Episode-5

297 22 3
                                    

ကျွန်တော် ဟို အဘိုးကြီးနဲ့ လက်ထပ်ထားတာ 1လတောင်ပြည့်တော့မယ်

Honeymoonဆိုတာလား သွားဖြစ်ဖို့က ဝေလာဝေးပါ

မသွားတာပဲကောင်းပါတယ်လေ ဟို အဘိုးကြီးနဲ့ ကျွန်တော်နဲ့က သိပ်ချစ်ကြတဲ့ ချစ်သူတွေလဲမဟုတ် ရည်းစားတွေလဲမဟုတ်
ဒီတိုင်း အချစ်မပါတဲ့အိမ်ထောင်ရေးကို တည်ထောင်ထားတဲ့လူတွေလေ

အဲ့ အဘိုးကြီးကလဲ သူ့အလုပ်နဲ့သူ ၊ ကျွန်တော်ကလဲ ကျောင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ

အင်း! ခင်ဗျားတို့ သတိထားမိကြလားတော့မသိဘူး

ကျွန်တော်က အရင်က ဟိုလူ့ဂွစာ ကြီးကို ^လူကြီး^လို့ပဲခေါ်တာလေ
အခုလား! အဲ့လိုခေါ်တော့ ကိုယ့်ထက်အကြီးကိုမရိုသေရာများ
ရောက်နေမလားဆိုပြီး

^အဘိုးကြီး^လို့ပဲခေါ်တော့တယ်လေ :-P

Luluလေး ကလား အခုတလော မူကြိုမှာ သူငယ်ချင်းအသစ်ရတယ်ဆိုလား

Ohseဘယ်သူဆိုလားဗျာ~~~

အဲ့တစ်ယောက်နဲ့က အခုတလော တပူးပူး တတွဲတွဲနဲ့

အဲ့ohseဘာဆိုလား အဲ့ကောင်လေးက မနက်ခင်းတိုင်းကျောင်းသွားရင်luluလေးကို လာလာခေါ်သွားနေကြ

အင်း! Luluလေးကလဲ ကြီးလာရင် အဲ့ဒီ ohse ဟာကွာ! အဲ့ဒီohseဘာဆိုလားဗျာ ကျွန်တော့်မှာလည်း သူ့နာမည်ကိုမေ့မေ့နေရတယ်

Luluလေးခေါ်တာတော့ seseဆိုလား အင်း! အဲ့တစ်ယောက်

ကျွန်တော်ကတော့ အဲ့ကောင်လေးကို ohsebooလို့ပဲခေါ်တယ်
ဘာလို့လဲ လာမမေးပါနဲ့luluလေးကို ဘူးလွန်းလို့

အဲ့ohseseဆိုတဲ့ တစ်ယောက်နဲ့ယူပြီး daddyနဲ့paနဲ့လို မင်္ဂလာဆောင်  မှာ ဆိုပြီးလုပ်နေလို့
ဟို အဘိုးကြီးက စွေ့စွေ့ခုန်နေလိုက်တာဆိုတာလေ ပြောမနေနဲ့

အဲ့ အဘိုးကြီးက သူ့သားကိုတော့ သိပ်ပြီး ချစ်ရှာတာ
ခုလဲ အဲ့ohseseဆိုတဲ့တစ်ယောက် ကို သူ့ဆီက သူ့သားကိုလုယူတယ်ဆိုပြီး ဓားကြိမ်းကြိမ်းနေတာ

ဒီကြားထဲluluလေးက သူ့အဖေဒေါသထွက်နေတယ်ဆိုတာကို အလိုက်ကန်းဆိုးမသိဘဲ ကလေးတွေ အများကြီးယူမယ်ဆိုတာကပါသေး
ဟိုအဘိုးကြီးလား! မျက်နှာကြီးမှာ နီရဲတွတ်နေတာ သူမျက်နှာပေါ် ဒယ်အိုးတင်ပြီး  ဟင်းချက်လို့တောင်ရတယ်

♡Touch Love ♡Where stories live. Discover now