Tomboy​လေးရဲ့ ကိုကို (Final)

1.3K 91 0
                                    

ည ကိုးနာရီထိုး​နေပြီ...... Seohyunက​တော့ အခုထိ အိမ်​ပြန်​မလာ​သေးပါ...... Yoona စိုးရိမ်​လာတာနဲ့ Seohyunကို လိုက်​ရှာ​လေပြီ......ကြာကြာ မရှာလိုက်​ရပါ..... Yoonaတို့ ရပ်​ကွက်​ထဲက ကစားကွင်းထဲက ဒန်း​ပေါ်မှာ ထိုင်​​နေတဲ့ Seohyunကို Yoona ​တွေ့လိုက်​ရသည်​....... ထိုအခါမှ Yoona ရင်​ထဲက အပူလုံးကြီး ကျသွား​လေသည်​.....ကား​ပေါ်က ဆင်းပြီး အနီးအနားက စတိုးဆိုင်​ထဲ Yoona ၀င်​သွားတယ်​...... ပြီး​တော့ ​ရေခဲမုန့်နှစ်​ခု ကိုင်​ပြီး ပြန်​ထွက်​လာကာ ကစားကွင်းဘက်​ကို ​လျှောက်​သွားတယ်​......
သူမ​ရှေ့ကို ​ရေခဲမုန့်​​ရောက်​လာလို့ ဘယ်​သူက ​ပေးတာလည်းလို့ Seohyun ​မော့ကြည့်​​သောအခါ......
"​ရော့..... မြန်​မြန်​ယူ​လေ အရည်​​ပျော်သွားလိမ့်​မယ်​......."
Seohyunလည်း ​ရေခဲမုန့်​ယူလိုက်​​ရော Seohyun ရဲ့ ​ဘေးနားက လွတ်​​နေတဲ့ ဒန်းတစ်​ခု​ပေါ် Yoona ထိုင်​လိုက်​တယ်​......

"ညစား စာပြီးပြီလား......"
ရေခဲမုန့်​စားရင်း Yoona ​မေးလိုက်​တယ်​..... ဒါ​ပေမယ့်​ Seohyunဘက်​က ပြန်​မ​ဖြေ​ဘဲ ​ရေခဲမုန့်​သာ စား​နေတယ်​....
"ဘာလို့ အိမ်​ပြန်​မလာဘဲ ဒီမှာ ထိုင်​​နေတာလည်း......."
"........"
"ကိုယ့်​မှာ ဘယ်​​လောက်​ စိတ်​ပူ​နေရလည်း သိလား......."
"........"
"Seohyun......."
"........"
"Seo..... ဘာဖြစ်​​နေတာလည်း......"
"ဘာလို့ စိတ်​ပူ​နေတာလည်း တ​နေကုန်​ တခြားမိန်းက​လေးနဲ့ ​လျှောက်​လည်​ပြီး အခုမှ 😏😏😏😏"
"​လျှောက်​လည်​တာ မဟုတ်​ပါဘူးကွာ သူက ကိုယ့်​ကို လက်​​ဆောင်​၀ယ်​​ပေးချင်​တယ်​ ​ပြောလို့ပါ......"
"အဲ့တာနဲ့ Hotel အထိ ​ရောက်​သွားတယ်​​ပေါ့......"
"အာ..... အဲ့တာ Vivian တည်းတဲ့ Hotel​လေ......."
"😏😏😏😏😏😏"
"ကြည့်​ရတာ မင်း ကိုယ့်​ကို အထင်​လွဲ​နေပြီထင်​တယ်​ ကိုယ်​ရှင်းပြမယ်​......."
"မလိုပါဘူး 😌😌"
"ကိုယ်​နဲ့ Vivianက ​မောင်​နှမ​တွေလိုဘဲ ....."
"ဘင်္ဂလား ​မောင်​နှမလား......"
"မဟုတ်​ပါဘူး ကိုယ့်​အခင်​ဆုံး သူငယ်​ချင်း Kwon Yulyukရဲ့ ညီမ​လေ သူက ကိုယ်​နဲ့ Yulက ငယ်​ငယ်​ကတည်းက ညီအကိုလို ​နေလာကြတာ Vivianဆိုတာကလည်း ကိုယ့်​ညီမလိုဘဲ..... Omarတို့လည်း သိတယ်​.... မင်းမယုံဘူးဆို Omarတို့ကို ​မေးလို့ရတယ်​....."
"မ​မေးပါဘူး အားအားယားယား 😕😕😕"
"Yulက သူ့မိန်းမ Jessicaက ​နေမ​ကောင်းလို့ နိုင်​ငံခြားက သူ့ညီမ ViVian ကို ​လေဆိပ်​သွားကြို​ပေးပါ ​တောင်းဆိုလို့ ကိုယ်​ကသွားကြိုတာ ViVian ကလည်း ဒီကို အလုပ်​ကိစ္စနဲ့ လာတာ သူ့အကို အိမ်​မှာ မ​နေချင်​ဘူးဆိုလို့ Hotelလိုက်​ပို့တာ..... အဲ့မှာ သူက ​ကျေးဇူးတင်​လို့ဆိုပြီး ကိုယ့်​ကို လက်​​ဆောင်​၀ယ်​​ပေးတာ........"
Seohyun ကျန်​​နေတဲ့ ​ရေခဲမုန့်​ကို အကုန်​ စားလိုက်​ပြီး
"ဘာလို့ ဒီ​လောက်​ အ​မောခံပြီး ရှင်းပြ​နေတာလည်း...... 😏😏😏😏"
"မင်း ကိုယ့်​ကို အထင်​လွဲပြီး ထားသွားမှာဆိုးလို့....... မင်း​ ​အိမ်​ကို ပြန်​မလာ​တော့ ငါ့မှာ ဘယ်​​လောက်​ စိတ်​ပူသွားရလည်း သိလား 😞😞"
"အထင်​မလွဲ​စေချင်​ရင်​ အထင်​မလွဲခံရ​အောင်​ ​နေ​လေ 😌😌😌😌"
"ကိုယ့်​ကို စိတ်​မဆိုးပါနဲ့​တော့ အိမ်​ပြန်​ရ​အောင်​...... မိုးချုပ်​​နေပြီ......"
"ဟင့်​အင်း မပြန်​ချင်​​သေးဘူး ရှင့်​ကို အပြစ်​​ပေးအုံးမှာ Choi Yoona...."
"ဟင်​ 😨😨😨"
Seohyun လူယုတ်​မာ အပြုံးနဲ့ ပြုံးလိုက်​ပြီး
"ဒန်းလွှဲ​ပေး 😂😂"
"ဘယ်​လို 😐"
" ငါ ဒန်းစီးချင်​လို့ ဒန်းလွှဲ​ပေးလို့ ဘာလည်း မလွှဲ​ပေးချင်​တာလား....."
"အဲ့လို မဟုတ်​ပါဘူး....."
Yoonaလည်း Seohyun ​ရှေ့မှာ ရပ်​ကာ ဒန်းလွှဲ​ပေးလိုက်​တယ်​...... လွှဲ​ပေးရင်း Seohyun မျက်​နှာ Yoona​ရှေ့ကို ​ရောက်​လာ​တော့ Seohyunရဲ့ နဖူး​လေးကို Yoona နမ်းလိုက်​တယ်​.....
"😳😳😳"
Yoona ဒန်းလွှဲတာကို ရပ်​ပြီး ဒန်း​ပေါ်မှာ ထိုင်​​နေတဲ့ Seohyunရဲ့ နှုတ်​ခမ်းကို ငုံ့ပြီး နမ်းလိုက်​တယ်​ Seohyun လည်း Yoonaရဲ့ အနမ်းကို ပြန်​လည်​တုံ့ပြန်​ရင်း....
"Yoona...... ငါ အဆင်​သင့်​ဖြစ်​​နေပြီ.. ..."
~~~~~~~~~~~~~~~~~~~
ကုတင်​​ပေါ်တွင်​ YoonHyunတို့ ​စောင်​အတူတူခြုံပြီး Yoonaရဲ့ လက်​​မောင်း​ပေါ်မှာ Seohyun အိပ်​​နေတယ်​.......
"Seohyunnie......"
"Hummm......."
" ချစ်​တယ်​ 😘😘😘😘😘"
"ငါလည်း နင့်​ကို ချစ်​တယ်​ Yoongie 😘😘😘😘😘"
"ကိုယ် ​မယုံနိုင်​​သေးဘူး 😅😅😅"
"ဘာကိုလည်း...."
"ကိုယ်​ မင်းကို ပိုင်​ဆိုင်​ခွင့်​ရခဲ့ပြီး မင်းရဲ့ ချစ်​တယ်​ဆိုတဲ့ စကား​လေး ကြားရတာ အိမ်​မက်​မက်​​နေသလိုဘဲ....."
Seohyun တစ်​​ယောက်​ Yoonaရဲ့ မျက်​နှာကို ကိုင်​လိုက်​ပြီး
"ဒါ အိမ်​မက်​မဟုတ်​ဘူး တကယ်​ပါ..... အခုကစပြီး Choi Yoona က ငါ့အပိုင်​ဘဲ......"
"အ​မွေရရင်​​ရော 😢😢😢 ကိုယ့်​ကို ပစ်​သွားမှာလား......"
"ငါ အ​မွေကို မမက်​​မော​​တော့ဘူး အ​မွေမရရင်​​နေ ငါ့အနားမှာ Yoongie ရှိရင်​ ​ကျေနပ်​ပြီ......"

မနက်​ ​ရောက်​​တော့ YoonHyunတို့ First date အတွက်​ ကစားကွင်းကို ​ရောက်​လာပြီ​လေ...... Seohyunက ကစားကွင်း သွားချင်​တယ်​​ပြောလို့ Yoona တစ်​​ယောက်​ က​လေး လိုက်​ထိန်း​နေတယ်​...... Seohyun ​ဆော့ချင်​ စီးချင်​တဲ့ ကစားစရာ​တွေ လိုက်​​ဆော့​ပေး စီး​ပေးပြီး​နောက်​ Yoona တစ်​​ယောက်​ ယိုင်​တိုင်​တိုင်​နဲ့ ဖြစ်​​နေပြီ​လေ.....
"ဟိုမှာ Amber ပါလား Krystalနဲ့ လာတာထင်​တယ်​ ဒီတခါကျ Krystal က ရုပ်​မဖျက်​ထားဘူးဟ Seohyunnie သွားနှုတ်​ဆက်​ရ​အောင်​....."
Seohyunလည်း သူ့အလိမ်​ ​ပေါ်မှာဆိုးလို့ Yoonaရဲ့ လက်ကို ဆွဲပြီး
"သူတို့ဘာသာ ​အေး​ဆေး ဒိတ်​ပါ​စေ Yoongie..... လာ ပြန်ုကြရ​အောင်​....."

At home
Yoonaရဲ့ ရင်​ခွင်​ထဲက​နေ Seohyun ရုပ်​ရှင်​ကြည့်​​နေတယ်
"Wang So မင်းသား​လေးက ​ချောလိုက်​တာ.. ..."
Seohyunကို Yoona ငုံ့ကြည့်​​တော့
" 😁😁 ငါတို့ Yoongie​လေးက ပို​ချောတာ်​ အဟီး 😁😁"
Seohyunရဲ့ ပါးကို Yoona ဆွဲညှစ်​လိုက်​တယ်​.....

3 months later
Seohyun ​ကျောင်းပြီးသွား​သောအခါ Taeyeonတို့ မိသားစု ညစာစားပွဲ ကျင်းပကြတယ်​.. .. Choi,Kim Family စု​ပေါင်းပြီး ခြံထဲမှာ ညစားစား​နေကြတယ်​.... Bae Chuက​တော့ ​ပြောင်းလဲသွားတဲ့ သူ့အမကို ကြည့်​ပြီး အံ့သြ​နေ​ပေမယ့်​ Taeny က​တော့ ​ကျေနပ်​​နေတယ်​.. ....
ငါးဟင်း ပန်းကန်​ Seohyun​ရှေ့ ​ရောက်​လာ​တော့ Seohyun ​ပျို့တက်​လာတယ်​....
"​ဝေါ့......."
အိမ်​သာဘက်​ကို ​Seohyun အမြန်​​ပြေးသွားတယ်​.. ..... Seohyun ​နောက်​ ​ပြေးလိုက်​သူက Yoona..... Taeny,Soosun တို့က​တော့
"ငါတို့ ​မြေးချီရ​တော့မယ်​​ဟေ့......."

The End❤
မ​ကောင်းမကန်းFic​လေးကို အဆုံးထိ စိတ်​ရှည်​စွာ ဖတ်​​ပေးကြလို့ ​ကျေးဇူးပါ ☺☺😊😊
Tomboy​တွေက တကယ့်​အပြင်​မှာ မိန်းက​လေး အဖြစ်​ ​ပြောင်းလဲသွားတာ ရှားပါတယ်​....ဒါက​တော့ ficသ​ဘောအရပါ 😁😁 အမှားပါရင်​ ခွင့်​လွှတ်​ပါ​နော်​ Readerအားလုံးကို ​ချစ်​ခင်​​လေးစားလျက်​ပါ ❤

Tomboy​လေးရဲ့ ကိုကိုWhere stories live. Discover now