🌌 ကားမှန်ကိုအနည်းငယ် အောက်သို့ လျောချထားပြီး ကားကူရှင်ကိုမှီကာ မျက်ဝန်းများမှိတ်ထားလိုက်တော့ တိုးဝင်လာတဲ့ လေတို့က အေးစက်စက်! 🌌
မျက်နှာပြင်ပေါ်သို့ ကျရောက်လာတဲ့ နှင်းမြူစက်တို့နှဲ့ အတူ အတွေးတို့က တောင်ရောက် မြောက်ရောက်
" Chanyeol မင်းကားမှန်ကို တင်ရင်လဲတင်ထားလေကွာ တော်ကြာဖျားနေအုံးမယ် "
ရှေ့ခန်း က ကားမောင်းနေတဲ့ Chenက သတိလှမ်းပေးသည် !
Chen! က သူ့အတွက် ဘာကိုစိတ်ပူနေတာလဲ
တစ်ချိန်က အသည်းနှစ်မတက်ချစ်ခဲ့ရတဲ့ ချစ်ရသူရဲ့ နှစ်ပတ်လည်နေ့မှာ အရင်လိုပဲ ကျွန်တော် တစ်ခုခု ဖြစ်သွားမှာဆိုးလို့လား
ဒါမှမဟုတ် .....
"ထားလိုက်ပါကွာ! ဒီကောင် လွမ်းနာကျနေတာ "
Chenရဲ့ ဘေးမှာ ထိုင်နေတဲ့suhoက ပြုံးခြင်းမဟုတ်တဲ့ အပြုံးတစ်ခုနဲ့ ကားရှေ့ခန်းကနေ နောက်ခန်းမှာ ထိုင်နေတဲ့ ကျွန်တော့်ကို သမင် လည်ပြန် ကြည့်ရင်း ပြောသည်
ဘယ်သူ့ကိုလဲ .....၊၊ကျွန်တော့်က ဘယ်သူ့ကိုလွမ်းနာကျနေခဲ့တာလဲ
အဖြေကို စဉ်းစား၍ မရစဉ်ပင် မှန်ကြားမှ အလုအယှက်တို့ဝင်လာတဲ့ လေအေးအေးတို့ ကြောင့် မှိတ်ထားတဲ့ မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်တော့ အရာအားလုံးက စိမ်းသက်သက်!
မေ့နေခဲ့တာ ကျွန်တော်ရောက်နေခဲ့တာ
koreaမြေ မဟုတ်ပဲ New York မြို့တော်ဖြစ်နေခဲ့တယ်ဆိုတာကိုဒါဆို suho ပြောတဲ့ အဓိပ္ပာယ်က koreaမြေပေါ်မှ
တစ်စုံ တစ်ယောက်ကို လွမ်းနေတယ်ဆိုတဲ့ သဘောလေလားဒါဆို သူတို့ ထင်ကြေးပေးနေတဲ့ လူက နှစ်ယောက်ပဲ ရှိမှာ
*Yooyoung *ဆိုတဲ့သူမနဲ့
*byun baekhyun *ဆိုတဲ့သူ
တကယ်လဲ နှစ်ယောက်ထဲက တစ်ယောက်ကို ကျွန်တော် လွမ်းနေခဲ့တာပဲ
"ထင်သားပဲ "
Chen!ရဲ့ ထောက်ခံသံအဆုံးမှာ ပြုံးမိလိုက်သည်... ..၊၊
ဘာလို့လဲဆိုတော့ ....ကျွန်တော်လွမ်းနေခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်ကိုယ်တိုင်သာ သိခဲ့တာမို့....