Episode-3

298 30 0
                                    


ကျွန်တော်သည်လည်းကုမ္မဏီ အလုပ်တွေနှင့်မအား
သူသည်လဲသူ၏ ကျောင်းကိုခွင့်တင်ထားသည့် ပျက်ရက်ကများနေပြီ

မင်္ဂလာဆောင်သည် နောက်အပတ်ထဲတွင်ဖြစ်သည်
အကုန်လုံးက ပြာယာခတ်နေကြသော်လည်း မင်္ဂလာဆောင်မည့်ပုဂ္ဂိုလ်နှစ်ဦးသည် အေးဆေးစွာပင်
မသိလျင် သူတို့နှင့်ဘာမှမဆိုင်သည့်အတိုင်း

မင်္ဂလာဝတ်စုံကိုလဲ မိဘတွေစိတ်တိုင်းကျ ကြိုက်တာသာ ရွေးယူစေသည်

ဟိုကောင်လေးနှင့်ကျွန်တော်၏ ဆက်ဆံရေးသည်ယခင်ကထက်ပင်ပို၍ကောင်းလာသည်ဟုပြော၍ ရသည်

မိဘ များ၏ စိတ်တိုင်းကျ ကျွန်တော်တို့နှစ်ယောက်သည် အလုပ်ကိုယ်စီနှင့်မအားသည့် ကြားကပင် ည ဘက်ကို ဖုန်းပြောဖြစ်ကြသည်

ကျွန်တော် ကုမ္မဏီ က အပြန်တွင် luluလေးအား ကျောင်းကြိုရင်
အနှီ ပေါက်စ ကိုပါ ဝင်ကြိုရသည်

ဒီနေ့ တော့ အလုပ်က အစောပြန်၍ သူ့အားဝင်ကြိုရသည်
Luluလေးကို ဒီနေ့ သူ့ရဲ့ Emoine jaejaeတစ်ယောက်ဝင်ခေါ်သွားပြီတဲ့လေ

ကျွန်တော် သူ့အားစောင့်နေ၍ ပျင်းလာသည် ဖြစ်၍ ကားပေါ်မှ ဆင်းလာပြီး သူတို့ ဆရာတွေနားတဲ့အဆောင်ဖက်ကိုသွားတော့
သူက အတန်းချိန်ဝင်နေသည်တဲ့

ကျွန်တော်လဲ room noမေးပြီး သူစာသင်နေသည့် အခန်းရှိရာသို့
ခြေလှမ်းလျက်

ကျွန်တော်သည် ပုံမှန်အားဖြင့် စပ်စုတဲ့သူမဟုတ် သို့သော်
ထို ငဂျစ် လေး စာသင်သည့်ပုံကိုတော့တွေ့ဖူးချင်သည်

သူသည် အမြဲကလေးဆန်စွာ နေတက်သည်မဟုတ်လား

ကျွန်တော် သူ့အခန်းရှေ့ရောက်တော့ တစ်ခန်းလုံးနီးပါး ငြိမ်နေ၏

အခန်းထဲ၌ ကျောင်းသားများအားစာသင်ပြပေးနေသည့်သူသည်
ဟို ငဂျစ် ပေါက်စလေး ပုံစံ နှင့် နည်းနည်းမှပင်မတူ

*သူက ဒီလိုဆိုတော့လဲ လူကြီးပေါက်စန လေးပါပဲလား*

ကျွန်တော် ပြုံးမိသည် ထင်၏

အခန်းထဲ မှ ကျောင်းသားလေးတွေကို တစ်ချက်showကြည့်လိုက်တော့ တစ်တန်းလုံး ငြိမ်နေရသည့်အကြောင်းအရင်းကိုနားလည်လာသလိုလို....

♡Touch Love ♡Where stories live. Discover now