Tomboy​လေးရဲ့ ကိုကို (Part-13)

736 70 6
                                    

* Seohyunက Tomboyက​နေ မိန်းက​လေးဖြစ်​သွားတာ မဟုတ်​ဘူး​နော်​ ficထဲမှာ ကျွန်​​တော်​ ​ရေးဖူးသလိုဘဲ သူက Amberနဲ့ ငယ်​ငယ်​ကတည်းက ​ပေါင်းလာတာဆို​တော့ သူ့စိတ်​ထဲ ​ယောင်္ကျား​လေးစိတ်​ နည်းနည်း​လောက်​ ၀င်​​နေ​ပေမယ့်​ ​ယောင်္ကျား​လေးလို လွတ်လွတ်လပ်လပ်ေ​​​န​ပေမယ့် ​သူ့ရဲ့ တကယ့်​စိတ်​က မိန်းက​လေးစိတ်​ပါ.... အဲ့မိန်းက​လေးစိတ်​ကို သူက ​သေချာမသိ​သေးဘဲ သူ့ကိုယ်​သူ Tomboy လို့ ခံယူထားတာပါ 😃 တကယ့်​ Tomboy စစ်​စစ်​က​နေ မိန်းက​လေးဖြစ်​သွားတာ ရှားပါတယ်​ အခု Seohyunရဲ့ ဇာတ်​​ကောင်​က Tomboyစိတ်​ လုံး၀၀င်​​နေတဲ့ ဇာတ်​​ကောင်​ မဟုတ်​ပါဘူး *

Yoonhyun တို့ နှစ်​​ယောက်​ မနက်​စာ အတူစား​နေကြစဉ်​ Yoona ဖုန်းလာလို့ ကိုင်​လိုက်​သည်​။ Seohyunက​တော့ မနက်​စာစားရင်း နား​ထောင်​လိုက်​တယ်​....
"အင်းပါ မ​မေ့ပါဘူး"
"မှတ်​မိပါတယ်​ ok...... ok...."
Yoona phချပြီး မနက်​စာ ဆက်​စား​နေ​ပေမယ့်​ Seohyunက​တော့ Yoonaနဲ့ ဖုန်း​ပြောတဲ့သူက ဘယ်​သူလည်းဆိုတာ သိချင်​​နေတယ်
"Sulli​တော့ မဟုတ်​​လောက်​ဘူး ဘာလို့လည်းဆို​တော့ အဲ့​ကောင်​မ​လေး phဆက်​ရင်​ omm Sulli ​ပြောဆိုပြီး ​ပြော​လေ့ရှိတယ်​...... အခု သူနဲ့ ​ပြောတဲ့သူက ဘယ်​သူလည်း မသိဘူး 💭💭💭💭💭💭💭"
Yoonaက​တော့ မနက်​စာ စားပြီး
"Seohyun..... ကိုယ်​ ကား​ပေါ်မှာ ​စောင့်​​နေမယ်​ မင်း စားပြီးရင်​ ထွက်​ခဲ့......"
Seohyun အပြင်​ကို ထွက်​လာ​တော့ ကားထဲမှာ ရယ်​​မောပြီး ဖုန်း​ပြော​နေတဲ့ Yoona ကို ​တွေ့​တယ်
" ​အေးပါ မင်း ညီမကို ​သေချာ လိုက်​ပို့လိုက်​ပါမယ်​ ဟုတ်​ပါပြီကွာ ဒါဆိုလည်း ဖုန်းချလိုက်​​တော့ ငါ့ baby wiffey ​လေး လာ​နေပြီ....."
Yoonaလည်း Seohyun ကားထဲ ၀င်​ထိုင်​​တော့ ph ချလိုက်​တယ်......
"ဘာလည်းဟ ငါ ကားထဲ ၀င်​လာမှ သူက phချသွားတယ်​ ဘယ်​သူနဲ့ စကား​တွေ ​ပြော​နေလို့ ဒီ​လောက်​​တောင်​ ရယ်​​မော​နေတာလည်း......💭💭💭💭"
Seohyunကို ​ကျောင်း​ရှေ့ချ​ပေးပြီး Yoona ​မောင်းထွက်​သွားတယ်​...... ​ကျောင်းထဲကို မအီမသာ ရုပ်​နဲ့ ၀င်​လာတဲ့ Seohyunကို ကြည့်​ပြီး
" Seo Juhyuk.. ... ဘာ​တွေ ဖြစ်​​နေတာလည်း ရုပ်​ကလည်း အီးမှန်​ထားတဲ့ ရုပ်​နဲ့......"
"Hyung ငါ ညစ်​​နေတာ​နော်​ လာ မ​နှောက်​နဲ့......"
"မင်းက ဘာ​တွေ ညစ်​​နေတာလည်း....."
" ငါ ဘာညစ်​လို့ ညစ်​​နေမှန်း မသိ​တော့ပါဘူးကွာ......"
"မင်း ချစ်​ချစ်​​ကြောင့်​လား....."
"သူ အခု အရင်​လို မဟုတ်​​တော့ဘူး​..... ​ပြောင်းလဲ​နေတယ်​...... ​ခြေလှမ်း​တွေ ပျက်​​နေသလိုဘဲ......"
"မင်းနဲ့ ဘာဆိုင်​လို့လဲ သူ့ဘာသာသူ ​ခြေလှမ်းပျက်​တာ ပျက်​ပါ​စေ မင်းက သူ့ကို မချစ်​ဘူး မဟုတ်​လား......"
"Amber.... ငါတို့ ​ဒီ​နေ့ ​ကျောင်းလစ်​ရ​အောင်​..... "
"ဘာ 😱😱 ​ကျောင်းလစ်​မယ်​ဟုတ်​လား မလစ်​ချင်​ပါဘူး Krystalသိရင်​ ငါ့ကို ပွစိပွစိ​ပြော​နေအုံးမယ်​......."
"ဒါဆိုလည်း နင့်​ကား ငါ့ကို​ပေး ငါတစ်​​ယောက်​တည်း စိတ်​​ပြေလက်​​ပျောက်​ ​လျှောက်​သွားချင်​လို့...."
"ဟာ နင်​တစ်​​ယောက်​တည်း လွတ်​လို့မရဘူး​လေ မဖြစ်​ပါဘူး ငါပါ လိုက်​ပါမယ်​ဟာ...."
Seohyun စိတ်​ညစ်​​နေတာနဲ့ Amberတို့ ​ကျောင်းလစ်​ပြီး ​လျှောက်​သွား​နေကြတယ်​......
Choi Company တွင်​ Yoona တစ်​​ယောက်​ နာရီကို ကြည့်​ပြီး
"အင်း ဆယ်​နာရီခွဲပြီ 11ကျ Yulရဲ့ ညီမ Vivianကို ​လေဆိပ်​မှာ သွားကြိုရမယ်​...... မ​နေ့က yul ငါ့ကို အကူအညီ​တောင်းထားတာ မနက်​ကလည်း ငါ ​မေ့မှာဆိုးလို့ ဖုန်းဆက်​ပြီး သတိ​ပေး​သေးတယ်​........ ​လေ​ဆိပ်​ကို သွားမှ......"
လေဆိပ်​တွင်​ Vivian ထွက်​လာ​တော့ Yoonaကို ​တွေ့ပြီး ​ပြေးဖက်​လိုက်​တယ်​......
"Yoona Oppa..."
" ငါ့ ညီမ​လေး Vivian မ​တွေ့ရတာ​တောင်​ ကြာပြီ......"
Yulနဲ့ Yoonaက ​ကျောင်း​နေဖက်​ သူငယ်​ချင်း​တွေပါ Yulမှာ Vivianဆိုတဲ့ ညီမ​လေး ရှိတယ်​ Yulအိမ်​ကို စာသွားကျက်​ရင်း Vivianနဲ့ပါ Yoona ခင်​သွားတာပါ Vivian အတွက်​​တော့ သူ့အကို Yulပြီးရင်​ Yoonaက Vivianရဲ့ အချစ်​ဆုံး အကိုတစ်​​ယောက်​ပါ......
Vivianရဲ့ အိတ်​ကို Yoona သယ်​လိုက်​ပြီး
"Yulက သူ့မိန်းမ Sica ​နေမ​ကောင်းဖြစ်​​နေလို့ လာမကြိုနိုင်​ဘူးတဲ့....."
"ဟုတ်​ပါ့ အရင်​က​တော့ ညီမကို ဦးစား​ပေးခဲ့သူက အခု​တော့ 😂😂"
Yoona ရယ်​လိုက်ပြီး
" ​ယောင်္ကျား​တွေက ဒီလိုပါဘဲဟာ မိန်းမရသွားရင်​ ​ပြောင်းလဲတတ်​သွားကြတာဘဲ......"
"Oppa​ရော အိမ်​​ထောင်​ကျပြီလား....."
"Omm ကျသွားပြီ Appaရဲ့ သူငယ်​ချင်း သမီးနဲ့....."
"Aww ဒါဆို ချစ်​လို့ မဟုတ်​ဘဲ မိဘသ​ဘောတူလို့ လက်​ထပ်​တာလား....."
"အဲ့လိုလည်း မဟုတ်​ဘူး Oppaက သူ့ကို အရမ်းချစ်​တာ.. ....."
"အလဲ့ ​ကျောင်းတုံးက​ဆို စာမှစာ ဘယ်​မိန်းက​လေးမှ စိတ်​မ၀င်​စားဘူးဆိုတဲ့ ငါ့ Oppaက အခု​တော့ ချစ်​တတ်​​နေပြီ​ပေါ့.... သူက ​ချောလား.. ...."
"Omm အရမ်း​ချောတယ်​ ပြီး​တော့ အရမ်း ချစ်​စရာ​ကောင်းတယ်​ ပါး​ဖောင်း​လေးနဲ့ အူယားဖို့​ ​ကောင်းတယ်​ တစ်​ခါတစ်​ခါ သူ့အမူအရာ​တွေက က​လေးလိုဘဲ......"
"အမ​လေး သူ့မိန်းမကို မွှန်း​နေလိုက်​တာများ......"
"တကယ်​​ပြောတာ သူ ​ကျောင်းပိတ်​တဲ့​နေ့ကျ နင်​နဲ့ မိတ်​ဆက်​​ပေးမယ်​​လေ....."
"သူက ​ကျောင်းသူလား ......"
"Omm Final Year....."
"က​လေးထိန်း​ပေါ့ Oppaက😂😂"
Seohyunနဲ့ Amberတို့ ကစားကွင်းမှာ ကစားကြပြီး ​မောလို့ ​ရေခဲမုန့်​ထိုင်​စားကြရင်း
"Amber......"
"​အေး​ပြော......"
"Krystalကို ​တွေ့ရင်​ မင်း ဘယ်​လို ခံစားရလည်း......"
"ငါ ရင်​​တွေ အရမ်း ခုန်​​တယ်​......"
"အကယ်​၍ Krystalက တခြား​ကောင်​​လေးနဲ့ ရင်းနှီး​နေတာ မြင်​ရင်​​ရော......"
" သ၀န်​တိုတာ​ပေါ့ဟ ​နေပါအုံး မင်းက ဘာလို့ ​မေး​နေရတာလည်း...."
Seohyun သက်​ပြင်းချလိုက်​ပြီး
"Amber..... ငါ Tomboy စစ်​စစ်​ မဟုတ်​ဘူးထင်​တယ်​ မင်း​ပြောသလိုဘဲ ငါ ဆန်းစစ်​ကြည့်​​တော့ မိန်းက​လေး​တွေဆို ငါ စိတ်​မ၀င်​စားဘူး...... မိန်းက​လေး​တွေ ငါ့အနားမှာ ရှိရင်​ ငါ ဘယ်လိုမှ မ​နေဘူးဟာ...... ဒါ​ပေမယ့်​ Yoona ငါ့အနားမှာ ရှိရင်​ ငါ ​ပျော်​တယ်​ ရင်​ခုန်​တယ်​....... Yoona တခြားမိန်းက​လေး​နဲ့ ရင်းနှီး​နေတာ ​တွေ့ရရင်​ ငါ့ရင်​ထဲ တစ်​မျိုးကြီး......"
"အဲ့တာ မင်း သူ့ကို ချစ်​​နေလို့ ငါ​ပြောသားဘဲ မင်းကို....... မင်းက ငါနဲ့ ​ပေါင်းတာများပြီး ​ယောင်္ကျား​လေးလို လွတ်​လွတ်​လပ်​လပ်​​နေရင်း မင်းကိုယ်​မင်း Tomလို သ​ဘောထား​နေတာ တကယ်​တမ်း မင်းရဲ့ စိတ်​က မိန်းက​လေးစိတ်​ဘဲ...... မိန်းက​လေးစိတ်​​ကြောင့်​ မင်း သူ့ကို ချစ်​​နေတာ​ပေါ့......"
"ဒါ​ပေမယ့်​ Yoonaက ငါ့ကို စိတ်​ကုန်​​နေပြီထင်​တယ်​...... သူ ငါ့အ​ပေါ် ​အေးတိ​အေးစက်​နဲ့...."
"သူ့ဘက်​က ​အေးတိ​အေးစက်​နဲ့ဆိုရင်​ အရည်​​ပျော်​​အောင်​ လုပ်​​ပေါ့ကွာ......."
" ဘယ်​လို​လုပ်​ရမှာလည်း....."
"မိန်းက​လေး ဆန်​ဆန်​​နေပြလိုက်​ မင်းရဲ့ မိန်းက​လေးဆန်​တဲ့ အလှကို ပြလိုက်​......"
"အာ ငါ မိန်းက​လေးလို ​နေရတာ သ​ဘောမကျဘူး......"
"Hyung.... မင်း ​ယောင်္ကျား​လေးလို​နေရင်​ သူက သ​ဘောကျမှာ မဟုတ်​ဘူး​နော်​ သူ့​ဘေးမှာ နှုတ်​ခမ်းနီမ​လေး​တွေ ၀ိုင်းဝိုင်းလည်​​နေတာ သိလား......"
"အား..... "
"​ အရူးလို ​လျှောက်​​အော်​မ​နေနဲ့ ဟိုမှာ ငါတို့ကို လူ​တွေ ၀ိုင်းကြည့်​​နေကြတယ်​....."
တစ်​ဖက်​မှာလည်း Vivianကို သူမတည်းမယ့်​ Hotelဆီကို Yoona လိုက်​ပို့​နေတယ်​....
"ဘာလို့ Yulအိမ်​မှာ မ​နေတာလည်း....."
"Aww သူလည်း သူ့မိန်းမနဲ့ ​အေး​အေး​ဆေး​ဆေး လွတ်​လွတ်​လပ်​လပ်​ ​နေပါ​စေ ညီမက တစ်​ပတ်​​လောက်​ ​နေပြီး ပြန်​မှာဘဲ အလုပ်​ကိစ္စနဲ့ လာတာဆို​တော့......"
"ဟုတ်​ပါပြီ ......."
Vivianကို လိုက်​ပို့​ပေးပြီး Hotel​ရှေ့တွင်​ Yoonaကို ဖက်​ပြီး Vivian ​ကျေးဇူးတင်​စကား​ပြောလိုက်​တယ်
" ​ကျေးဇူးတင်​ပါတယ်​ Yoona oppa..... Oppaက ညီမအတွက်​ အ​ကောင်းဆုံး အကိုပါဘဲ....."
Vivianရဲ့ ​ခေါင်းကို Yoonaပွတ်​လိုက်​ပြီး
"ရပါတယ်​ကွာ....."
ကစားကွင်းက​နေ ပြန်​လာပြီး မီးပွိုင့်​မိ​နေလို့ Seohyunတို့ ရပ်​​စောင့်​​နေစဉ်​ သူတို့လမ်းနဲ့ မျက်​နှာချင်းဆိုင်​ကို Seohyun ​ငေးကြည့်​ရင်း.......
"ဟာ......"
Seohyunရဲ့ အသံ​​ကြောင့်​ Amber လန့်​သွားတယ်​.....
"ဘာဖြစ်​တာလည်း......"
Seohyun တစ်​​နေရာကို လက်​ညှိုးထိုးပြလိုက်​တယ်​.....

Tomboy​လေးရဲ့ ကိုကိုTahanan ng mga kuwento. Tumuklas ngayon