Episode-2

367 35 0
                                    

အရင်အပတ်ထဲက ကျွန်တော်နဲ့ ဟိုလူ့ဂွစာကြီးနဲ့ မတွေ့ဖြစ်သည်မှာ တစ်ပတ် ပင်ရှိတော့မယ်ထင်တယ်

ဒီနေ့တော့ ကျွန်တော် တို့ နှစ်ယောက် မေမေတို့က မင်္ဂလာဝတ်စုံကို ရွှေးဖို့အတွက် နှစ်ယောက်လုံးကို အတူသွားခိုင်းတော့ မတွေ့ချင်တဲ့ အဲ့ လူကြီးရဲ့အခွက်ကို တွေရအုံးမယ် ဟင့်

တီ ...တီ....

အတွေးတွေ မည်မျလွန်နေသည်မသိ အိမ်ရှေ့မှ ကားဟွန်းတီးသံကြားမှ အိပ်မက်မှယောင်လာသူတစ်ယောက်ကဲ့သို့ အတွေးကမ္ဘာထဲမှ ကယောင်ခြောက်ယားရယ်နဲ့

"သားရေ baekbaek အိမ်အောက်ဆင်းခဲ့တော့ သားလေးchanyeolရောက်လာပြီ "

"လာပြီ မေမေ "

မွေးမာတာ ကျေးဇူးရှင် ၏အသံကြားမှကျွန်တော်သည် အိမ်အောက်သို့ဆင်းလာမိ၏
အိမ်အောက်တွင်တော့ မေမေသည် ကျွန်တော်အားပြုံး၍သာကြည့်နေလျက်

မေမေပြုံးရင် အရမ်းလှသည် ပြုံးလိုက်ရင်ချိုင့်ဝင်သွားသော ပါးချိုင့်လေးတစ်ခု က သိပ်ကို အိနြေ္ဒရှိလှသည်

မေမေ၏ အမွေတစ်ခုအဖြစ်ကျွန်တော့်တွင်လဲ လေးထောင့်ပုံစံပါးချိုင့်လေးတစ်ခုပါသည်ကိုတော့ ငြင်းမရ

ရှေးရိုးဆန်သော မေမေသည် ဘာအတွက်ကြောင့်များ ထိုလူနှင့်ပေးစားသည်ကိုမသိ

" ဟော ...ဟော ...ပြောရင်းဆိုရင် ဆင်းလာပြီ မောင်ရင်ရေ
သားလေးကို ဂရုစိုက်ပါကွယ် သူက
တစ်ဦးတည်းသောသားလေးဆိုတော့သိပ်ဆိုးတာ "

"အာ ဖေဖေကလည်း.....ဟိုလူကြီးလာသွားမယ် "

ဖေဖေ သည် ကျွန်တော့်အားပြုံး၍ကြည့်ပြီးသူ့အားဆိုလာသည်ကို
ရှက်သည် မဟုတ်သော အရှက်တစ်ခုဖြင့်ပြန်ပြောလိုက်မိသည်

နောက်ဖက်တွင်တော့ ဖေဖေတို့၏ ရယ်သံလွင်လွင်က လွင့်ပျံလာ၏

ကားထဲတွင်တော့ သူရောကျွန်တော်ပါ စကားမပြောဖြစ်ကြ
တစ်ယောက်ကိုအတွေးကိုယ်စီနဲ့ပင် ......
နောက်ခန်းထဲတွင်ရှိနေluluလေးသည်လဲ အိပ်မောကျလျက်သာ

ကျွန်တော်သည် သူ့အားအမှတ်တမဲ့ ကြည့်လိုက်မိချိန်

*ဒီလူကြီး တော်တော်ချောတာပဲ* ဟူ၍ပင်တွေးလိုက်မိသေး

♡Touch Love ♡Where stories live. Discover now