေတာကလည်း မင်း အလိုလိုက်ထားလို့လည်း ဖြစ်တယ်....."
"ကျွန်တော် လုံးဝ လက်မထပ်နိုင်ဘူးနော်.... ဇွတ်အတင်း ပေးစားမယ်ဆိုရင့် အိမ်ပေါ်က ဆင်းသွားမှာဗျာ့ ........"
"အေး ရတယ်လေ မင်း လက်မထပ်ချင်ဘူးဆိုရင် အိမ်ပေါ်က ဆင်းမယ်ဆိုရင် အခုမင်း ၀တ်ထားတဲ့ အင်္ကျီတွေ နာရီတွေ အကုန်ချွတ် ငါဆင်ပေးထားတာတွေ မယူနဲ့....."
'မယူဘူး Omar ၀ယ်ပေးထားတာတွေဘဲ ယူမှာ...."
Omar၀ယ်ပေးထားတာတွေဘဲ ကျွန်တော် ယူမယ်သာ ပြောနေသော်လည်း Omar ၀ယ်ပေးထားတာတွေ မျက်လုံးထဲ ပြန်မြင်ယောင်ကြည့်တော့ ပန်းရောင် ဂါဝန်တွေ စကတ်တွေသာ များသည်။
"အေး ယူသွား ပြီးတော့ မင်းရဲ့ ငွေကဒ်တွေ အကုန်ပိတ်မယ် ပြိုင်ကားလည်း သိမ်းမယ် မင်းကို လုပ်ပိုင်ခွင့်တွေပေးထားတာတွေ အကုန်လုံး သိမ်းမယ် ပိတ်မယ် အဲ့ဒါအပြင် အခု မင်း အိမ်ပေါ်က ဆင်းသွားတာနဲ့ သတင်းစာမှာ ချက်ချင်း အမွေဖြတ်စွန့်လွှတ်ကြောင်း ကြော်ငြာမယ်....."
Taeyeon စကားလည်း ဆုံးရော Bae Chuတယောက် ၀မ်းသာအားရနဲ့
"ဒါဆို Appaတို့ သေရင် အမွေတွေကို သမီးတယောက်တည်း ရမှာပေါ့နော်....."
"ဒါပေါ့ Bae Chuလေးရဲ့....Kim Company ရော Hwang company ရော အကုန် Baechu ဘဲရမှာ"
"Appa...... 😒😒😒😒😒"
"Appaမနေနဲ့ သေချာစဉ်းစားပီး ညနေ ကျောင်းက ပြန်လာရင် အဖြေပေး လက်မထပ်ချင်ဘူးဆိုရင်တော့ ဂျောင်းပေါ့...."
"Nae Appa ကျောင်းသွားပါတော့မယ်....."
အားမရှိတဲ့ လေသံဖြင့် သူ့Appaတို့ကို နှုတ်ဆက်စကားပြောပြီး ကျောင်းကို စိတ်ပျက်လက်ပျက်နဲ့ ထွက်လာလိုက်သည်။*YoonHyun Ficလေး သိပ်မရှိလို့ ဒီတခါ အာရုံထဲပေါ်လာတဲ့ Ficလေးကို YoonHyun ရေးလိုက်တာ😁ဆက်စပ်ကြည့်လိုက်ရင် ကျွန်တော် စရေးခဲ့တဲ့ "အချစ်စစ်ရဲ့ လမ်းက ကြမ်းသော်လည်းရဲ့ ဒုတိယအပိုင်းပေါ့😁😁 ဒါပေမယ့် ဟိုficမှာ Taeတို့က အရင် ကိုယ်ဝန်ရတော့ ဆက်စပ်လို့လည်းမရဘူး😁*