အပိုင်း(၁)

12.4K 250 10
                                    

ကျောင်းစတတ်တဲ့နေ့ဆိုတော့ ကျွန်မ စိတ်လှုပ်ရှားစွာ ကျောင်းဆီ စက်ဘီးလေး စီးလို့ သွားခဲ့တယ် ကျောင်းရောက်တော့ ကျွန်မနာမည်ပါတဲ့ အတန်းBမှာ ထိုင်ရတယ် ဟိုကြည့်ဒီကြည့်ပေါ့ သိသူတွေနဲ့ တွေ့ မလားလို့ပေါ့ ဒါမဲ့ မျှော်လင့်ချက်မဲ့ ဘယ်သူမှ မသိပေ

ဒီလိုနဲ့ အထီးကျန်စွာ တနေ့တာ စာသင်ခဲ့ရတယ် ကျောင်းဆင်းပီး စက်ဘီးလေး ကို အတွေးလေး နဲ့ စီးလာတာပေါ့

အော် စကားစစပ် ကျွန်မ နာမည်က လမင်းပါ ၈တန်းကျောင်းသူလေးပါ ကျွန်မပုံစံကတော့ ဆံပင်တိုတို မျက်မှန်နဲ့ ခပ်ပျာပျာ နမောနမဲ့နဲ့ပေါ့ မိဘက ဝန်ထမ်းတွေ ဆိုတော့ အမြဲ မြို့တွေ ခဏခဏ ပြောင်းရတယ် ကျောင်းလဲ ခဏ ခဏပေါ့ မုံရွာဆိုတဲ့ မြို့ကို ပြောင်းလာပီး အထက၁မှာ စာသင်နေတာပါ အတွေးတွေကို တုံ့ဆိုင်းစေတဲ့ အရာတခုနဲ့ တွေ့လိုက်မိတယ်

ပြန်လာချိန် လမ်းမှာပေါ့ အဖြူအစိမ်း ဝတ်စုံလေးနဲ့ အသားဖြူဖြူ အရပ်ရှည်ရှည် ခပ်တည်တည် ကောင်လေး တယောက် စက်ဘီး စီးနေတယ် သူရူပက ယောက်ျား ပီပီသသ မျက်ခုံးကောင်းကောင်း မျက်လုံးဆူးဆူး နှာခေါင်းချွန်ချွန် နှုတ်ခမ်းပါးပါး အဖြူအစိမ်းဝတ်စုံကလဲ အဖြူ ရောင်လေးက ဖြူစွတ်နေတယ်သူကို ကြည့်ရင်း ရင်ခုန်နေတယ် ကျွန်မ စိတ်ထဲမှာတော့ ၉တန်းကျောင်းသားကြီး ထင်နေမိတယ်

် သူက ဘေးကနေ စီးရင်း ကျော်တတ်လိုက်တယ် အဲဒီ စတိုင်ကျတဲ့အကိုကြီးမှာ ကျောပိုးအိတ် ဇတ်ဖြဲနေတာ သတိထားမိပီး ခစ်ကနဲ ရယ်မိပီး အကိုအကို အိတ်ဇတ်ဖြဲနေတယ်ဆိုပီး ရယ်သံနဲ့ ပြောလိုက်မိတယ် သူရှက်သွားတယ် ထင်တယ် ပြောပီးချင်း ကျွန်မလဲ သူကျော်ပီး ဘဏ်ထဲဝင်ပီး အိတ်လေးကို ထိုင်ခုံပေါ် ချလိုက်တယ် ကျွန်မအိတ်ကို ကြည့်ပီး ကျွန်မ အံ့ဩမိတယ် ကျွန်မ အိတ်ဇတ်လဲ ဖြဲနေတယ် သူများ ရယ်မိတဲ့ ကိုယ်ကိုကိုယ် ရှက်မိတယ် ကျွန်မ လမ်းလှမ်းကြည့်မိတော့ အခုမှ ကျွန်မဘဏ်ရှေ့ ရောက်တဲ့ ကျွန်မရယ်ခဲ့တဲ့ အကိုကြီးကလဲ လှမ်းကြည့်ရယ်နေသည် ရှက်လဲရှက်မိတယ်ရယ်လဲရယ်ချင်တယ်

် ဒီလိုနဲ့ ကျွန်မ ၆လလောက်ထိ ကျောင်းသွားကျောင်းပြန်တွေ့တွေ့နေတဲ့ အဲဒီ အကိုကြီးကို တွေ့ရင် ရှက်မိတယ် သူကလဲ ရယ်ရယ်သွားတယ် အဲလိုနဲ့ အတွေးတွေထဲလဲ သူဝင်နေတယ် သူရယ်ရယ်သွားတာကိုလဲ စွဲလန်းနေတယ် သူကို အမြဲလဲ တွေ့ချင်မိတယ် သူကတော့ အမှားလုပ်ထားတဲ့ကလေးတယောက်ကို တွေ့ရင် အဲအမှားပေါ် စစနေတဲ့အကြည့်မျိုးနဲ့ပေါ့ သူရဲ့အဲဒီအကြည့်တွေနဲ့ မျက်လုံးချင်းဆုံတိုင်း ရင်ခုန်တယ် လူကြီးတွေ ပြောသလို ဒီအရွယ်က သစ်ရွက်လုပ်တိုင်း ရယ်တယ်ဆိုတဲ့ အချိန်မဟုတ်ပါလား

First Love Myanmar VersionsWhere stories live. Discover now