" အား!! ကျွတ် ...ကျွတ် ကျွတ် ခေါင်းက လဲကိုက်လိုက်တာ "
Krisတစ်ယောက် ထိုးကိုက်နေသော ခေါင်းကို ကိုင်ကာ ညီးတွားလိုက်ရင်း ညက သူတစ်နေရာရာမှာ သူမူးလဲ သွားခဲ့တဲ့ အကြောင်း စဉ်းစားမိတော့ အခုရောက်နေတာ ဘယ်နေရာလဲ ဆိုတာ ကို သိချင်၍ အခန်းပတ်ပတ်လည်
ကို မျက်လုံးနဲ့ လိုက်ဝှေ့ကြည့်လိုက်သည်၊၊"arr!! ညက ခေါ်လာတာ ဘယ်သူပါလိမ့် မူးလိုက်တာ "
" kris shi!!! နိုးလာပြီလား ဒီမှာ ပျားရည် ဖျော်လာပေးတယ် ခနနေအောက်ဆင်းခဲ့နော် အောက်မှာ ကြက်ပေါင်းရည် လုပ်ထားပေးတယ် မနက်အစောထဲက လုပ်ထားတာဆိုတော့ ပူပူလေးစားရအောင်
ပြန်နွေးလိုက်ဦးမယ် ""ခန "
ရုတ်တရက် အခန်းထဲရောက်ကို ပျားရည်ခွက် ကိုင်ကာ ရောက်လာသော သူမကို krisမယုံကြည်နိုင်စွာ နဲ့ ကြည့်နေတုန်းမှာပင် သူမက အခန်းအပြင်ဖက်ထွက်ရန်
ပြင်နေသည်မို့ သူမလက်တွေကို လှမ်းစွဲကာတားလိုက်သည်၊၊" Taoမင်း ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ
U.Sမှာ ရှိနေရ မှာမဟုတ်ဘူးလား ""စိတ်ချပါ ကျွန်မက ရှင့်နောက်ကို လိုက်လာတာမဟုတ်လို့ လွတ်လွတ်လပ်လပ် နေလို့ရပါတယ် ခုဟာက ကျွန်မ အဖေရဲ့အလုပ်ကိစ္စ တချို့ကြောင့် ဒီကိုရောက်နေတာပါ
""မနေ့ညက..."
"အင်း အဲ့တာကလဲ ကျွန်မ အပြင်ထွက်ရင်း ဓာတ်တိုင်ကြီးနားမှာ မူးပြီးလဲ နေတဲ့ရှင့်ကိုတွေ့တာနဲ့ အမြင်မတော်လို့ခေါ်လာတာ မနေ့ညက တော်တော် ကွဲလာတဲ့ပုံပဲ ..ဒါနဲ့ ရှင့်မျက်နှာကြီးရဲနေသလိုပဲ "
"မ...မရဲပါဘူး ဒါ..ဒါဆိုငါသွားတော့မယ် မနေ့ညကအတွက် ကျေး..ကျေးဇူးပဲ "
သူမက ကျွန်တော်ကို ပေါ့ပေါ့ပါးပါးနေနိုင်စေရန်စနေသော်လဲ ကျွန်တော့်မှာမရီနိုင်၊၊
Kris တစ်ယောက် အသဲကွဲပြီး ဓာတ်တိုင်ဘေးမှာ မူးရူးပြီးအိပ်ပျော်နေတယ်ဆိုတာ လူကြားလို့မှမကောင်း၊
ပြီးတော့ ဒီမိန်းကလေးရှေ့မှာမှ arshi!! ရှက်လိုက်တာ"သွားမယ်ဆိုလဲ မနက်စာ စားပြီးမှာ သွားပါ ကျွန်မကိုက်မစားပါဘူး မိန်းကလေး ဖြစ်တဲ့ ကျွန်မက မရှက်ရပဲ ရှင်က ရှက်နေတော့ ဟင်းဟင်း "