Kris barမှာ အရက်သောက်နေရင်းနဲ့ သူ့ဘေးနားကို
လူတစ်ယောက်လာရပ်နေတာကိုသိသော်လည်း ပြန်တော့ လှည့်မကြည့်ဖြစ်မကြည့်ဖြစ်ဆို အခုချိန်မှာ သူ့ဘယ်သူနဲ့မှလဲစကားပြောချင်စိတ်မရှိပေ
နှစ်ကြိမ်မြောက်သော ဆုံးရှုံးမှုကြီးအပြီးမှာ
သူဟာ ဘာမှ ကုန်းကောက်စရာမရှိအောင်မွဲတေနေတဲ့
အရှုံးသမားတစ်ယောက် ပါပဲ ၊၊ဘာလို့လဲ !!
သူ နှစ်နှစ်ကာကာ ချစ်ခဲ့မိတဲ့ လူတိုင်းက
နောက်ဆုံးမှာ သူ့ကိုမရွေးချယ်ပဲ အခြားတစ်ယောက်
ကိုပဲရွေးချယ်သွားကြတာချည်း၊၊သူ ပိုပြီး ယူကြူံးမရဖြစ်ရခြင်း က
သူ့ချစ်မိတဲ့ လူနှစ်ယောက်လုံးက လူတစ်ယောက်ထဲကိုပဲရွေးချယ်သွားတာကိုပဲ.....အဲ့ဒီလူကတော့.....
"Wu Yi Fan?? "
Krisတစ်ယောက်သူ့အတွေးတွေကို ရှေ့ဆက်ခွင့်မရအောင် အသံပြုလာသူကို ဒေါသနဲ့လှမ်းကြည့်မလို့လုပ်လိုက်တယ်
ကျစ်! ကိုယိ့ဘာသာfeelတာတောင် ကောင်းကောင်းမfeelရပါလားkrisရဲ့
ဒါ....ဒါနဲ့ အဲ့ဒီလူက ဘယ်လိုခေါ်လိုက်တာ
Wu Yi Fanဆိုပဲ ဒီနာမည်ကို ငါမေ့ဖျောက်ထားတာကြာခဲ့ပြီပဲကို....ဒီနာမည်ကိုသိတဲ့လူက ငယ်သူငယ်ချင်းအချို့က လွဲလို့ဘယ်သူမှမသိတဲ့နာမည်ပဲ ၊၊krisတစ်ယောက်
ထိုသူ့ မျက်နှာကို လှည့်ကြည့်လိုက်စဉ်မှာပဲ
ပထမ အံ့သြတဲ့ပုံဖြစ်သွား ပြေမဲ့ ချက်ချင်း မျက်နှာက
ခက်ထန်သွားသည်" ဟက်! Park Chanyeol မင်းဒီကို ဘာလာလုပ်တာလဲ ဒီနေရာက မင်းရှိနေရမဲ့နေရာမဟုတ်ဘူးထင်တယ် "
"Yi fan ငါ...ငါ "
" ဘာလဲ ... ဒုတိယအကြိမ် ငါရဲ့ရှုံးနိမ့် မှုအတွက်လာလှောင်တာလား ဟမ်!!!
မင်းက ဘာမလို့ ငါ့ဘဝထဲက လူတွေကို ဆွဲခေါ်သွားရဲရတာလဲ "နက်ခ်တိုင် အစကို တင်းကျပ်စွာဆွဲပြီး သူ့ကို ဆွဲထိုးဖို့ပြင်နေသည့် Yi Fanကို သူ့တကယ်နားမလည်၊၊၊
တကယ်ဆို မှားခဲ့တာက သူမှန်းသိပေမဲ့
ဒုတိယအကြိမ်ဆိုတာက ဘာလဲ" အွတ်! Yi Fan မင်း ဘာတွေ လာ..ပြော နေတာလဲ "
"ဘာလဲ အခုတစ်ခါရော ငါမသိပါဘူးဆိုပြီး ပြောဦးမလို့လားဟမ်! Yooyoungကော baekhyunကိုကော ငါ့ဆီက ဆွဲထုတ်သွားခဲ့တဲ့ မင်းက မျက်နှာပြောင်တိုက်ပြီး ဘာလုပ်လို့လဲ ဟုတ်လား ဟက် "