သတို့သားနဲ့ သတို့သမီး နမ်းနိုင်ပြီဆိုတဲ့ Fatherရဲ့ စကားကြောင့် ကျွန်တော် လန့်သွားတယ်....Amberဆိုတဲ့ လဒလေးကလည်း လက်ခုပ်တီးပြီး နမ်းပါ နမ်းပါနဲ့ အားပေးနေတယ်ဆိုတာလေ.... မနမ်းရဘူးနော်ဆိုပြီး အသံတိုးတိုးလေးနဲ့ ပြောနေတာကိုလည်း ဟိုလူကြီး မကြားချင်ယောင်ဆောင်ပီး ကျွန်တော့်နားလေး တိုးလာတဲ့ အပြင် ခါးကို ဖက်ပြီးတောင် ကျွန်တော့်ကို နမ်းလိုက်သေးတယ်...... ကုန်ပါပြီ ပါသွားပြီ ကျွန်တော့်ရဲ့ တန်ဖိုးရှိတဲ့ First Kissလေး..... ဟိုလူကြီးလည်း နမ်းလိုက်ရော Amberနဲ့ Bae Chuတို့ အော်နေကြတာများ စီးထားတဲ့ ဒေါက်ဖိနပ်နဲ့ ပေါက်ချင်စိတ်တွေ ပေါ်လာတယ်......အခုထိ နမ်းလို့ မပြီးသေးလို့ ကျွန်တော်လည်း စိတ်တိုပြီး ဟိုလူကြီးရဲ့ နှုတ်ခမ်းကို ကိုက်လိုက်မှ နာပြီး နမ်းတာ ရပ်သွားတော့တယ်....... ဧည့်သည်တွေကို လိုက်နှုတ်ဆက်ပြီး မင်္ဂလာဓာတ်ပုံ ရိုက်တော့လည်း ဟိုလူကြီး အသားယူတယ်ဆိုတာလေ ဟန်ဆောင်လက်ထပ်ထားတာကို မေ့ချင်ယောင်ဆောင်နေသလားဘဲ..... ပါးလေးကိုင်လိုက် နဖူးလေးနမ်းလိုက် နောက်ကနေ ခါးလေးကို သိုင်းဖက်လိုက်နဲ့......သူ့ကိုကိုင်ပေါက်ချင်စိတ်တွေ တစ်ဖွားဖွားပေါ်လာတယ် ....Appaတို့ ကြည့်နေလို့ စိတ်ထိန်းထားရတယ်.. .. ဓာတ်ပုံရိုက်ပြီးနောက် ပန်းစည်းကို လှမ်းပစ်လိုက်တော့ Bae Chuလေးရသွားတယ် Amberကတော့ သူ့ဘက်ကို
မပစ်ပေးရလားဆိုပြီး ကျွန်တော့်ကို ရန်ထောင်နေတယ်လေ.
"Yrrrr မင်း ဘာလို့ ငါ့ဘက်ကို ပန်းစည်းပစ်မပေးတာနဲ့....."
"ငါက မင်းတို့ကို ကျောပေးပြီး ပစ်လိုက်တာလေ ဘယ်သိမှာလည်း......"
"ငါက လိုချင်လို့ပါဆို....."
"နောက်နေ့ကျ မင်း အိမ်ရှေ့ ပန်းစည်းတွေ လာပစ်ပေးမယ် သက်လား😒😒😒😒"
မင်္ဂလာပွဲပြီးနောက် နှစ်ဖက်မိဘတွေကို ကန်တော့ပြီး ဟန်နီးမွန်းထွက်ဖို့ဆိုပြီး Appaတို့ စီစဉ်ပေးထားတဲ့ ဂျယ်ဂျူ ကျွန်းကို သွားကြတယ်.....
လေဆိပ်ကို လိုက်ပို့ပေးတဲ့ Driver က Appaရဲ့ လူယုံတော်ဆိုတော့ သူမကြားအောင် ကျွန်တော့်ဘေးနားကနေ ထိုင်လိုက်လာတဲ့ ဟိုလူကြီးနားကပ်ပြီး တိုးတိုးလေး ရန်ထောင်လိုက်သည်။
"Yrrr..... နင်နဲ့ငါက ဟန်ဆောင်လက်ထပ်ထားတာနော် ဘာလို့ ခုနက ငါ့ကို တကယ်နမ်းတာလည်း....."
သူကလည်း ကျွန်တော့်အနားလေး ကပ်ပြီး
"ကိုယ်တို့ ဟန်ဆောင်တာ ပီပြင်အောင်ပါ...."
ကျွန်တော့်လည်း သူ့အနား ပြန်ကပ်ပြီး
"ဆန်းကြယ်တာ အံ့သြပါ့.. ..."
သူကလည်း ကျွန်တော့်အနား ပြန်ကပ်လိုက်ပြီး
"ဟုတ်တယ်လေ မနမ်းဘူးဆိုရင် လူကြီးတွေက သတိထားမိမှာပေါ့...."
Driver ဦးလေးကြီး ကြားမှာဆိုးလို့ နားနားလေး ကပ်ပြီး တိုးတိုးလေးပြောတာကို ဦးလေးကြီးက ဘယ်လိုထင်သွားလည်း မသိ ကားမှန်ထဲကနေ ချောင်းကြည့်နေတယ်..... ခဏကြာတော့ Appa သူ့ဆီ ဖုန်းဆက်တယ်ထင်ရ....
"Nae ဥက္ကဌကြီး ခု လေဆိပ်နားလေး ရောက်နေပါပြီ...... မမလေးတို့လား အဆင်ပြေပါတယ်.. .... သူတို့တွေ ကြည့်ရတာ တယောက်နဲ့ တယောက် အရမ်းချစ်ကြပုံရတယ် ကားထဲမှာတောင် တယောက်မျက်နှာနားက တယောက် မခွာကြဘူး....."
Driver ဦးလေးရဲ့ စကားကြောင့် ကျွန်တော်လည်း ဟို လူကြီးနဲ့ ခပ်ခွာခွာ ထိုင်လိုက်တယ်......လေဆိပ်ရောက်တော့လည်း ကျွန်တော်တို့ အထဲဝင်တဲ့ အထိ ရပ်ကြည့်ပြီး Appaကို သတင်းပို့နေတယ်.... ဟိုလူကြီးကလည်း အသားယူလိုက်တာ ပြောမနေနဲ့ ခုလည်း ကျွန်တော့်ရဲ့ ပခုံးကို ဖက်ထားတယ်လေ.......
✂✂✂✂✂✂✂✂
ညနေ ၆ နာရီလောက်ကျ ဂျယ်ဂျူ ကို ရောက်လာတယ်.....ဟိုလူကြီးရဲ့ အဖေပိုင်တဲ့ Hotelမှာ ဘိုကင်လုပ်ထားတယ်တဲ့လေ..... အဲ့လူကြီးတို့ Hotelကို ရောက်တော့ Bell Boyတွေရော Receptionist တွေရော ပြာပြာသလဲနဲ့ ကျွန်မတို့ကို ကြိုဆိုကြတယ်.....
"အကိုလေးနဲ့ မမလေးတို့ check in ...."
"Welcome Towerပါ အကိုလေး.... မမလေး..."
ဟို လူကြီးကတော့ Towerကို ယူသုတ်လိုက်ပြီး
"Key card?"
"Nae... ဒီမှာပါ အကိုလေး....."
Receptionist ပေးတဲ့ Key card ကို ယူပြီး ကျွန်တော့်ရဲ့ ပခုံးကို ဖက်ပြီး
"Honey.... ပင်ပန်းနေပြီမလား ကိုယ်တို့ အနားယူရအောင်လေ.... "
Honeyတဲ့😖😖 ဘေးနားမှာ သူ့တပည့်တွေ ရှိနေလို့ပေါ့ မဟုတ်ရင် ကျွန်တော် အော်မိမှာ သေချာတယ်.. ... ခုတော့ စိတ်ထိန်းပြီး သူခေါ်ရာကို လိုက်သွားလိုက်တယ်.....
"ရင်ခုန်ပျော်ရွှင်စရာ မင်္ဂလာဦးညလေး ဖြစ်ပါစေ....."ဆိုတဲ့ စကားက ကျွန်တော့်ကို ကြက်သီးထစေတာ အမှန်ပါ.....
အခန်းထဲကို ရောက်တော့ ကုတင်ပေါ်မှာ နှင်းဆီပန်းလေးတွေကို အသည်းပုံဖော်ပြီး တင်ထားတယ်.... ရေချိုးခန်းထဲမှာလည်း နှင်းဆီပန်းတွေ ပြည့်လို့.. .... နှင်းဆီပန်းတွေကို ကျွန်တော် ငေးကြည့်နေတုံး....
"ဘယ်လိုလည်း နှင်းဆီပန်းတွေကို သဘောကျတယ် မဟုတ်လား Seohyun...."
"မကျပါဘူး 😕....."
ဟိုလူကြီးက ရယ်ရင်း သူ့အင်္ကျီက ကြယ်သီး နှစ်လုံးလောက်ကို ဖြုတ်ပြီး ကုတင်ပေါ်ကို ပစ်လှဲလိုက်တယ်.. ...
"ဒီကုတင်မှာ ငါတို့ နှစ်ယောက် အိပ်ရမှာလား....."
"Ommလေ Seo...."
"Seo? နင့်ကို ဘယ်သူက Seo လို့ ခေါ်ခွင့်ပေးလို့လည်း....😕"
"Seohyunnie 😌..."
"ထားပါတော့ Extra မွေ့ယာတခု တောင်းလို့ မရဘူးလား....."
"Yrrr ကိုယ်တို့က ဟန်းနီးမွန်းထွက်လာတာလေ...."
"Fakeဆိုတာလည်း သတိရပါအုံး😏😏"
"ကိုယ့် အဖေ Hotelဆိုတာလည်း သတိထားပါအုံး နားထောင် ကိုယ်တို့ကို နိုင်ငံခြား မလွှတ်ဘဲ ဒီကို လွှတ်တာ အကြောင်းရှိတယ်.... ဒီမှာ သူတို့ လူတွေရှိတယ်လေ.... ကိုယ်တို့ လှုပ်ရှားမှုတိုင်းကို သူတို့က စောင့်ကြည့်ပြီး report လုပ်ကြမှာလေ Driver ဦးလေးလိုပေါ့...."
အဲ့ လူကြီးရဲ့ စကားကြောင့် ကျွန်တော် သက်ပြင်းချပြီး
"ကောင်းပြီလေ..... ကုတင်ပေါ်မှာ ငါတို့ အတူ အိပ်ကြမယ်လေ..... နှင်းဆီပန်းပွင့်တွေကို စည်းတားထားပြီး.... နင်စည်းကျော်လာရင် ငါ ကန်ချမှာနော်....."
"အေးပါကွာ.. .."
"ပြီးရော ငါရေချိုးလိုက်အုံးမယ် တနေကုန် မိတ်ကပ်တွေ ဂါဝန်ဝတ်ရတာ ယားကျိကျိနဲ့ နေရခက်လို့...."
"Ok...."
ကျွန်တော် ရေချိုးပြီး ပြန်ထွက်လာတော့ ဟိုလူကြီး ဖုန်းကို အိမ်သာထဲ ယူသွားတယ်.... ခဏကြာမှ အိမ်သာထဲကနေ ထွက်လာတယ်....
"မင်း အ၀တ်လဲတာ အဆင်ပြေအောင်လို့ ငါ ရှောင်ပေးတာပါ....."
"မေးလို့လား😕"
"Ok...."
"စည်းတားထားတယ်နော် ကျော်ရဲကျော်ကြည့်..."
Yoonaလည်း ကုတင်ပေါ်မှာ ထိုင်နေရင်း Seohyunကို လှမ်းကြည့်တော့ Seohyunက ဘောင်းဘီ ဒူးဖုံးလေး ၀တ်ထားပြီး တင်ပျေခွေထိုင်နေတာ ကြည့်ပြီး အူယားနေစဉ် Seohyunရဲ့ ဒူးက အနာကို တွေ့ပြီး
"Seohyun.. မင်း ဒူးက ဘာဖြစ်တာလည်း......"
"ဒေါက်ဖိနပ်စီးရင်း ချော်လဲတာ...."
"ခဏ ငါ ဆေးသေတ္တာ သွားယူလိုက်အုံးမယ်......"
Yoona ဆေးသေတ္တာသွားယူပြီး ကုတင်အောက်မှာ ဒူးထောက်လိုက်တယ်.....ပြီးတော့ Seohyunရဲ့ ခြေထောက်ကို ကိုင်ပြီး ဒဏ်ရာကို ရေဆေးပေးနေသည်။ ပြီးနောက် ဒဏ်ရာကို ဆေးထည့်ပေးတော့
"အား......နာတယ်......ဘာလို့ တရကြမ်း ထည့်နေတာလည်း😠.... "
Seohyunရဲ့ အော်သံကြောင့် သူတို့ အခန်းရှေ့ ဖြတ်သွားတဲ့ Sooyoungရဲ့ လူယုံ တစ်ယောက် မျက်လုံး ပြူးပြီး
"Oh....god အကိုလေးက တကယ်ကြမ်းတယ်ဟ......."
"ပြီးတော့မှာပါ ခဏလေး တောင့်ခံထားပါ......"
"Yrrr..... ဘာလို့ညှစ်နေတာလည်း....."
တကယ်တော့ Yoonaက အနာက ပြည်တွေကို ညှစ်နေတာပါ....ဒါပေမယ့် Sooyoungရဲ့ လူယုံကတော့ တမျိုးထင်နေတယ်လေ....
"ညှစ်နေတယ်😱....."
Yoona ညှစ်လိုက်လို့ ပြည်တွေ ထွက်လာတော့
"ကဲ ပြီးပြီ အရည်တွေ ထွက်လာပြီ....."
Yoona ဆေးထည့်ပေး အနာကပ်ပလာစတာ ကပ်ပေးပြီး ကုတင်ပေါ် ထိုင်နေစဉ် မျက်လုံးထဲ နှင်းဆီပန်းက အမှုန်လေး ၀င်သွားတော့ မျက်လုံးကို လက်နဲ့ပိတ်ပြီး
"အား......"
Yoonaတို့ ကိစ္စပြီးသွားပြီ ထင်ပြီး ချောင်းနားထောင်နေရာကနေ သွားမယ် အလုပ် Yoonaရဲ့ အော်သံကြောင့် Sooyoungရဲ့ လူယုံခြေလှမ်းမှာ ရပ်သွားပြန်ရော....
Seohyunလည်း Yoonaကို ကြည့်ပြီး
"ဘာဖြစ်တာလည်း.. ...."
"ငါ့မျက်လုံးထဲ အမှိုက်ဝင်သွားတာလေ... မှုတ်ပေးစမ်းပါ....."
တံခါးနား ကပ်ပြီး နားထောင်မယ် လုပ်တုံး မှုတ်ပေးစမ်းပါဆိုတဲ့ စကားကို ကြားပြီး
"OMG😬😱 အကိုလေးက ကြမ်းတယ်ဟ.. ...."
Seohyunလည်း Yoona မျက်နှာနားကပ်လာပြီး မျက်လုံးကို ဖြဲပြီး အမှုန်တွေ ထွက်အောင် လေနဲ့ မှုတ်ပေးနေတယ်.....Yoonaလည်း သူ့မျက်နှာနားကပ်လာတဲ့ Seohyunကို စိုက်ကြည့်နေတယ်..... Seohyunလည်း ကြာတော့ ရှက်လာပြီး
"ကဲ အဆင်ပြေသွားပြီမလား "
"Omm ထွက်သွားပြီ..... မင်းပင်ပန်းသွားပြီမလား အိပ်ချင်ရင် အိပ်တော့လေ....."
"Omm....."
ချောင်းနားထောင်နေတဲ့ Sooyoungရဲ့ လူယုံလည်း ကိစ္စတွေ ပြီးသွားပြီဆိုပီး သူ့အလုပ်ကို သူဆက်လုပ်နေသည်။
Seohyun အိပ်ရာ အပြောင်းအလဲကြောင့်လား....... ဘာလား မသိပေမယ့် အိပ်မပျော်တာတော့ အမှန်......Yoonaကို ကျောပေး အိပ်နေရာကနေ မျက်နှာချင်းဆိုင် ပြောင်းအိပ်ပြီး Yoonaကို ကြည့်နေတယ်.....
"အိပ်နေတဲ့ အချိန်ဘဲ ဒီလူကြီး ချစ်ဖို့ကောင်းတယ်..... ကျန်တဲ့ အချိန်မှာ အသားယူလွန်းလို့ မုန်းတာ......"
သူ့ကို ဆေးသေချာထည့်ပေးနေတဲ့ Yoonaပုံရိပ်တွေကို ပြန်မြင်ယောင်ရင်း Seohyun မှာ ပီတိဖြစ်နေတယ်.....ခဏအကြာမှ ခေါင်းကို ရမ်းပြီး
"Yrrr.....Kim Seohyun..... ဘာတွေ တွေးနေတာလည်း....... အတွေးတွေ ပြန်ရုတ်သိမ်းစမ်း မဖြစ်နိုင်တာ......."
✂✂✂✂✂✂✂✂
မနက်မိုးလင်းတော့ ညက အကြောင်းတွေကို Sooyoung ဖုန်းဆက်မေးလို့ မနေ့ညက လူယုံပြန်ဖြေနေသည်၊
"Nae.... သခင်ကြီး...."
"မနေ့ညက အခြေအနေဘယ်လိုလည်း....."
"တကယ် ကြမ်းပါတယ် သခင်ကြီး ....."
သူ့ လူယုံရဲ့ စကားကြောင့် Sooyoung ကျေနပ် သဘောကျပြီး ရယ်လေသည်။
"That's my boy😊😊"