ဒီနေ့ ကျောင်းမှာ ယမင်း ပြောပြတဲ့ ရင်ခုန်သံလေး အကြောင်း စဉ်းစားရင်း အိပ်မပျော်ဘူး သူက ချမ်းသာတယ် ဘက်စုံလဲ တော်တယ် သူမှာ အဆင်သင့်ပဲ ချစ်သူကလဲ ကျွန်မလို အမေက အိမ်ရှင်မ အဖေက ဧရာဝတီဘဏ် မန်နေဂျာ လောက်နဲ့ မဆင်းရဲ သလို မချမ်းလဲ မချမ်းသာဘူးလေ သူတို့နဲ့ ယှဉ်မရဘူး ပီးတော့ ရုပ်ရည်က သူရိန်လိုလူမျိုးကြိုက်ဖို့ မပြောနဲ့ အရူးတောင် ဆေးမှားသောက်ပီး လာဝိုက်မှာ မဟုတ်တဲ့ ရုပ်နဲ့ လက်လျော့ရမှာတော့မယ် ထင်ပါတယ် ဒါမဲ့ သူကို ကြိုက်တဲ့ အဆင့်က လွန်ခဲ့တာကြာလှပီ ကျွန်မသူကို ချစ်နေမိပီ ကျွန်မရောဂါက ရင့်နေပီ တွေးရင်း စိတ်ညစ်မိတယ် အချိန်ကြည့်လိုက်တော့ ၁၂နာရီ ရှိနေပီ ခေါင်းမြီးခြုံပီး အတင်း အိပ်ရတော့တယ်
မနက်ကျ *သမီး ထတော့ အိပ်လိုက်တာအေ ထတော့ ၇နာရီခွဲနေပီ ကျောင်းနောက်ကျမယ် *ဆိုတဲ့ အမေအသံကိုကြားပီး ထလိုက်တယ် ဟုတ်ပါတယ် ကျောင်းနောက်ကျတော့မယ် အတွေးနဲ့ အခန်းကို ပြောင်းပြန်လှန်ပီး အဝတ်တွေ စာအုပ်တွေ ရှာရတော့တယ် ကျွန်မ၈နာရီ၂၀လောက်ကျ စက်ဘီးပေါ်တတ်ပီး စီးရင်း ကျွန်မထင်ပါတယ် အခန်းပြောင်းပြန်ဖြစ်ခဲ့ပီလို့ မေမေ ကျောင်းက ပြန်လာရင် အော်ပါတော့မယ် နားကွဲ မတတ် မတတ်နိုင် ကျောင်းနောက်ကျတော့မည့် အရေး တွေးပူရတယ်လေ
မုန့်စားကျောင်းဆင်းတော့ မှောက်အိပ်လိုက်တယ် ယမင်းက မျက်နှာမကောင်းလို့ ဘာဖြစ်နေလဲလို့ မေးတယ် ကျွန်မအဲချိန်စဉ်းစားမိတာတော့ သူပြောလိုက်လို့ ဖြစ်နေတာ မသိဘူးလားလို့ ခေါင်းမော့ပီးတော့လဲ ပြောလိုက်ပါတယ် *နင်မနေ့က ပြောလိုက်တာက ငါသွေး၁၀ကြိမ်တပြိုင်တည်း လှူလိုက်သလိုပဲ*လို့ ပြောလိုက်တယ် သူက ရယ်နေတယ် တော်တော် ရယ်စရာပါသွားပုံရတယ် ခေါင်းခါပီး မှောက်အိပ်နေလိုက်တယ်
သူရိန်နဲ့ကတော့ နေ့တိုင်းတွေ့ပါတယ် ပုံမှန်ပဲ သူနောက်ကနေ နောက်ကျောလေး ကြည့်နေရတာပေါ့ ဒီနေ့လဲ နောက်ကျောလေးကြည့်ပီး မတူတဲ့ဘဝကို စဉ်းစားနေတယ်လေ သူက ချမ်းသာတယ်သာ ပြောတယ် အမြဲ စက်ဘီးလေးနဲ့ အခြားသူဌေးသားတွေလို ကားနဲ့ ကြ္ဒိပို့တာ တခါမှ မမြင်ဘူးဘူး သူကိုဘာလို့ပါလိမ့်ဆိုတဲ့ အတွေးမျိုး ပေါ်လာတယ်လေ

YOU ARE READING
First Love Myanmar Versions
Romanceအချစ်ဆိုတဲ့ အရာကို ကျွန်မ သေချာမသိပါဘူး ကျွန်မ ချစ်တဲ့ အချစ်ကို ပုံမဖော်ပြနိုင်ဘူး ကျွန်မအတွက် သူအချစ်ကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်မ သူရယ်သံ သူအကြည့် သူအပြုံး တွေကို မြင်နေရရင် ကျေနပ်မိတယ် သူပျော်ရင် ကျွန်မလဲပျော်တယ် သူစိတ်အတိုင်း ကျွန်မလိုက်ခံ...