Tomboy​လေးရဲ့ ကိုကို (Part-10)

777 73 6
                                    

Seohyunတို့ နိုးလာပြီး Choi မိသားစုက​နေ Kim မိသားစုဆီ သွားဖို့ ပြင်​ဆင်​​နေကြပြီ​လေ
YoonHyunတို့ Choi မိသားစုကို နှုတ်​ဆက်​​နေကြတယ်
"Appa Omar ကျွန်​​တော်​တို့ Kim မိသားစုဆီ သွား​တော့မယ်​......"
"​အေးပါ Yoong မင်းက အိမ်​​ထောင်​ဦးစီး ဖြစ်​သွားပြီ​နော်​ ဘာဘဲ ဖြစ်​ဖြစ်​ Seohyun ကို ဂရုစိုက် နားလည်​​ပေးရမယ်​...... Seohyun nrr...... သူ Seohyunကို စိတ်​ညစ်​​အောင်​ လုပ်​ရင်​ Appaတို့ကို တိုင်​​ပြော​နော်​......"
"Nae Appa......"
Sunnyလည်း Yoonaကို ဖက်​လိုက်​ပြီး နှုတ်​ဆက်​​နေတယ်​......
Kim မိသားစုဆီ သွားတဲ့ လမ်းမှာ Yoona ကား​မောင်းရင်း မျက်​ရည်​ကျ​နေတယ်​...... Seohyun အပြင်​က မြင်​ကွင်း​တွေကို ​ငေး​နေရင်း Yoonaကို လှမ်းကြည့်​လိုက်​​တော့
"ဟင်​ နင်​ ငို​နေတာလား......"
Seohyunရဲ့ စကား​ကြောင့်​ Yoona မျက်​ရည်​​တွေကို သုတ်​လိုက်​ပြီး
"အာညီး ငါမငိုပါဘူး မျုက်​လုံးထဲ ဖုန်​၀င်​သွားလို့ပါ "
"ဟုတ်​လို့လား......."
"ဟုတ်​ပါတယ်​......"
"ငါတို့ တနင်္ဂ​နွေ​နေ့တိုင်း နင့်​မိဘ​တွေ အိမ်​သွားလည်​ကြမယ်​​လေ ဘယ်​လိုလည်း......"
Yoona ကား​မောင်းရင်း Seohyunကို ကြည့်​လိုက်​တယ်
"Hey.... ကား​မောင်းရင်း ငါ့ကို မကြည့်​နဲ့​လေ မ​တော်​တဆ ​ရှေ့ကကားကို တိုက်​မိသွားရင်​ ဘယ်​လိုလုပ်​မလည်း......"
Yoonaရဲ့ ပါး​ပေါ်က မျက်​ရည်​​တွေကို Seohyun တစ်​ရှူးနဲ့ သုတ်​​ပေးရင်း
"က​လေး​လေးကျ​နေတာဘဲ ငို​နေတာများ...... Mama boy အ​မေချစ်​ သား​လေး "
"တစ်​ခါမှ အခုလို အ​မေနဲ့ မခွဲဖူးလို့ပါ....."
"ဒါဆို ဘာလို့ မိန်းမယူ​နေတာလည်း တစ်​သက်​လုံး အ​မေနဲ့ ​နေ​ပေါ့ ဟွန့်​ ...."
"Aww... လူကြီး​တွေက သ​ဘောတူလို့​ရော ကိုယ်​က မင်းကို ချစ်​တဲ့ အတွက်​​ကြောင့်​ပါ ဟူး ငါ့ဘက်​က မင်းကို ချစ်​​ပေမယ့်​ မင်းက ငါ့ကို မချစ်​ဘူး မဟုတ်​လား ......."
Yoonaနဲ့ Seohyunတို့ ကြားထဲ တိတ်​ဆိတ်​မှုကြီး ၀င်​​ရောက်​လာတယ်​ သူတို့ Kim မိသားစု အိမ်​ကိုသာ ​ရောက်​သွားကြ​ပေမယ့်​ စကားတစ်​ခွန်း​တောင်​ ဆက်​မ​ပြောခဲ့ကြ​တော့ဘူး
Kim မိသားစု အိမ်​ကို ​ရောက်​​တော့
Seohyun သူ့ Omar Tiffanyကို ​ပြေးဖက်​လိုက်​တယ်
"Omar......."
"Aigoo ငါတို့ရဲ့ က​လေး​လေး......"
" အရမ်း သတိရ​နေတာ....."
"Omar လည်း သတိရပါတယ်​ Hyunnie ရယ်​....."
"Unnie....."
အခန်းထဲက​နေ Bae Chu ထွက်​လာပြီး Seohyunကို ​ပြေးဖက်​တယ်
"ငါတို့ Bae Chu​လေးကို သတိရ​နေတာ😭😭 ​နေပါအုံး ဘာ unnieတုံး....."
Bae Chuကို ဖက်​ပြီး Seohyun ရန်​​ထောင်​လိုက်​တယ်
"Unnie မို့ Unnieလို့​ခေါ်တာ​လေ Unnieက အခုဆို ​ယောင်္ကျား​တောင်​ ရသွားပြီ မကြာခင်​ဆို Omar​တောင်​ ဖြစ်​​တော့မှာကို chawက Unnieလို့ မ​ခေါ်ဘဲ ဘယ်​လို​ခေါ်ရမှာလည်း Unnie......"
"Stop နင့်​စကားထဲမှာတင်​ Unnie​တွေ များ​နေပြီ......."
" 😜😜"
"ဒီညီမ နှစ်​​ယောက်​က​တော့ ​အခုမှ ​ပြန်​​တွေ့တာကို ရန်​ဖြစ်​​နေပြန်​ပြီ "
Taeyeon အသံ​ကြောင့်​ Seohyun သူ့ Appaကို ​​ပြေးဖက်​လိုက်​သည်​။ Yoonaက​တော့ သူတို့မိသားစုကို ကြည့်​ပြီး သ​ဘောကျ​နေတယ်
မိန်းက​လေး သုံး​ယောက်​က​တော့ သူတို့ အခန်းထဲမှာ အလွမ်းသယ်​​နေကျချိန်​ Yoonaက​တော့ သူ့​ယောက္ခထီး Taeyeon နဲ့ စကား​ပြော​နေတယ်
"Hyunnie​လေးကို ဂရုစိုက်​ပြီး ချစ်​​ပေးလို့ ​ကျေးဇူးကွာ....."
"ရပါတယ်​ Appa 😊"
Yoonaက သူ့ကို Appaလို့ ​ခေါ်လို့ Taeyeon သ​ဘောကျသွားတယ်
"Appa?.."
"ဟုတ်​ ​ခေါ်လို့ မရဘူးလားဟင်​ သ​ဘောမကျလို့လား အဲ့တာဆိုရင်​ အရင်​ကလို Uncle Taeyeonလို့ဘဲ ​ခေါ်​တော့မယ်​ 😢😢"
"မဟုတ်​ပါဘူး သ​ဘောကျပါတယ်​ ​ခေါ်ပါ......"
"Nae Appa 😍😍"
"မင်းနဲ့​တွေ့မှ Hyunnie​လေး နည်းနည်း နူးညံ့ပြီး မိန်းက​လေး စိတ်​ နည်းနည်း ၀င်​လာတယ်​.....အရင်​ကဆို အခုလို မဟုတ်​ဘူး သူရှိရင်​ကို တစ်​အိမ်​လုံး ဆူညံ​နေတာ......."
"Hyunnie က ဘယ်​လိုဖြစ်​ပြီး ​ယောင်္ကျားစိတ်​ ၀င်​သွားတာလည်း......"
"မင်းရဲ့ Omar Fany​ကြောင့်​လည်း ပါတယ်​ သူအလိုလိုက်​လို့......"
"Aww.... စိတ်​မပူပါနဲ့  Appa ကျွန်​​တော်​ သူ့ကို မိန်းမစိတ်​ ၀င်​​အောင်​ ဖြည်းဖြည်းချင်း လုပ်​ယူပါမယ်​..   "
Yoonaရဲ့ စကားကို Taeyeon မည်​သို့ အထာ​ပေါက်​သွားတယ်​မသိ မျက်​မှန်​ကြီး ပင့်​လိုက်​ပြီး
"ဟင်​ 😨"
Yoonaလည်း သူ့စကား အဓိပ္ပါယ်​ကို တမျိုး အဓိပ္ပါယ်​​ပေါက်​သွားပြီး
"အာ..... ကျွန်​​တော်​ ဆိုလိုတဲ့ အဓိပ္ပါယ်​က​လေ သူ့ကို မိန်းက​လေးစိတ်​ ၀င်​​အောင်​ တဖြည်းဖြည်းချင်း ပုံသွင်းယူမယ်​လို့ အာ့လို ​ပြောတာပါ 😁😁😁"
Fany တို့ အခန်းထဲမှာလည်း
"Unnie chaw​လေ တူ​လေးလိုချင်​လို့ "
"ဘာတူလည်း သံရိုက်​တဲ့ တူလား ​ခေါက်​ဆွဲစားတဲ့ တူလား......"
"အာ...... Unnie ကလည်း chaw​ပြောတာက လူကို ​ပြောတာ Unnie က​မွေးမယ့်​ သား​လေး chawရဲ့ တူ​လေး အာ့ကို​ပြောတာ......"
"ဒီက​လေးက​တော့ ဘာ​တွေ ​လျှောက်​​ပြော​နေတာလည်း မသိဘူး Omar​ ​ပြောအုံး Bae Chuကို....."
"Omarလည်း ​မြေးချီချင်​တယ်​ Hyunnie......"
"ကဲ ​တွေ့လား Unnie..... Omarကလည်း ​မြေး ချီချင်​တယ်​တဲ့ ဒီညဘဲ အမြန်​ အ​ကောင်​အထည်​ ​ဖော်​လိုက်​​တော့....."
"တယ်​ ဒီက​လေးမ​တော့....."
Seohyunလည်း ရှက်​ရမ်းရမ်းပြီး Bae Chuကို လိုက်​ရိုက်​​နေတယ်​ သူတို့ ညီမနှစ်​​ယောက်​ ခြံထဲမှာ ​ပြေးလွှား​ဆော့​နေကြတယ်​...... Yoonaနဲ့ Taeyeon တို့က သူတို့ကို ကြည့်​ရင်း
"​ဟော ​ပြောလို့မှ မဆုံး​သေးဘူး ​တွေ့လား ​ဆော့​နေကြပြန်​ပြီ Seohyunဟာ​လေ အိမ်​​ထောင်​​တောင်​ ပြုပြီးပြီ အခုထိ က​လေးစိတ်​ ၀င်​​နေတုံး......"
"သူ က​လေးစိတ်​၀င်​​နေတာ ​ကောင်းတာ​ပေါ့ အဲ့တာမှ ဘယ်​​ယောင်္ကျား​လေးကိုမှ သူစိတ်​မ၀င်​စားမှာ ပြီး​တော့ သူ Tomboy ဖြစ်​​နေတာကို ကျွန်​​တော်​ သ​ဘောကျတယ်​ Appa....."
Yoona စကားကို နား​ထောင်​ပြီး Taeyeon အံ့သြ​နေတယ်
"​ဟေ ဘာလို့ သ​ဘောကျတာလည်း....."
"ဒါမှ သူ့ကို ဘယ်​ ​ယောင်္ကျား​လေးကမှ စိတ်​မ၀င်​စားမှာ​လေ ​ယောင်္ကျား​လေး ​တော်​​တော်​များများက Tomboyဆို မုန်းကြတယ်​ မကြိုက်​ကြဘူး အဲ့တာ​ကြောင့်​....."
"​ယောင်္ကျား​လေး​တွေက Tomboyကို မုန်းတယ်​ဆို​တော့ မင်းကဘာလည်း......"
"Appaကလည်း ကျွန်​​တော်​ ​ပြောတာက ​ယောင်္ကျား​လေး ​တော်​​တော်​များများလို့​ ​ပြောတာ​လေ ......"
"HA HA ဟုတ်​ပါပြီကွာ. ....
Kim Family နဲ့အတူ ညစာစားရင်း
" Appa...... Chawတို့က ဘယ်​မှာ အိပ်​ရမှာလည်း ....."
"သမီးတို့ရဲ့ အိမ်​မှာ အိပ်​ရမှာ....."
Taeyeonရဲ့ စကား​ကြောင့်​ YoonHyunတို့ အံ့သြသွားတယ်
"ဗျာ..."
"ရှင်​...."
"ငါ မင်းတို့ အတွက်​ အိမ်​တစ်​အိမ်​ ၀ယ်​​ပေးထားတယ်​ အဲ့မှာ မင်းတို့ ​နေရမှာ..... ပြီး​တော့ မနက်​ဆို အ​ဒေါ်ကြီး တစ်​​ယောက်​ ​ရောက်​လာပြီး မင်းတို့ အတွက်​ မနက်​စာ ပြင်​​ပေးလိမ့်​မယ်​ ပြီး​တော့ မင်းတို့ရဲ့ အိမ်​ကို ရှင်း​ပေးလိမ့်​မယ်​....."
"Appa...."
"Hyunnie သမီးက အိမ်​​ထောင်​သည်​​လေ ကိုယ့်​အိမ်​နဲ့ကိုယ်​ ​နေရမယ်​​လေ မိဘ​တွေနဲ့ အတူ က​လေးတ​ယောက်​လို ​နေလို့မရဘူး ကိုယ်​က အိမ်​​ထောင်​သည်​ ဖြစ်​​နေုပြီ လူကြီး ဖြစ်​​နေပြီ​လေ ....."
"Omarကလည်း မကြာမကြာ Hyunnie ရဲ့ အိမ်​ကို လာလည်​မှာပါ......"
Seohyunက​တော့ ဘာမှ မ​ပြောဘဲ မျက်​ရည်​​လေးသာ ၀ဲ​နေတယ်
Kim မိသားစုဆီက​နေ ထမင်းစားပြီး​နောက်​ သူတို့ရဲ့ အိမ်​အသစ်​ကို ​ထွက်​လာကြတယ်​.....
Yoona ကား​မောင်း​နေရင်း ငို​နေတဲ့ က​လေးမ​လေး Seohyunကို တစ်​ရှူး​ပေးလိုက်​တယ်
"Gomawo.... "
Seohyunတို့ သူတို့ အိမ်​ကို ​ရောက်​​တော့
"Woo အိမ်​က အကျယ်​ကြီးဘဲ မိုက်​တယ်​ 😍😍😍"
"Yoong နင်​က ဧည့်​ခန်းမှာ အိပ်​......"
"ဘာလို့ အိပ်​ရမှာလည်း ကိုယ်​လည်း အခန်းထဲ လာအိပ်​မှာ​ပေါ့...."
"ငါတို့က ဟန်​​ဆောင်​လင်​မယားဆိုတာ နင်​ ​မေ့သွားပြီလား....."
"ခုန မင်း Appa ​ပြောတဲ့ အ​ဒေါ်ကြီးဆိုတာ​ရော ​မေ့သွားပြီလား......"
" 😒😒"
"ရတယ်​​လေ ဧည့်​ခန်းမှာ အိပ်​လိုက်​မယ်​ အ​ဒေါ်ကြီးက မနက်​ကျ ထမင်းလာချက်​ရင်း ဧည့်​ခန်းမှာ အိပ်​​နေတဲ့ ကိုယ့်​ကို ​နေ့တိုင်းလိုလို ​တွေ့​နေရ​တော့ Appa Taeyeonကို ​ပြောမယ်​ Appaက
ကိုယ့်​ကို ဘာလို့လည်းလို့ ​မေးရင်​ ကိုယ်​ အမှန်​တိုင်း ​ဖြေလိုက်​မယ်​​လေ...... "
" 😒😒 မအိပ်​နဲ့ အခန်းထဲ လာအိပ်​......"
Yoona ​အောင်​နိုင်​သူ ပီပီ ရယ်​လိုက်​တယ်
"Hahahahahaha"
"ရယ်​တာကိုက မြန်​မာကားထဲက လူယုတ်​မာ အသံနဲ့ 😕😕😕😕"
"ဘာ​ပြောတယ်​....."
"ဘာမှ မ​ပြောပါဘူး....."
"ကိုယ့်​ကို လူယုတ်​မာလို့ ​ပြောလိုက်​တယ်​ မဟုတ်​ဘူးလား...."
"ဘယ်​တုံးက....."
Seohyunကို Yoona ​ပွေ့ချီလိုက်​ပြီး
"လူယုတ်​မာ ဆိုတဲ့ နာမည်​အတိုင်း ယုတ်​မာရတာ​ပေါ့ 👿..."
အခန်းထဲကို ၀င်​သွားတယ်

Tomboy​လေးရဲ့ ကိုကိုHikayelerin yaşadığı yer. Şimdi keşfedin