" မလုပ်ဘူးဗျာ ~~ဘာမှဘာမခိုင်းနဲ့ baekbaekတို့က မွေးထဲက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နဲ့နေလာတာ
မလုပ်ပေးနိုင်ဘူး ""ဒုန်း ခလွမ်း ဂုန်း ဂွမ်း ~~~"
ရှင်ချင်တယ် ရှင်ချင်တယ် parkchanတို့အားကြီး ရှင်ချင်တယ်
ငဂျစ် * လို့ပြောတော့လဲမကြိုက်ဘူးအခုလဲ ကြည့်အုံးဗျာ~~သူ့ကို မီးဖို့ချောင်လေးထဲ ခနဝင်ခိုင်းမိတာ အိမ်ကပစ္စည်အကုန်ပြောင်တော့မလားမှတ်ရတယ်
ကောင်စုတ်လေး * တကယ် မနိုင်စိန် byunbaekရယ်ပါ
မနေ့က ညနေက ဈေးကိုခေါ်လာတော့ သူ့ရဲ့ အဖိုးတန် အကျီင်္ကြီး အနံ့တွေနံကုန်တယ်ဆိုလား
အဲ့တာကျွန်တော့်ကို မကျေနပ်ဘူးဆိုပြီး ဘုဂလန့်တွေချည်းလိုက်လုပ်နေတာ
အခု မနက် ကျွန်တော်လဲ ကုမ္မဏီ ပိတ်ရက်ဆိုတော့ သူ့နဲ့အတူ ဟင်းချက်စားမယ်ပေါ့
ကျွန်တော်စဉ်းစားထားတုန်းကတော့ romantic ဆန်ဆန်လေးပဲ
ဒင်လေးလုပ်မှ ဘာ ရိုမတ် မှလဲ မတစ်နိုင်တော့ပါဘူးဗျာသူက ဟင်းမချက်တက်ဘူးဆိုပဲ အင်းလေ! သူလဲ ယောင်္ကျားလေးတစ်ယောက်ပဲဘယ်ချက်တက်မလဲ
ခက်တာက အိမ်အကူအဒေါ်ကြီးက သူ့သမီး ကလေးမွှေးခါနီးမလို့ ခွင့်3ရက်ယူသွားတာရယ်!
ပေါက်စ ကလဲအသုံးကိုမကျဘူး အဲ! သူကိုသာစိတ်ထဲက ကျိန်ဆဲနေတာ ကျွန်တော်ကလုပ်တက်လားဆိုတော့
ကျွန်တော်လဲ ဘာမှ မလုပ်တက်ဘူးရယ်!" ပေါက်စ မင်းလာကူမလုပ် ပေးရင်တော့ မနက်စာ ငတ်မှာနော်
ငါ တစ်ယောက်ထဲစားမှာ ""အဘိုးကြီး! ဥာဏ်ကိုမရှိဘူး ပင်ပန်းတယ် ဆိုင်ကဝယ်စားမယ် ဖုန်းဆက်ပြီးမှာလိုက်ရင်ဖြစ်တာကို "
နင်တာမှ တော်တော်ကြီးကို နင်တာ!
လူကိုများ အဘိုးကြီး! အဘိုးကြီးနဲ့ အသက်ကလဲအဲ့လောက်ကြီးသေးတာလဲမဟုတ်ပဲနဲ့သူ အဲ့လို တစ်ခါခေါ်တိုင်း ဒီက လူမှာ အသက်ပဲချက်ခြင်းထွက်ပေးရမလို အိပ်ယာထဲပဲ လှဲနေရမလို အသက်ပဲအခုချက်ချင်းထွက်မလို ဆန့်ငင် ဆန့်ငင်ဖြစ်နေတဲ့အဘိုးကြီးလိုပဲနေရတော့မလိုနဲ့😫