Yoonaလည်း Seohyun ဆွဲခေါ်ရာနောက် ပါလာလေသည်။ အခန်းထဲကို ရောက်တော့ နှစ်ယောက်သား ပြောစရာ စကားမရှိဘဲ စက္ကန့်အတော်ကြာအောင် ရပ်နေမိကြသည်။ ခဏကြာတော့ Seohyun ဘက်က အသံထွက်လာတယ်....
"အဟမ်း...... ငါ အိပ်ချင်လို့ နင့်ကို ခေါ်လာတာ တစ်မျိုး မထင်ပါနဲ့.. ..... "
Seohyun ပြောတဲ့ စကားကြောင့် Yoona တစ်မျိုး တကယ်ထင်သွားရှာတယ်
"ဟင် အိပ်ချင်လို့ ဟုတ်လား 😳😍....."
Yoonaပြောတဲ့ စကားရဲ့ အဓိပ္ပါယ်ကို သိပြီး Seohyun သူ့စကားပြောတာ လိုသွားတယ်ဆိုတာ သိလိုက်ရတယ်
"ဟာ..... ငါပြောတာ အဲ့လို မဟုတ်ဘူးလေကွာ..... ငါက အိပ်ချင်လို့ အခန်းထဲ ၀င်အိပ်မယ် ပြီးတော့ ငါ့အကျင့်က တံခါးကို lock ချပြီး အိပ်တတ်တယ်လေ..... အဲ့တော့ နင်ပြန်လာတဲ့ အချိန် တံခါးလော့ချထားတော့ နင်က တံခါးခေါက်မယ် ငါက နိုးရပြီး ထဖွင့်ရမယ်ဆိုတော့ ငါအိပ်ရေးပျက်တာ မလိုလားလို့......"
"Aww ဒါများ Seoရယ် ကိုယ် Reception မှာ အခန်း Key card တောင်းပြီး အခန်းထဲ ၀င်လာ လို့ ရတာဘဲကို..... "
"ဒါပေမယ့်...... ဟဲ့ နင် ဒါနင့်အဖေပိုင်တဲ့ hotelဆိုတာ သတိရသေးရဲ့လား......."
Seohyun အသံနည်းနည်း မြှင့်သွားလို့ Yoona လန့်သွားတယ်....
"ဟင် ဘာလို့....."
"နင့် အဖေ Hotelရှေ့မှာ တခြားကောင်မလေးနဲ့ အသားကင်တွေ စားနေတာလေ......"
"Aww သ၀န်တိုနေတာလား......."
"တိုစရာလား..... နင့်အဖေ တပည့်တွေက နင်နဲ့ ဟိုတယောက်ကို မြင်ပြီး နင့်အဖေကို ဖုန်းဆက်ပြောမယ် နောက်ကျ နင့်အဖေရော ငါ့အဖေပါ ငါတို့ကို သံသယ၀င်လာမှာ စိုးရိမ်လို့ သိလား နင်ပြောသလိုလေ 😌😌😏😏 သ၀န်တိုစရာကတော့ တစ်စက်မှ မရှိဘူး သိလား......"
Seohyun သူပြောချင်တာ ပြောပြီး ကုတင်ပေါ်မှာ လှဲအိပ်လိုက်တယ်...... Yoonaလည်း ကုတင်ပေါ် အိပ်လိုက်တော့ Yoonaနဲ့ ဆန့်ကျင်ဘက်ကို Seohyun လှည့်အိပ်သွားတယ်.....
Yoonaကတော့ နဖူးပေါ် လက်တင်ပြီး
"Seo......."
"ဘာလည်း........"
" မနက်ဖြန်ဆို ကိုယ်တို့ ပြန်ရတော့မယ်နော် မင်းက ကျောင်းလည်း တက်ရအုံးမှာဆိုတော့......"
"အဲ့တော့......"
"အဲ့တာကြောင့် အိပ်တော့လို့ နေ့လည်ကျ ပြန်ရမယ်ဆိုတော့ မနက်ကျ အထုပ်အပိုးတွေ ပြင်ရမှာဆိုတော့လေ......"
"ကောင်းပြီ......"
"Seo......."
"Omm ပြော......"
"ကိုယ်လေ..... စည်းတစ်ခုကို အစကတည်းက ဖောက်ထားတယ် သိလား......"
Yoonaရဲ့ စကားကြောင့် Seohyun လန့်သွားပြီး ထထိုင်လိုက်တယ် ပြီးတော့ စောင်ကို ဆွဲခြုံပြီး
"ဟဲ့ ငါအိပ်နေတုံး နင်ဘာတွေ လုပ်ထားတာလည်း......"
"ဟာ.....ကိုယ်ပြောတာက မင်းထင်တဲ့ အဓိပ္ပါယ်မဟုတ်ဘူးဟ......"ဆိုပြီး Yoona လက်ကို ကာပြရင်း ပြောလိုက်တယ်...
"ကိုယ်ပြောတာကလေ မင်းနဲ့ကိုယ်နဲ့ ဟန်ဆောင်လက်ထပ်ထားတာ မဟုတ်လား......"
"အေး......"
"ဒါပေမယ့် ကိုယ်ကတော့ မဟုတ်ဘူး..... ကိုယ် မင်းကို ချစ်တယ်..... မင်းဘက်က ဟန်ဆောင်ပေမယ့် မင်းအပေါ်မှာ ကိုယ်ခံစားချက်ရှိတယ်......"
Yoona ပြောလိုက်တဲ့ စကားကြောင့် Seohyun ရုတ်တရက် ရင်တွေ ခုန်သွားတယ်...... ဒါပေမယ့် Yoonaရဲ့ ရှေ့မှာတော့
"ငါ့ဘက်က ခံစားချက်တွေ မရှိဘူး ရှင်းလင်းတယ်........ ငါ အိပ်ချင်နေပြီ စကားတွေ ထပ်မပြောနဲ့တော့ ....."
"ကောင်းပြီလေ 😔😔 Good night......"
Seohyunရဲ့ နဖူးကို Yoona နမ်းလိုက်ပြီး တခြားဘက်ကို လှည့်အိပ်လိုက်တယ်. ......
Seohyunကတော့ ခုန Yoonaရဲ့ စကားကြောင့် ရင်တွေခုန်နေပါတယ်ဆို ခု Yoonaက သူမရဲ့ နဖူးကို နမ်းလိုက်တော့ ပိုပြီး ရင်ခုန်သံ မြန်လာတယ်......
"အာ..... စိတ်ထိန်း စိတ်ထိန်းစမ်း 💭💭💭💭💭💭...."
✂✂✂✂✂✂✂✂✂✂✂✂✂
ဂျယ်ဂျူ ကနေ YoonHyunတို့ ပြန်ရောက်လာပြီလေ.... Seohyunရဲ့ အိမ်မှာ လက်ထပ်ပြီးရင် နေရမယ်ဆိုတဲ့ စကားကြောင့် ပထမဆုံး Yoona သူ့အဖေတို့ကို လာတွေ့တယ်လေ
Choi မိသားစု အိမ်ထဲလည်း ၀င်ရော သူ့အမေ Sunnyက ဆီးကြိုနေပြီ Yoonaကို ပြေးဖက်လိုက်တယ်.....
"Yoongie....."
"Omar.....😭😭😭 Omarတို့ကို အရမ်းသတိရနေတာ....."
Sooyoungလည်း စာကြည့်ခန်းက ထွက်လာတာ့ Sooyoungကို Yoona ပြေးဖက်လိုက်သည်။
"Appa.......... 😭😭😭"
Sooyoungလည်း Yoonaကို ပြန်ဖက်လိုက်ပြီး
Seohyunကတော့ Yoonaကို ကြည့်ပြီး
"သူ့မိဘတွေနဲ့ တွေ့တော့လည်း သူက ကလေးလေးလို ဖြစ်နေတယ် cute..... ဘာလည်း ငါက သူ့ကို cuteလို့ ပြောလိုက်တာလား 😵....💭💭"
နေ့လည်စာ စားကြတော့ ပထမဆုံး Yoona မှာ သူ့အဖေရဲ့ ထမင်း ပန်းကန်ထဲ ဟင်းတွေ ခပ်ထည့်ပေးတယ် ပြီးနောက် သူ့အမေ ပန်းကန်ထဲ ဟင်းတွေ ခပ်ထည့်ပေးတယ်...... သူ့မိဘတွေကို ဦးချလို့လည်း ပြီးရော Seohyunထဲကို ဟင်းတွေ ထည့်ပေးတယ်.....
'Seo..... စား ဆာနေတာ မဟုတ်လား...."
"Gomawo......"
"ဂျယ်ဂျူ မှာ ပျော်ခဲ့ကြရဲ့လား....."
YoonHyun နှစ်ယောက် Sooyoungရဲ့ မေးခွန်းကို ပြိုင်တူ ဖြေလိုက်ကြတယ်...
"Nae..... ပျော်ပါတယ်......"
"Appa မင်းတို့ရဲ့ သတင်းတွေ ကြားထားတယ်....."
Sooyoungရဲ့ စကားကြောင့် YoonHyunတို့အတွဲ ဘာသတင်းတွေ ကြားထားလို့လည်း ဆိုပြီး လန့်သွားတယ်...... Sooyoungကတော့ ထမင်းအေးဆေး စားရင်း
"မင်းတို့ နှစ်ယောက် အရမ်းချစ်တဲ့ အကြောင်းတွေကို ဂျယ်ဂျူ က ငါ့ ၀န်ထမ်းတွေ ပြောကြလို့ အကုန်သိပြီးပြီ....."
ထိုအခါမှဘဲ YoonHyunတို့ သက်ပြင်းချလိုက်ကြတယ်......
"Honeymoon Babyလေး ပါခဲ့လား..... မင်းရဲ့ Omarက တယောက်တည်းနေရတာ ပျင်းတယ်တဲ့ မြေးတွေကို ချီချင် ထိန်းချင်နေပြီတဲ့....."
Sooyoungရဲ့ စကားကြောင့် Seohyun ရှက်ပြီး မျက်နှာကြီးနီရဲနေတယ်....
"အာ...... Appaကလည်း ဘာတွေ ပြောနေတာလည်း ရှက်စရာကြီး......"
Sooyoungလည်း ရယ်လိုက်ပြီး
"ဟုတ်ပါပြီကွာ...... စားပြီးရင် မင်းအခန်းထဲမှာ နှစ်ယောက်သား အေးဆေး နားလိုက်ကြအုံး ညနေမှ Taeyeonတို့ကို သွားနှုတ်ဆက်ပေါ့ ဟုတ်ပြီလား......"
"Nae......"
Yoonaရဲ့ အခန်းထဲကို Seohyunရောက်တော့ Yoonaရဲ့ တစ်ခန်းလုံး သန့်ရှင်းနေတာကို တွေ့ရတယ် စာကြည့်စားပွဲမှာလည်း စာအုပ်တွေ အစီအရီ အပြင် စာအုပ်ဗီဒိုလေးပါ တွေ့ရတယ်...... ပြီးတော့ သူငယ်ငယ်က ရိုက်ထားတဲ့ ပုံလေးတွေ ကြည့်ပြီး Seohyun ပြုံးနေတယ်....
Yoona သူအဖေတို့နဲ့ စကားပြောပြီး အခန်းထဲ ၀င်လာတော့ သူ့ရဲ့ ဓာတ်ပုံတွေကို ကြည့်နေတဲ့ Seohyunကို တွေ့တယ်...
"ဘယ်လိုလည်း ကိုယ်ငယ်ငယ်က ချစ်ဖို့ကောင်းတယ်ဟုတ်......"
"Omm ငယ်ငယ်က ချစ်ဖို့ကောင်းတယ် ကြီးလာမှသာ ဘာပုံကြီးမှန်းမသိ 😷😷"
Seohyunရဲ့ စကားကြောင့် Yoona ရယ်လိုက်တယ်.....
"Haha အေးပါကွာ.... မင်းကတော့ ငယ်ငယ်လေးတုံးရရော ခုထိရော အရမ်းချစ်ဖို့ကောင်းတယ်သိလား....."
Seohyun ရဲ့ မျက်လုံးတည့်တည့်ကို ကြည့်ပြီး Yoonaပြောလိုက်တယ်....... Seohyun ရှက်ပြီး အကြည့်လွှဲလိုက်တယ် ပြီးတော့ စကား လမ်းကြောင်းပါ လွှဲလိုက်တယ်
"နင် ငယ်ငယ်တုံးက စာတော်တယ်ထင်တယ်....."
"အင်း ဟုတ်တယ် ဘာလို့လည်း... "
Seohyun ဗီဒိုထဲက ဆုဖလားတွေ ဆုတံဆိပ်တွေကို လက်ညိုးထိုးပြပြီး
"ဟိုမှာလေ ဆုတွေ အများကြီးဘဲ ......"
"Omm ဟုတ်တယ် အဲ့တာ ကိုယ် စာတင်မကဘူး အားကစားပြိုင်ပွဲမှာ ၀င်ပါပြီး နိုင်ထားလို့ ရတဲ့ဆုတွေ ဥပမာ အပြေးပြိုင်ပွဲတို့ ဘောလုံးပွဲတို့လေ....."
"ဘာလည်း မီတာ ၅၀ အပြေးပြိုင်ပွဲလား ခြေမသန်တဲ့ သူတွေနဲ့ ဘောလုံးကန်တဲ့ ပွဲလား....."
"Haha နောက်တတ်တယ်နော် ခရီးပန်းလာတာဆိုတော့ ခဏ နားလိုက်အုံးလေ ညနေကျ Omar Fanyတို့နဲ့ မတွေ့ခင် ခဏအိပ်လိုက်အုံး......ကိုယ်လည်း အိပ်ပြီ....."
YoonHyun နှစ်ယောက်လည်း ခရီးပန်းလာလို့ စကားဆက်မပြောကြတော့ဘဲ အိပ်ပျော်သွားကြတယ်