Yoona အလုပ်မပြီးသေးလို့ လာမကြိုနိုင်ကြောင်း Seohyunကို Message ပို့လိုက်တယ်.....
Seohyunလည်း အဆင်ပြေတယ် သူ့သူငယ်ချင်းနဲ့ ပြန်လိုက်မယ်ဆိုပြီး ပြန်ပို့လိုက်တယ်.....
"Amber နင့်ကားနဲ့ ငါ လိုက်ခဲ့မယ်....."
"Wae နင့် ချစ်ချစ်က လာမကြိုဘူးလား....."
"အလုပ်ရှုပ်နေလို့ လာမကြိုနိုင်ဘူးတဲ့လေ....."
"Aww.... ဟုတ်မှာပါ Honeymoon ထွက်တုံးက အလုပ်တွေ ပိနေတာ ဖြစ်မယ်..... လာ ပြန်ကြစို့....."
Amberလည်း Seohyunကို ခေါ်ပြီး Seohyunရဲ့ အိမ်ကို မောင်းသွားတယ်.....
Yoona အလုပ်ပြီးတာနဲ့ အိမ်ကို ချက်ချင်းပြန်လာလိုက်တယ်.....
အိမ်ထဲကိုလည်း ရောက်ရော အခန်းထဲကနေ Seohyun အော်သံတွေ ကြားရတယ်....
"အား.......နာတယ်..... ဖြည်းဖြည်း ညှစ်ပါဟ......."
Yoona ထိုအသံကို ကြားပြီး လန့်သွားတယ်....
"ပြီးတော့မှာပါ ခဏလေး ဆက်ညှစ်လိုက်ရင် ထွက်လာတော့မှာပါ....."
ယောင်္ကျားလေး တယောက်ရဲ့ အသံကြောင့် Yoona ဒေါသထွက်သွားတယ်..... ပြီးတော့ တမျိုးတွေးမိပြီး Seohyunကိုရော အဲ့ယောင်္ကျားကိုရော ဒေါသထွက်ပြီး အခန်းထဲကို လက်ပူးလက်ကြပ် ဖမ်းဖို့ ၀င်လာလိုက်တယ်..... Yoonaလည်း အခန်းထဲကို ၀င်ရော သူ့အထင်နဲ့ အမြင် လွဲသွားတယ်.....
Seohyun အော်နေရခြင်းမှာ Amberက သူမရဲ့ မျက်နှာပေါ်မှာ ပေါက်နေတဲ့ ၀က်ခြံကို ညှစ်ပေးနေသောကြောင့် ဖြစ်သည်။
"ကဲ ၀က်ခြံထဲက အဆံလေးထွက်သွားပြီ..... ခဏ သီးခံလိုက်ရင် ပြီးနေတာကို ဇွတ် အော်နေတာ....."
Amberနဲ့ Seohyun ၀က်ခြံကိစ္စပြီးတော့ အခန်းထဲမှာ ရပ်နေတဲ့ Yoonaကို သတိထားမိသွားတယ်.....
"Aww..... ငါ အ၀တ်အစား လာလဲတာ အဆင်ပြေသလိုနေကြပါ ငါ ဧည့်ခန်းထဲမှာ ထိုင်နေလိုက်မယ်......"
Yoonaလည်း အ၀တ်အစား ယူပြီး ရေချိုးခန်းမှာ လဲလိုက်တယ်.... ပြီးနောက် ဧည့်ခန်းမှာ ထိုင်ပြီး ရုပ်ရှင်ကြည့်နေလိုက်တယ်.....
"ဟူး တော်သေးတာပေါ့ ၀က်ခြံညှစ်နေလို့ ငါ့မှာ တစ်မျိုးထင်လို့ လန့်ပြီး ဒေါသထွက်နေရတယ် 😑💭"
Seohyun တို့ ကျောင်းစာတွေ လုပ်ပြီးနောက် အခန်းထဲက ထွက်လာကြတယ်.... Yoonaကတော့ သူတို့ကို မကြည့်ဘဲ Tvကိုသာ ကြည့်နေသည်။
"စာတွေလည်း ပြီးပြီဆိုတော့ ငါ အိမ်ပြန်တော့မယ် Seo Juhyuk.. ...."
"Hyung ငါတို့နဲ့ အတူ ညစာ တစ်ခါတည်း စားလိုက်ပါ့လား......"
"ရပါတယ်ကွာ ငါမဆာသေးပါဘူး မင်းတို့ဘာသာ စားကြပါ......"
Seohyun ဇွတ်ခေါ်နေတာနဲ့ Amberလည်း Seohyunတို့နဲ့ အတူ ထမင်းစားနေတယ်.... သူတို့ နှစ်ယောက်က ထမင်းစားရင်း စကားပြောနေကြပေမယ့် Yoonaကတော့ တစ်ခွန်းမှ မပြောဘဲ ငြိမ်နေတယ်.....
ထမင်းစားပြီးနောက် Amber မပြန်သေးဘဲ Seohyun နဲ့ အတူ ဘောလုံးပွဲ ကြည့်နေကြတယ်.... သူတို့ နှစ်ယောက်က အောက်မှာထိုင်ပြီး ကြည့်ကြတယ် Yoonaကတော့ ဆိုဖာပေါ်မှာ သူ့အလုပ်က စာရင်းတွေလုပ်ရင်း ကြည့်နေတယ်...... ထိုစဉ် Yoonaဆီက ဖုန်းမြည်လာတယ်....
"Omm Sulli ပြော......"
Sulliဆိုတဲ့ နာမည်ကြောင့် Seohyunလည်း ဘောလုံးပွဲ ကြည့်ရာမှ Yoonaပြောတာကို အာရုံစိုက်လိုက်တယ်.....
"Omm မီယားနဲ Oppaတို့ ပြန်သွားတာကို အသိမပေးလိုက်ရလို့....... Sulli ရော ပြန်ရောက်ပြီလား..... aww ဒီလိုပါဘဲ...... အခုလား..... အားပါတယ် ဘာလို့လည်း...... ok ok ကောင်းပြီ အခုဘဲ လာခဲ့မယ်......"
Yoonaလည်း စာရင်းတွေကို သိမ်းပြီး အ၀တ်လဲကာ အပြင်ထွက်သွားတယ်
"တောက် ငါ့ကို ဘာမှ မပြောဘဲ ဘယ်ထွက်သွားတာလည်း မသိဘူး ......"
Amber လည်း ဘောလုံးပွဲကြည့်ရင်း အူကြောင်ကြောင်ဖြင့်
"ဘယ်သူလဲ.. ..."
"ဟို လူကြီးလေ ဖုန်းလာတာနဲ့ တန်းထွက်သွားတာ မုန်းစရာကြီး......"
"Aww သူ့ဘာသာသူ ဘယ်သွားသွားပေါ့ နင်မှ သူ့ကို မချစ်တာ သိစရာမှမလိုတာ....."
Amber ပြောတာကို Seohyun မကြားဘဲ
"ညကြီးကို အဲ့ Sulliက ဖုန်းဆက်တာနဲ့ ချက်ချင်းကို ထွက်သွားတာဘဲ စာရင်းလုပ်နေရာကနေ...... ငါ့ကိုကျ စာရင်းမပြီးသေးလို့ ကိုယ့်ဘာသာကိုယ် အိမ်ပြန်လိုက်ပါလေး ဘာလေးနဲ့ 😏😏😏😏💭💭💭💭💭"
Sulliနဲ့ ချိန်းထားတဲ့ စားသောက်ဆိုင်ကို Yoona ရောက်သောအခါ.....စားသောက်ဆိုင်ထဲ ထိုင်နေတဲ့ Sulli တစ်ယောက် Yoonaကို လက်လှမ်းပြတယ်....
Yoonaလည်း Sulliဆီကို သွားထိုင်လိုက်တယ်....
"ရောက်နေတာ ကြာပြီလား Sulli......"
Sulli ခေါင်းခါပြပြီး
"အာညီး မကြာသေးပါဘူး....."
Sulliတို့ သောက်စရာမှာပြီးနောက်
"Oppa ဘယ်လိုလည်း အဆင်ပြေရဲ့လား ကြည့်ရတာ အဆင်ပြေတယ်ထင်တယ် ညီမကိုတောင် ဘာမှမပြောဘဲ မနှုတ်ဆက်ဘဲ ပြန်သွားပုံထောက်ရင်....."
Yoona ဆိုဂျူ တစ်ခွက်ကို သောက်လိုက်ရင်း
"ဟူး မပြေပါဘူးဟာ....."
"Wae.... ဟိုတနေ့ညက Oppaမိန်းမ ဆွဲခေါ်သွားလို့ ညီမက အဆင်ပြေနေပြီထင်နေတာ....."
"မပြေပါဘူးဟာ သူက ငါ့ကို မချစ်ဘူးဟ သေချာတယ် မချစ်ဘူး ....."
" မဟုတ်ပါဘူး သူ Oppaကို ချစ်နေတာပါ......"
"မဟုတ်ဘူး Sulli သူက ယောင်္ကျားစိတ်ဝင်နေတော့ ယောင်္ကျားလေး ဖြစ်တဲ့ ငါ့ကို အချင်းချင်း ဘယ်စိတ်ဝင်စားမှာလည်း....."
"မဟုတ်ဘူး Oppa..... Oppaနဲ့ တွေ့ပြီး သူ မိန်းကလေး စိတ် ပြန်ဝင်သွားရင်ရော..... ညီမ သတိထားမိပါတယ်..... Oppaနဲ့ ညီမ စကားပြောနေရင် ညီမတို့ကို သူမ မနာလိုတဲ့ J၀င်တဲ့ အကြည့်နဲ့ ကြည့်နေတယ်ဆိုတာ..... မိန်းကလေးတစ်ယောက်က တကယ်မချစ်ဘဲ စိတ်မ၀င်စားဘဲ စိတ်အပင်ပန်းခံပြီး ယောင်္ကျားလေးတစ်ယောက်ကို J၀င်မှာ မဟုတ်ဘူး သိလား..... "
Yoonaကတော့ ဆိုဂျူ ကိုသာ သောက်နေတယ်.....
"Oppa.... သူမကို ပို J ၀င်အောင် လုပ်မယ်....."
"ဘယ်လိုလည်း....."
"သူမက ပို J ၀င်လေ နောက်ပိုင်း Oppaကို သူမ ချစ်နေတယ်ဆိုတာ သူမကိုယ် သူမ သိအောင် လုပ်ကြမယ်......"
"ဘယ်လိုလုပ်မှာလည်း....."
"သူမက ညီမနဲ့ Oppaကို ခဏခဏ J၀င်တာ မဟုတ်လား အဲ့တော့ သူပိုပို J ၀င်အောင် ညီမတို့ ခဏခဏ တွေ့ကြမယ်...... ဒါမှမဟုတ် ညီမက ခဏခဏ message ပို့မယ် Oppa ကလည်း သူ့ရှေ့မှာ ဟန်ဆောင်ပို့ပေါ့....."
"Aww အဲ့လိုလုပ်ရင်....."
"သူမ သ၀န်တိုပြီး သူမရင်ထဲက Oppaအပေါ် ထားရှိတဲ့ ခံစားချက်တွေကို သိသွား သတိထားမိသွားလိမ့်မယ်...."
"ပြီးရင်....."
"Oppaကို သူမ ချစ်ကြောင်း လက်ခံလိုက်ပြီး Oppaတို့ အဆင်ပြေသွားပြီပေါ့ 😌😌😌"
"Wooo Gomawo Sulli....."
"မလိုပါဘူး ကျေးဇူးတင်ရင် ဒီ ၀ိုင်းဖိုး ရှင်းလိုက် 😜😝"
Yoona အိမ်ကို ပြန်ရောက်တော့ Seohyun က အိပ်နေပြီ..... တကယ်တော့ မအိပ်သေးပါဘူး Yoona ပြန်မလာမချင်း Phoneထဲက ဂိမ်းဆော့ရင်း စောင့်နေတာ Yoona ပြန်ရောက်လာမှ ဖုန်းပိတ်ပြီး အိပ်ချင်ယောင်ဆောင်နေခြင်း ဖြစ်သည်။ Yoonaကတော့ Seohyun အိပ်ပြီ ထင်၍ ညအိပ်ဝတ်စုံလဲနေလေသည်။ ပြီးနောက် Seohyun ဘေးနား ၀င်အိပ်လိုက်သည်။ ထိုစဉ် ဖုန်းလာလို့ Yoona ကောက်ကိုင်လိုက်သည်။
"Omm Sulli....."
Sulliဆိုတဲ့ အသံကြားတော့ Seohyun မျက်နှာကို ရှုံ့မဲ့လိုက်ပြီး
"လာပြန်ပြီ Sulli 😕 ခုလေးတင် တွေ့ပြီး ပြန်လာတာကို ဘာတွေ ပြောစရာ ကျန်နေသေးလို့ပါလိမ့်......💭💭💭💭"
"Omm Oppaပြန်ရောက်ပြီ......"
"ပြန်ရောက်ရတော့မယ်လေ ဘယ်အချိန်ရှိနေပြီလည်း ည ၉နာရီရှိနေပြီ......💭💭💭💭"
"Ommပါ Good night Sulli...... Sweet dream..."
"သရဲအိမ်မက်မက်ပါစေ 😕💭"
Sulliနဲ့ စကားပြောသမျှကို Seohyun အတွေးထဲမှာ ဘုကလန့် လိုက်ပြောနေတယ်...... Yoona phone ချပြီး အတော်ကြာတော့ Yoonaကို Seohyun ချောင်းကြည့်တယ်....
"ဘာလေးဟ ဟိုဘက်လှည့်အိပ်နေပါ့လား ငါ့ဘက်ကိုတောင် လှည့်မအိပ်တော့ဘူးပေါ့ ဟုတ်လား Choi Yoona shiii"လို့ပြောပြီး Yoonaကို ကုတင်ပေါ်က စောင့်ကန်လိုက်တယ်....
"အမလေး သေပါပြီဗျာ့....."
Yoona ကုတင်အောက်ကနေ သူ့ခါးကို ကိုင်ပြီး အားယူထကာ Seohyun ကို ကြည့်လိုက်တယ်.... Seohyunကတော့ သူ ဘာမှမလုပ်သလို ပုံစံနဲ့ အိပ်ချင်ယောင်ဆောင်နေတယ်....
![](https://img.wattpad.com/cover/105291960-288-k799119.jpg)