ဒီနေ့ သူနှင့် ကျွန်တော်တို့၏ လက်ထပ်ပွဲနေ့
တစ်သက်မှာ တစ်ခါဆောင်ရတဲ့ မင်္ဂလာလို့ပြောပေမဲ့ ကျွန်တော်သည်နှစ်ခါဆောင်ခဲ့ဖူးပေပြီ
အရင်တစ်ခါ လျောက်ခဲ့ရတဲ့လမ်း အပြင်အဆင် ဆွေမျိုးမိဘ
နှင့် ကျွန်တော်တို့အားကောင်းချီးပေးမဲ့ ခရစ်တော်၊
ဖာသာ နှင့်တကွဧည့်ပိရိတ်သတ်များ အရာရာဟာ အတူတူလိုပဲမတူတာတစ်ခုသည်က......
သူ.....ဟုတ်သည် ကျွန်တော်လက်ထပ်ရမည့်သတိုးသားသည်
* သူ ...ဆိုတဲ့ Byun Baekhyunဖြစ်နေခဲ့သည်....*
မနေ့ညကလဲ Yooyoung အရိုးပြာအိုးထားတဲ့နေရာမှာ
ထိုင်ငိုနေခဲ့သော ကျွန်တော်သည် မျက်လုံးများမို့အစ်နေခဲ့သည်မှာ......
မိတ်ကပ် အနည်းငယ် ဖို့ ထားခဲ့ရသည်အထိပင်ကျွန်တော် သူမအား တောင်းပန်ခဲ့သော်လဲ ဓာတ်ပုံထဲမှာသူမသည်
ကျွန်တော့်အား သူမ၏ မျက်လုံးလေးများ ကွေးညွတ်သွားသည်အထိသာ ရယ်ပြနေခဲ့သည်....ကျွန်တော်သည်လည်းမျက်ရည်များစိုရွဲသွားအောင်ငိုပြခဲ့သည်
သို့သော် တော်ရုံမိုးရွာလေ့မရှိပဲ နှင်းသာကျနေတက်သည့် seoulမြို့သည်မနေ့ ကမိုး ရွာသွန်းခဲ့သည်......
မိုးသည် ကျွန်တော့် မျက်ရည်အားလွမ်းမိုးသွားခဲ့သည်
ဒါနဲ့.....မနေ့ညက မိုးရွာထဲ၌ ထီးဆောင်းပြီးလာခေါ်ခဲ့သော သူ့ကို
ယနေ့မနက်တစ်ခုလုံးမတွေ့ရသေးပါလေ.....တွေးနေဆဲမှာပင် ....သူသည် သူ၏ဖခင်၏လက်အားဆွဲ၍ ခန်းမထဲသို့ဝင်လာ၏
သူ.......သူဒီနေ့အတော်ပင် လှပါသည် ...
ယောင်္ကျားလေး တစ်ယောက်အား လှတယ်လို့ မပြောသင့်မှန်းကျွန်တော်သိသည် သို့သော် သူသည် အတော်ပင်ကြည့်ကောင်း၍ လှနေခဲ့သည်
မိန်းကလေး.....သာမာန်..မိန်းကလေးတစ်ယောက်ရှုံးလောက်အောင်အထိပေါ့
ရင်ကပ်ပန်းထိုးအပြာရောင်သည် သူ၏ အဖြူရောင် ဝမ်းဆက်နှင့်
လွန်စွာလိုက်ဖက်ညီ၏ကပိုကရို ရှေ့ကိုဝဲ ကျနေလေ့ရှိသည် သူ၏ ခရမ်းနုရောင်ဆံပင်
ပျော့ပျော့လေးများသည် ယခုအခါ သေသပ်စွာပင် နှဖူးပေါ်၌ လှန်တင်ထားသည်