တစ်ချက် တစ်ချက် ခန္ဓာကိုယ်ကို လာရောက်ထိတွေတဲ့ မြူနှင်းတွေကြားမှ အေးနေ၍ လက်နှစ်ခုကို ပွတ်သပ်ကာ ပါးစပ်မှ အာငွေ့ လှုံနေတဲ့ ကောင်ငယ်လေး
တစ်စွန်းတစ်စနဲ့ သူ့မျက်နှာပြင်ပေါ်သို့ ကျရောက်က ဝဲပျံနေတဲ့ ဆံပင်နွယ်လေးတွေ.....တဖြေးဖြေး လေခေါ်ဆောင်ရာနောက်ကို ယိမ်းလိုက် သွားရာမှ တစ်ဆင့်.........
Wu Yi Fan တစ်ယောက် baekhyun ကိုအနည်းငယ် အကဲခတ်နေမိသည်
ဟန်မြစ် နားဘေးမှာ ရပ်ကာ နှစ်ယောက်သားတိတ်ဆိတ်နေကြသည်က အတော်ပင်ကြာနေပြီပင်မဟုတ်လား ......
သို့သော် သူတို့ နှစ်ယောက်ကြားသို့ တိုက်ခတ်နေသည့် လေပြည်ညှင်းလေးတွေရဲ့ တီးတိုး စကားပြောသံအချို့မှတစ်ပါး .....အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်လုနီးပါး....
Kris စိတ်ထဲ တကယ်ကိုပင် ထူးဆန်းနေသလို .....
အရင်လို စကားသိပ်များတဲ့ ကျွန်တော်ရဲ့ ချစ်သူ ကောင်လေးbyun baekhyunမှ ဟုတ်ပါသေးရဲ့ လားလို့ပင် သံသယဝင်မိသည်အထိ ကိုပင် ဒီကောင်လေးတိတ်ဆိတ်နိုင်လွန်းခဲ့သည်
မတွေ့ရတဲ့ အချိန်တွေကြာလို့ ကိုယ့်အတွက် ပြောစရာစကားတွေ ရှာမတွေ့တော့တာလား ...ဒါမှမဟုတ်
ပြောစရာ စကားတွေများလွန်းလို့ မေ့လျော့ကုန်တာလား ကလေးငယ်...." ကလေး....... ကလေး!!"
"ဟင်!!! အင်းhyung ဘာဖြစ်လို့လဲ "
အူတူတူ အ တ တ လေးနှင့် ပြန်ဖြေလာသည့် ကျွန်တော့်ချစ်သူ ဒီကောင်လေးကို ကျွန်တော် တကယ်ပင်ချစ်၍မဆုံး .....
ဒီလို အပြုအမူလေးတွေကြောင့်လဲ Wu Yi Fanတို့ ချစ်မဝနိုင်ဖြစ်နေရသည်ကိုလေ...." arrnyi !! ကလေး ဒီနှစ်တွေအတွင်း ကိုယ့် ကိုမလွမ်းဘူးလားဟင် ကိုယ်မှာ ကလေးကို လွမ်းလွန်းလို့
ဒီကို အမြန်ပြန်လာ ချင်တာအခုတော့ ကိုယ့်ဆန္ဒတွေပြည့်ပြီသိလား ကလေး !
ကလေးကို လက်ထပ်မယ် ပြီးရင် ကိုယ်တို့ ထာဝရမခွဲပဲ အတူနေသွားမယ် ကလေးဘက်က တစ်ခုလေးပဲလိုက်လျောပေး အဲ့တာက ကိုယ့်ကို အမြဲတမ်း ချစ်နေပေးရမယ်နော် ""Hyung!!!!! ဟင့် miyan miyan ကျွန်တော် ကျွန်တော်လေ "
တဖြေးဖြေး ဆို့ နစ်သွားတဲ့ ကျွန်တော့် ကလေးရဲ့ အသံ
! ကြောင့် စိုးရိမ်တကြီးနဲ့ကြည့်မိတော့
ကျွန်တော့် ကလေးရဲ့ ပါးပြင်နုနုထက်က မျက်ရည်စီးကြောင်းတွေ!
ဘာကြောင့် ဝမ်းနည်း ကြေကွဲတဲ့ ပုံပေါက်နေရတာလဲ