Tomboy​လေးရဲ့ ကိုကို (Part-11)

749 78 7
                                    

Seohyunကို ​ပွေ့ချီပြီး Yoona အခန်းထဲကို ၀င်​သွားတယ်​.. ..... Seohyunကို ကုတင်​​ပေါ် ပစ်​တင်​ပြီး Yoona သူ့ရဲ့ အင်္ကျီကို ချွတ်​လိုက်​တယ်​...... ကုတင်​​ပေါ်တက်​ပြီး Seohyunကို နမ်း​တော့ Seohyun ​ရှောင်​လိုက်​တယ်​.....
"Sorry Yoong ငါ အဆင်​သင့်​ မဖြစ်​​သေးဘူး​လေ ပြီး​တော့.........."
"Aww ဟုတ်​ပါတယ်​ sorryပါဟာ ငါ အရမ်း​လောသွားတယ်​..... တဖက်​လူက ဆန္ဒမပါဘဲ ငါ အတင်း အဓမ္မမလုပ်​ချင်​ပါဘူး...."
Yoona ကုတင်​​ပေါ်က ဆင်းပြီး အင်္ကျီဝတ်​ရင်း ပြန်​​ပြောလိုက်​သည်​။ ပြီး​နောက်
" ခုနက ကိစ္စကို ​မေ့ပစ်​လိုက်​ပါ Seo...... ဘာမှ မဖြစ်​ခဲ့ဘူးလို့ဘဲ သ​ဘောထားလိုက်​ပါ....."
Seohyunကို ​ကျော​ပေးပြီး တခြားတဖက်​ကို လှည့်​ကာ Yoona အိပ်​​နေလိုက်​သည်​။
မနက်​ နိုးလာ​တော့လည်း ဂျယ်​ဂျူ တုံးကဆို Seohyunကို Morning Kiss ​ပေးတဲ့ Yoonaက ခု​တော့ Seohyunကို ဘာမှ ​မ​ပေးဘဲ ​ရေချိုးပြီး အလုပ်​သွားဖို့ ပြင်​ဆင်​​နေတယ်
မနက်​စာ စား​တော့လည်း Seohyun ကို ဘာမှ မ​ပြောဘဲ သူ့ဘာသာသူ စား​နေ​သည်​။ ကြာလာ​တော့ Seohyun မ​နေတတ်​​တော့​ပေ....... ​ သာလိကာ​တောင်​ အရှုံး​ပေးရ​လောက်​​အောင်​ထိ စကား​ပြောတဲ့ Yoonaက အခု ဘာမှမ​ပြောဘဲ ​နေ​နေ​တော့ Seohyunရဲ့ စိတ်​ထဲ တစ်​ခုခုလို​နေသလို ခံစားရတယ်​......
Seohyunကို ​ကျောင်း လိုက်​ပို့​ပေး​တော့လည်း အရင်​က ​ကား​မောင်း​တော့မယ်​ဆို Seohyun ကို အမြဲ ဂရုတစိုက်​ ခါးပတ်​ပတ်​​ပေးသူက အခု​တော့ မသိသလို​နေပြီး ကား​မောင်း​နေတယ်​ ​ကျောင်းကို ​ရောက်​​တော့လည်း ​ကျောင်း​ပေါက်​ထိ လိုက်​မပို့ဘဲ Seohyun ကား​ပေါ်က ဆင်းတာနဲ့ ဘာတစ်​ခွန်းမှ မ​ပြောဘဲ ​ကျောင်းက​နေ Yoona ​မောင်းထွက်​သွားတယ်​..... Yoonaကားကို ကြည့်​ပြီး
" သူ ငါ့ကို စိတ်​ဆိုး​နေတာများလား ငါငြင်းလိုက်​လို့​လေ 💭💭💭💭"
"ဟိတ်​ Seo Juhyuk
ရုတ်​တရက်​ Amber ​ကြောင့်​ Seohyun လန့်​သွားတယ်
"အာ.... လန့်​လိုက်​တာ Amberရာ......"
"ဘာ​တွေ ဒီ​လောက်​ ​ငေး​နေလို့ လန့်​​နေရတာလည်း ​ပြောပါအုံး......."
"ဘာမှ မ​ငေးပါဘူး......."
"ဟုတ်​လို့လား.. .... ဒါနဲ့ မင်းရဲ့ ကားလည်း မ​တွေ့ပါ့လား...... ဘာနဲ့လာတာလည်း......"
"Yoong လိုက်​ပို့​ပေးတာ......"
"နင့်​ ချစ်​ချစ်​?....."
"Yrr......"
"ဘာလို့ ​အော်​တာလည်း ချစ်​ချစ်​ မဟုတ်​ဘူးလား......"
" 😒😒😒"
"ဒါဆို ခုန မင်း​ ​ငေး​နေတာက ချစ်​ချစ်​ရဲ့ ကားကိုလား....."
"မဟုတ်​ပါဘူးဆိုကွာ..... လာ အတန်းထဲ သွားမယ်​ ငါ စာမမှီတာ​တွေ ပြန်​ကူးချင်​လို့......."
"Ok ok ငါ ​မေးတာ မ​ဖြေ​သေးဘဲ စကားလမ်း​ကြောင်း လွှဲသွားတယ်​ 😜😜😜"
"Yrrrr......."
" အရမ်း မ​အော်​နဲ့ ဟိုမှာ ငါတို့ကို ၀ိုင်းကြည့်​​နေကြပြီ မင်းလည်း ​ယောင်္ကျားရပြီးမှဘဲ ပိုပြဲလာသလိုဘဲ ပါးစပ်​​ပြောတာ​နော်​ 😁😁 အသံကို ပြဲလန်​​နေတာဘဲ ​အော်​​နေတာများ yrr yrrနဲ့......"
Seohyun သူ့​ရှေ့က ​ခဲလုံးကိုလည်း ​ကောက်​လိုက်​​ရော Amber ​ပြောင်​ပြပြီး ထွက်​​ပြေးသွားတယ်​ Seohyun စာသင်​​နေ​သော်​လည်း စာထဲ အာရုံမ​ရောက်​ ညက Yoonaရဲ့ sexyကျတဲ့ bodyကိုဘဲ မြင်​​ယောင်​​နေတယ်
"Abs က​တော့ မိုက်​သား......"
စာသင်​ရင်း ရုတ်​တရက်​ Seohyun နှုတ်​က​နေ ထွက်​လာတယ်​..... Amberက​တော့ Seohyunကို အထူးအဆန်း အ​နေနဲ့ ကြည့်​​နေတယ်​...... ထမင်းစားချိန်​​ရောက်​​တော့ Seohyunကို Amber သူသိချင်​တာ​တွေ ​မေးပြီ​လေ
"Hyung Seo....... ငါ မင်းကို ​မေးစရာရှိလို့....."
Seohyun ထမင်းစားရင်း
"Omm ​မေး​လေ......"
"Absက​တော့ မိုက်​သား...... ခုန စာသင်​​နေတုံး မင်း ​ပြော​နေတာ​လေ အဲ့တာ ဘာကို ဆိုလိုတာလည်း......"
Amberရဲ့ ​မေးခွန်း​ကြောင့်​ Seohyun ထမင်း​တွေ နင်​ကုန်​တယ်..... Seohyunကို Amber ​ရေအမြန်​တိုက်​ပြီး ​ကျောကုန်း​လေးကို ပွတ်​​ပေးပြီး
"ဘာဖြစ်​လို့ နင်​​နေတာလည်း ငါ ဒါ​လေး ​မေးတာကို....."
"ဟို ဟို...... ဒီလိုဟာ သူ အင်္ကျီလဲ​နေတာကို ငါ မြင်​ပြီး ​ပြောမိတာ သူ့ Abs​တွေက မိုက်​တယ်​လို့ လိုချင်​တယ်​လို့ ​တွေး​နေတာပါ......"
Seohyunကို Amber မသင်္ကာတဲ့ မျက်​လုံးနဲ့ ကြည့်​လိုက်​ပြီး
"ဟုတ်​လို့လား 😌😌😌....."
"ဟုတ်​.... ဟုတ်​ပါတယ်​ဟ...."
"ဒါဆို မင်း ဘာလို့ စကား​တွေ ထစ်​​နေတာလည်း......😏😏😏😏"
"အာ.... မထစ်​ပါဘူး....."
"အပိုမ​ပြောပါနဲ့ကွာ ငါ မင်းနဲ့ ​ပေါင်းလာ ခင်​လာတာ ကြာပြီ သိလား..... မင်း အမူအရာ​တွေ ငါအကုန်​သိတယ်​ရယ်​ မင်းတို့ တစ်​ခုခုဖြစ်​ခဲ့တယ်​ မဟုတ်​လား Honeymoon မှာ​လေ....."
" ဘာမှ မဖြစ်​ခဲ့ပါဘူးကွာ ......."
"Sex မလုပ်​ခဲ့ဘူး​ပေါ့....."
"Hyung.... ငါက ​ယောင်္ကျား​တွေကို လုံးဝ စိတ်​မ၀င်​စားဘူးကွ sexကိစ္စလုပ်​ဖို့ဆို ပိုဆိုး​သေးတယ်​..... သူနဲ့ ငါနဲ့ တစ်​ကုတင်​တည်း အတူ အိပ်​​ပေမယ့်​ ဘာမှ မဖြစ်​ခဲ့ဘူး သူကလည်း ငါ့ကို ဘာမှ မလုပ်​ဘူး ငါကလည်း လက်​မခံဘူး..... "
"ဟုတ်​လို့လား......."
"ဟုတ်​တယ်​ မ​နေ့ညက သူ့​ကို ငါ ငြင်းလိုက်​တယ်​....."
Amber ​ရေ​သောက်​ရင်း သီးသွားတယ်
"ဘယ်​လို ငြင်းလိုက်​တယ်​ဆို​တော့ သူက ​တောင်းဆိုတာလား......"
" ​သူ့ပါးစပ်​က​နေ​တော့ မ​တောင်းဆိုဘူး ငါမရှင်းပြတတ်​ဘူးဟာ ဒါ​ပေမယ့်​ ငါ ငြင်းလိုက်​တယ်​..... အဲ့တာ​ကြောင့်​ သူ ငါ့ကို စိတ်​ဆိုး​နေတာ​နေမယ်​ စကားမ​ပြောဘူး...... စိတ်​ဆိုးလည်း မတတ်​နိုင်​ဘူး​လေဟာ ငါတို့က ဟန်​​ဆောင်​လက်​ထပ်​ထားတာ သူက ငါ့ကို ချစ်​တယ်​လို့ ​ပြော​ပေမယ့်​ ငါက သူ့ကို မချစ်​ဘူးဟာ......."
"မင်​ သူ့ကို မချစ်​တာ ​သေချာလို့လား Seo Juhyuk.  ......"
"​သေချာတာ​ပေါ့....."
Amber ​မေး​စေ့ကို လက်​နဲ့ပွတ်​ရင်း
" မင်း မိန်းက​လေး​တွေကို စိတ်​၀င်​စားလား...."
"ဘယ်​လို ...."
"ဒီလိုဟာ ငါဆို ​ယောင်္ကျား​လေး​တွေကို စိတ်​မ၀င်​စားဘူး မိန်းက​လေး​တွေ​တော့ စိတ်​၀င်​စားတယ်​ အထူးသဖြင့်​ Krystal ကို​လေ..... မင်း​ရော စိတ်​၀င်​စားတဲ့သူ ရှိလား...."
Seohyun ​ခေါင်းခါပြလိုက်​ပြီး
" မရှိဘူး 😫...."
Seohyunရဲ့ ပခုံးကို Amber ဖက်​လိုက်​ပြီး တစ်​​နေရာကို လက်​ညိုးထိုးပြလိုက်​သည်​။
"ဟိုမှာ မင်းညီမနဲ့ အတူ တွဲ​လျှောက်​လာတဲ့ first yearက မင်း ညီမ သူငယ်​ချင်း Joy သူ့ကို ကြည့်​လိုက်​ ချစ်​စရာမ​ကောင်းဘူးလား....."
Seohyun ​ခေါင်းခါပြလိုက်​သည်​။ Amberလည်း တခြား စားပွဲဝိုင်းမှာ ထိုင်​​နေတဲ့
Wendyတို့ကို လက်​ညိုးထိုးပြ​တော့လည်း Seohyun ​ခေါင်းခါပြ​နေတယ်​.....
"မင်းက မဟုတ်​​သေးပါဘူးကွာ ဘယ်​ မိန်းက​လေးကိုမှ စိတ်​မ၀င်​စားဘူးလား....."
Seohyun ​ခေါင်းညိတ်​ပြ​​တော့
"ဟာ ဟိုမှာ မင်း ချစ်​ချစ်​....."
Amber လက်​ညိုးထိုးပြရာကို Seohyun ချက်​ချင်း လှမ်းကြည့်​လိုက်​တယ်​.... ပြီး​တော့ ဘယ်​သူကိုမှ မ​တွေ့တာနဲ့ Amberကို Seohyun ရိုက်​လိုက်​တယ်​...... Amber သူ့ လက်​​မောင်းကို ပွတ်​ပီး
"အား.... နာတယ်​ဟ...."
"ငါ့ကို လှည့်​စားချင်​အုံး​လေ 😌😝😝"
" မင်း သူ့ကို စိတ်​၀င်​စား​နေပြီ....."
"ဘယ်​သူ့ကို....."
"Yoonaဆိုတဲ့ မင်းရဲ့ ချစ်​ချစ်​ကြီး​လေ....."
" စိတ်​မ၀င်​စားဘူး 😐"
" မဟုတ်​ဘူး မင်း စိတ်​၀င်​စား​နေတာ ငါ တခြား ​ကောင်​မ​လေး​တွေကို လက်​ညှိုးထိုးပြ​တော့ မင်း စိတ်​မ၀င်​စားဘူး မင်း ချစ်​ချစ်​လို့လည်း ​ပြော​ရော ချက်​ချင်းကို လှမ်းကြည့်​တာ မဟုတ်​မှန်းလည်း သိ​ရော မျက်​နှာလည်း ပျက်​သွား​သေးတယ်​......."
"ငါ တကယ်​ စိတ်​မ၀င်​စားတာပါ ငါက Tomboy​လေဟ...."
"မဟုတ်​ဘူး Seo...... မင်း စိတ်​ကို ​သေချာ ​မေးသင့်​ပြီ မင်း Tom ဟုတ်​မဟုတ်​ သူ့ကို စိတ်​၀င်​စား​နေတာ ဟုတ်​မဟုတ်​ဆိုတာ....... မင်းရဲ့ Appa ​ပြောသလိုဘဲ ငယ်​ငယ်​ကတည်းက ငါနဲ့ ​ပေါင်းလာလို့ မင်း ​ကိုယ်​မင်း Tomဆိုပြီး သတ်​မှတ်​ထား​ပေမယ့်​ အတွင်းစိတ်​က Tom မဟုတ်​တာလည်း ဖြစ်​နိုင်​တယ်​...... မင်း ​သေချာ စဉ်းစားကြည့်​လိုက်​ပါ....."
"Ok ok ငါ စဉ်းစားကြည့်​လိုက်​မယ်​ ည​နေ ငါ့အိမ်​လိုက်​ခဲ့....."
"ဘာလုပ်​မလို့လည်း.."
" မ​နေ့က စာ​တွေ ရှင်းပြခိုင်းမလို့....."
"Aww ok ok ငါ လိုက်​ခဲ့ပါမယ်​....."
Seohyun တို့လည်း စား​သောက်​ပြီး အတန်းထဲကို ၀င်​လာတယ်​......
Yoonaက​တော့ သူ့ အလုပ်​မှာ စာရင်း​တွေ ကြည့်​​နေရင်း ရုတ်တရက်​ ညက အ​ကြောင်း​တွေ မြင်​​ယောင်​လာတယ်​..... Seohyunက သူ့ကို ငြင်းလိုက်​တာကိုလည်း ပြန်​မြင်​​ယောင်​ပြီး Seohyunကို အားနာ​နေတယ်
"ညက ငါ့စိတ်​​တွေ ဘယ်​လို ဖြစ်​သွားတာလည်းကွာ Seoကို မျက်​နှာပူလို့ ​သေ​တော့မှာဘဲ 😷😷😷"
ရုတ်​တရက်​ ဖုန်းဝင်​လာတာနဲ့ Yoona အ​တွေး​တွေ ပြတ်​သွားတယ်​..... ဖုန်းဆက်​တဲ့သူက သူ့သူငယ်​ချင်း​ကောင်း Yulဖြစ်​​နေတာနဲ့ Yoona အမြန်​ဖုန်းကိုင်​လိုက်​တယ်​......

Tomboy​လေးရဲ့ ကိုကိုWhere stories live. Discover now