" ပေါက်စ မင်း အလုပ်တွေကို ပြီးကိုမပြီးနိုင်ဘူး
အဝတ်အစားလေး တစ်ခါလဲတာကိုကြာနေလိုက်တာ "2နာရီနီးပါး ကြာလုလုဖြစ်နေသည့် အချိန်အတွင်းမှာ
ဒီကောင်လေး ရေချိုးဖို့ ရေချိုးခန်းထဲ ဝင်သွားတာ အခုချိန်ထိ ပြန်ထွက်မလာသေး၍ကျွန်တော် park chanyeolတို့ ရေချိုးခန်း အပြင်ဘက်ကနေ လှမ်းအော်နေရသည်
ဒါလဲ ဒင်းလေးက ထွက်မလာသေး !
"ဟေ့ ပေါက်စ "
" ဒေါက်! အဲ " "အင့် "
အသံနှစ်သံသည် တစ်ပြိုင်နက် ထဲထွက်ပေါက်ရလာခဲ့သည်က ..........
အော်နေသည့် ကျွန်တော်သာ အသက်ထွက်ဖို့ လမ်း မြင်နေပြီ ဒင်းလေးကတော့ အသံ အစအနလေးတောင်မကြားရ
အဲ့တာနဲ့ ရေချိုးခန်းတံခါးကို နောက်တစ်ခါ ခေါက်ဖို့ လက်လှမ်း အပြင် ဒင်းလေးက တံခါးဆွဲအဖွင့်နဲ့ဆိုတော့
ကျွန်တော့်လက် ခေါက်မိသည်က တံခါးမဟုတ်ပဲဒင်းလေး နှာဖူး ဖြစ်သွားလေသည်!
" အာ! အာလူးဘူးသီး ကြီးများ ဖြစ်သွားပြီလားမသိဘူးနာလိုက်တာဗျာ "
ရေချိုးခန်း တံခါးပေါက်အကွယ်လေးမှာ ရပ်ပြီး နှုမ်းခမ်းဆူပြောနေသည့် ပေါက်စ
တံခါးပေါက်ကို ကွယ်ပြီး စောင်းထားသည့် ခန္ဓာကိုယ်လေး တဝက်မှာ အဝတ် ဝတ်ထားသေး ပုံမပေါ်တဲ့ အပေါ်ပိုင်းတစ်ခုသာပေါ်လို့
" ဟီး ရေစိမ်ရင်း အိပ်ပျော်သွားလို့ပါဗျ ဒါနဲ့လေ လူကြီး အပန်မကြီးရင် ဟို ကျွန်တော့် သဘက် လေး လှမ်းယူ ပေးပါလားနော် "
အခန်း ထဲက မထွက်ပဲနဲ့ လူကို ခိုင်းဖို့ပဲသိနေသလားအောက်မေ့ရသည့် သူ၏ အမူအရာ
မပြောချင်ပါဘူး ဒင်းလေးကို ဘာမှ ပြောချင်စိတ်လဲရှိတာမဟုတ်ဘူး
ဒင်းလေးကို မကြည် ကြည့် တစ်ချက်ကြည့်လိုက်ပြီး
ကြိုးတန်းပေါ်မှာ ချိတ်ထားတဲ့ သဘက်ကို လှမ်းပစ်ပေးဖို့ ပြန်လာ ခါ မှရေချိုးခန်း စပ်နားအရောက်မှာ ဘယ်အချိန်ထဲက ကပ်ညှိနေမှန်းမသိတဲ့ ကျောက်ပြားပေါ်က ရေစက်တချို့ ကြောင့် ကျွန်တော်သည်လဲ ရေချိုးခန်းထဲသို့ ဒိုင်ပင် ပစ်သလို ကျ မိသွားခိုက်