"ဗုန်း ဝုန်း ဒုတ် အ!
အီးဟီး ဗြဲ"
အဲ အသံတွေဆူညံလှချေလား ဘယ်သူတွေလဲ သွားမကြည့်နဲ့ အဲ့တာ ဟိုChan Baek ဆိုတဲ့ ညားကာစ လင်မယားနှစ်ယောက်လေ :-P
ဖြစ်ပုံကလား ပြောပြမယ် Baekhyunတစ်ယောက် သူ့လင်တော်မောင်ကြီးကို ကုတင်ပေါ်က ကန်ချ
ဟိုတစ်ယောက်က အောက်ပြုတ်ကျတော့အော်အဲ့အချိန်မှာ baekhyunက နိုးလာပြီး သူ့အပေါ်ပိုင်း ဗလာကျင်းနေတဲ့ ခန္ဓာကိုယ်ကိုယ်ကြည့်လိုက် chanyeolကိုကြည့်လိုက်နဲ့ ငိုမဲ့ငိုမဲ့
"ဟောဗျာ ငဂျစ် ကန်ချ ခံရတာငါနော် မင်းက ဘာလိုငိုနေတာတုန်း"
"အီးဟီး ဗြဲး လူယုတ်မာကြီး နှာဗူးကြီး ဘာမှလာမပြောနဲ့ ဟင့် အင့် ရွှတ် "
"ဟင်!"
ParkChanyeolတို့ခဗျာ ပါးစပ်တောင်မပိတ်နိုင်တော့
သူလဲ ကုတင်ပေါ်က ကန်ချခဲ့ရသေးတယ် နာတာတောင်အော်ဖို့အချိန်ယူမလို့ရှိနေသေးတာအင်း သူကန်ချခံရတော့ ဟိုငဂျစ် ကိုအပြတ်ကောမယ်ပေါ့
ခုတော့ နေရင်းထိုင်ရင်း လူယုတ်မာကဖြစ်သွားသေး ဘာလားနော် parkchanတို့ ရှင်ချင်တယ် ရှင်ချင်တယ်!
" ya!ပေါက်စ ငါက မင်းကိုဘာလုပ်နေလို့ ငါကလူယုတ်မာ ဖြစ်ရမှာတုန်း"
"ကျတော့်ကိုယ်ပေါ်မှာ အကျီင်္လဲ မရှိတော့ဘူး ဗြဲ ညက သူ့အိပ်ယာလေးခနအိပ်မိပါတယ် လူကိုအနိုင်ကျင့်ပစ်တယ်
တော်ပြီ တော်ပြီ နောက်တစ်ခါသရဲနဲ့ပဲသွားအိပ်တော့မယ် သူက သရဲထက်တောင်ကြောက်ဖို့ကောင်းနေသေး baekbaekအဖြစ်ကိုလာကြည့်ကြပါလို့ ommaတို့ရဲ့"" ya! ငါမင်းကိုဘာမှမလုပ်ဘူးနော် ပေါက်စ မင်းဖာသာ ညက အိုက် လို့ဆိုပြီးအကျီင်္ချွတ်အိပ်တာလေ အတိတ်မေ့ရောဂါရနေတာလား"
"အင့် "
"တကယ်ပဲ! ဟူး တကယ်လို့ ငါမင်းကို တစ်ခုခုလုပ်ခဲ့ရင်တောင် အခုမင်းက ငါ့ တရားဝင်ယူထားတဲ့လူနော် မင်းသွားတိုင်ရင်တောင် ဘယ်တရားရုံး က မှမဖြေရှင်းပေးဘူးဆိုတာလဲသိထားအုံး "
အိ ငဂျစ်လေး သူမှားတော့ ဇာက် လေးပုပြီး ငြိမ်ကျသွားတာများ ခုနကငို သံကြီးနဲ့ အာပြဲပြီးအော်တာ သူပါဆိုတာ ကျိန်ပြောရလောက်တယ်