ကျွန်မသူကို အရမ်းအရမ်းချစ်ချစ်လာတယ် တရက်အချစ်နဲ့ နောက်တရက်အချစ်နဲ့ မတူတော့ပေ သူပြောတဲ့ စကားတွေ သူလုပ်တဲ့အမူအရာတွေက ကျွန်မကို ပိုချစ်ပေးပါလို့ လှုံဆော်နေတယ် ကျွန်မ သူမျက်နှာကို တကမ္ဘာထင်လာတယ်
သူကလဲ ကျွန်မနားက ကိုယ်ရံတော်တယောက်လို ကျောင်းဝင်းထဲ ဝင်ရင် စက်ဘီးထားတဲ့ နေရာမှာ ရပ်စောင့်နေတတ်တဲ့ သူ
အခန်းတွင်းရောက်သည်ထိ မခွာတဲ့ သူ
စာသင်နေရင်တောင် နောက်က ဆံပင်ဆွဲဆွဲပီး စတတ်တဲ့သူ
မုန့်စားကျောင်း ဆင်းချိန်တွင် မုန့်တွေ ဝယ်ဝယ်ပေးတဲ့ သူ
ထမင်းစားကျောင်း ဆင်းချိန်တွေ ကျောင်းဆင်းချိန်တွေ်အတူတူပြန်ပီး ကျွန်မကို အရာရာ အလေးပေးသူ ကျွန်မကို အခြားသူတွေထက် သူကိုပဲ အလေးထားစေချင်သူ တခါတခါ ယမင်းနဲ့တောင် ကျွန်မအတွက် ရန်ဖြစ်တတ်သူ သူတို့ရန်ဖြစ်တာက စကားရန်ပါ သူကို ဘယ်လို ချစ်တယ် ဘယ်လောက်ချစ်တယ် ဘယ်လောက် အလေးထားတယ်ပေါ့ ယမင်းကလဲ သူဆီ ခဏလာလည်တယ် သူနဲ့အိမ်စာတွေ လုပ်တယ် သူထက် အလေးထားကြောင်း ရန်ဖြစ်တတ်တယ် စည်သူက ငါကော မချစ်ဘူးနဲ့ အတင်း အဖြေဝင်ဝင် တောင်း ရင်းနဲ့ အဲဒီရန်ပွဲကို အဆုံးသတ်စေတယ်
အရမ်းရယ်ရတယ် ကျောင်းပိတ်ရက်တွေဆို တပတ်နဲ့ တပတ်မတူ နေရာတွေတော်တော်များများရောက်တယ် ရောက်တဲ့နေရာတိုင်းကိုလဲ သူ့ကင်မရာလေးနဲ့ ဓာတ်ပုံတွေ ရိုက်ကြတယ် ကျွန်မဘေးကနေလဲ သူဘယ်လောက်ချစ်ေုကြာင်း ကျွန်မထက် သူပိုချစ်ကြောင်း လာပြိုင်တတ်သေး ကျွန်မကလဲ အားကျမခံ သူကို စတတ်တယ် သူကို မုန်းကြောင်းတွေ အကြောင်းရှာ လျှောက်ပြောတတ်တယ် သူက အဲလိုအချိန်များဆို ကျွန်မကို အရမ်းဖက်ဖက်ပီး မျက်နှာတခုလုံး နေရာလပ်မကျန် နမ်းရှိုက်တတ်တယ် ကျွန်မ ရှုန်းပေမဲ့ မရ သူက သူရဲ့ အထိ အတွေ့အောက်မှာ ရှုန်းမရပါစေနဲ့လို့ သူက ကျိန်တတ်တယ် သူကိုချစ်စိတ်နဲ့ တကယ်ပင် မရှုန်းနိုင်ပါဘူးလို့ သူကျိန်တိုင်း စိတ်ထဲက အဖြေပေးလိုက်တယ် သူဘေးနားတွေနေရာသည်က ကျွန်မဘဝမှာ အပျော်ဆုံး အချိန်တွေပါကျွန်မတို့ရဲ့ ပျော်စရာအချိန်တွေ ဖျက်ဆီးချိန် ရောက်လာပေသည် ဖြစ်ပီး ပျက်တတ်တဲ့ သဘောကို ကျွန်မဘဝမှာ ကိုယ်တိုင် ကိုယ်ကျ လက်တွေ့ဆန်ဆန် တွေ့ရတော့တယ် သူအမြဲ ပြောတဲ့ တခုခုကြောင့် ဝေးများဝေးသွားရင် သူဘာလုပ်ရမလဲ မေးတတ်တဲ့ သူစကားတွေကို ပြန်မဖြေခဲ့တဲ့ ကျွန်မ နောင်တရသလိုလို ကျွန်မကလဲ အဲအဖြေကို ကျွန်မကိုယတိုင်ပင် မသိသလို အဲလိုဖြစ်ရင် ဘာလုပ်ရမလဲဆိုတာ မသိအောင် ရင်နာနေရမယ်

YOU ARE READING
First Love Myanmar Versions
Romanceအချစ်ဆိုတဲ့ အရာကို ကျွန်မ သေချာမသိပါဘူး ကျွန်မ ချစ်တဲ့ အချစ်ကို ပုံမဖော်ပြနိုင်ဘူး ကျွန်မအတွက် သူအချစ်ကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်မ သူရယ်သံ သူအကြည့် သူအပြုံး တွေကို မြင်နေရရင် ကျေနပ်မိတယ် သူပျော်ရင် ကျွန်မလဲပျော်တယ် သူစိတ်အတိုင်း ကျွန်မလိုက်ခံ...