Episode-15

247 14 0
                                    

ကိုယ်က စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်နေခဲ့သည့်အတွက်  ဘယ်နေရာသွားသွား အသိမိတ်ဆွေ တွေနဲ့မလွတ်သလို

လာရောက် မိတ်ဆွေဖွဲ့သူများနှင့်လဲ
စကား ပြောမပြတ်

ဝိုင် တစ်ခွက်ကို ကိုင်ကာ ဧည့်သည်တွေနဲ့ စကားပြောနေပြန်တော့
ဖေဖေက ကျွန်တော့် ပုခုံးကို တစ်ချက်မျ လာပုတ်ပြီး
နား နားကို ကပ်ကာ စကားပြော ချင်တယ်ဆို၍
ဧည့်သည်တွေကို နှုတ်ဆက်ပြီး

ဖေဖေနဲ့ အတူ ဟော်တယ် အပြင်ဘက်ကို ထွက်လာပြီး
ကမ်းခြေရဲ့အစပ်နားမှာ ယှဉ်တွဲကာ လမ်းလျောက်နေမိပေမဲ့
နှစ်ယောက်ကြားက လေဟာနယ် တစ်ခုကတော့ တိတ်ဆိတ်ငြိမ်သက်လို့

"ဟင်း!   "

ပထမ ဦးဆုံး တိတ်ဆိတ်နေတဲ့ လေထုကို ရိုက်ခတ်သွားသည့် အသံတစ်ခုက ဖေဖေ့ရဲ့ သက်ပြင်းချသံတစ်ခုသာ

"ဖေဖေ့ကို အရင်လို စကားပြန်ပြောဖို့က တစ်နှစ်ဆိုတဲ့ အချိန်ကာလ က သိပ်မလုံလောက်သေးလို့လား "

ဟုတ်ပါရဲ့  သားအဖ ဆိုတဲ့ ကြားမှာ
ပြောစရာ စကား မရှိပဲ  မပြောဖြစ်ခဲ့တဲ့ စကားတွေက နည်းလွန်းတာမှမဟုတ်ခဲ့တာ

ချွေးမ ဆိုပေမဲ့  သမီးအရင်းလိုပဲ ခင်တွယ်လာခဲ့တဲ့ yooyoung noona နဲ့ ဖေဖေ တို့ရဲ့ သမီး ယောက္ခမ သံယောဇဉ်ကိုမှ မထောက်

Noona ကားတိုက်မှုဖြစ်လို့ ဆေးရုံတက်ရပြီး ဆုံးပါးသွားတဲ့အချိန်အထိ အမေရိကားမှာရှိတဲ့  ဖေဖေရဲ့ ရှယ်ယာရှင် အစည်းအဝေးပွဲ ကိစ္စတစ်ချို့ကြောင့် အမေရိကားကိုရောက်နေတဲ့ကျွန်တော်

noonaသတင်းကြားကြားချင်း ပြန်လာချင်တယ် ပြောတာတောင် ပြန်မလွှတ်ခဲ့ပဲ noonaရဲ့ အရိုးပြာအိုးတောင်  မမြင်လိုက်ရတဲ့ ကျွန်တော့် အတွက်

ဖေဖေ့ နဲ့ ကျွန်တော့် ကြားမှာ စကားမပြောစေဖို့ ဖြစ်လာစေခဲ့တာ တစ်နှစ်တောင်ရှိရောပေါ့

ဒါတင်မကျေနပ်နိုင်သေးပဲ
ကိုယ် မချစ်မနှစ်သက်ခဲ့တဲ့ လူတစ်ယောက်နဲ့ အတင်းပေးစားခဲ့တဲ့ အကြောင်းအရင်းက
မိဘနဲ့ သားသမီးကြားမှာ ပိုမိုဝေးကွာသွားစေတဲ့ အချက်ပင်လား?

♡Touch Love ♡Where stories live. Discover now