အပိုင်း(၁၁)

1.8K 59 0
                                    

      ကောင်မလေး တယောက်ရယ် လုံခြုံရေးရယ် သူရိန် အခန်းကို ဖွင့်လိုက်တယ် သူရိန် အခန်းထဲ လဲနေတယ် ကျွန်မ အမြန်ပြေးပီး *သူရိန်…… သူရိန် ……ဘာဖြစ်တာလဲ* *လမင်း ဟိုပေါ်က ဆေးပေး*ဆိုလို့ ယူပေးလိုက်တယ် ချက်ချင်း သောက်လိုက်တယ် သူဝေဒနာ မပျောက်သေးဘူး ထင်တယ် သူအံကြိတ်ခံစားနေတယ် သူကိုကြည့်ပီး 
            ကောင်မလေးက လူနာတင်ယာဉ်ခေါ်လိုက်မယ်ဆိုပီး ထွက်သွားတယ် ကျွန်မက သူရိန်လက်ကိုင်ပီး လုံခြုံရေးကို ဟိုဘက်အခန်းက driverဦးလေး ပြေးပီး သွားခေါ်ခိုင်းလိုက်တယ် ကျွန်မ မျက်ရည်များ စို့တတ်ပီး ဝိုင်းလာတယ် သူရိန်က*ဘာမှ မဖြစ်ဘူး ခေါင်းမူးရုံတင်ပါ လမင်း မငိုပါနဲ့ကွာ ခုဆေးသောက်လိုက်တော့ ကောင်းသွားပီ* ဆိုပီး အသံပျော့ပျော့လေးနဲ့ ပြန်ပြောတယ်ခလူနာတင်ယာဉ်ရောက်လာတော့ သူရိန်က *ကျွန်တော် ဘာမှ မဖြစ်တော့ဘူး ကျွန်တော် ဆေးရုံ မသွားတော့ဘူး* *သူရိန် ဘာဖြစ်တာလဲ သွာံးစစ်ရအောင်လေ*ဆိုပီး မနေတုန်း*ကျွန်တော်က ဦးနှောက်ကင်ဆာ ဝေဒနာရှင် ကျွန်တော်က ခေါင်းမူး တတ်တယ် ကျွန်တော်၃လပဲအနဲဆုံး နေရတော့မှာ ခု၂လရှိပီ
အဲတော့ ဒီထက်ပိုတိကျတာ ဘာမှ မရှိတော့ဘူး ကျွန်တော် စစ်စရာမလိုတော့ဘူးထင်တယ်*
*သူရိန် ဘာတွေပြောနေတာလဲ*
*လမင်း ကိုယ် တောင်းပန်ပါတယ် ကိုယ်တိတ်တိတ်လေး ထွက်သွားမလို့ မင်းကို မပြောတာပါ*
* နင်ကို မုန်းတယ် ငါကို ဘာလို့ မပြောတာလဲ သူကျ အေးအေးဆေးဆေး ထွက်သွားမယ်ပေါ့ ပြောတော့ ၂လနေရင် ဟိုက်ု ပြန်မှာဆို ပြီးရင် ပြန်လာမှာဆို နင် ငါကို လိမ်တာပေါ့ ငါကို စောင့်ခိုင်းတာပေါ့*
*လမင်း မင်းကို မစောင့်နဲ့လို့ ပြောတယ်လေ ကိုယ်စိတ်ချချင်ခဲ့တာ ကိုယ် တနေ့ပြန်လာမယ် ကတိပေးခဲ့တယ် ဟိုမှာ ရောဂါရှိတယ်ဆိုတာ သိလျက်နဲ့ မင်းဆီ ပြန်လာခဲ့တယ် မင်းကို ငါမရှိဘဲ နေနိုင်စေချင်တာ ငါလဲ မနေနိုင်ဘူး လမင်း ငါလဲ မသေချင်ဘူး နေလိုရသေးရင် တသက်လုံး ထွက်မသွားချင်ဘူး မင်းဘေးမှာဘဲ နေချင်ခဲ့တာ ငါပြန်ရင် ဟိုမှာမိန်းမရှိတယ်လို့ ပြောပီး ငါထွက်သွားမှာ ငါအတ္တကြီးတယ် ခုချိန်ထိ မင်းနားက မကွာချင်ဘူး မင်းနဲ့ဘဲ နေချင်တာ ငါနေချင်သေးတယ် လမင်းရယ် ငါအသက်ရှင်ချင်သေးတယ်*
*နင်ပိုက်ဆံချမ်းသာတာပဲ ဘာ လို့မကုတာလဲ*
*ခွဲလိုက်ရင် အသက်ရှင်မယ် အာမခံဘူး ရှင်ရင်တောင် ငါတို့အမှတ်တရတွေ ငါမမှတ်မိတော့ဘူး ဒီတိုင်းနေရင်လဲ ငါမေ့သွားမှာ မမြင်တာ ကြာတဲ့သူတွေကို မေ့သွားမှာ ဒါပေမဲ့ တော်ပါသေးတယ် ၃လဆိုတဲ့ အတိုင်းတာလဲ နေရတယ် မြင်နေကြသူလဲ သတိရနေမယ် အဲကြောင့် မခွဲတာ ငါသေရင်တောင် မင်းရဲ့ အမှတ်တရတွေနဲ့ သေချင်တယ် ဘယ်လောက်ပဲ နာကျည်းစရာ ဖြစ်ဖြစ် ငါ မင်းကို အရမ်းချစ်တယ် လမင်း ငါအရမ်းချစ်တာ ငါကို မုန်းတယ် မပြောပါနဲ့ကွာ ပီးတော့ ငါစိတ်ချပါရစေကွာ ငါရောဂါဖြစ်တော့ ငါစိတ်မချဆုံးက မင်းပဲ  မင်းဘာတွေလုပ်နေမလဲ ဘာတွေစားနေမလဲ ငါမရှိတဲ့နောက်တွေ့မယ့် ယောက်ျားကကော ကောင်းပါမလား ငါစိတ်မချဘူး လမင်း ပီးတော့ ဆေးရုံပေါ်မှာလဲ လဲမနေချင်ဘူးကွာ နောက်ဆုံး မတတ်နိုင်မှသာ နေချင်နေမယ် ခုတော့ မနေပါရစေနဲ့*
ကျွန်မ မျက်ရည်တွေ အလိမ့်လိမ့်ပင် ကျွန်မတင်မက အဲနားက လူတွေအားလုံးစိတ်မကောင်းနေကြတယ်

First Love Myanmar VersionsWhere stories live. Discover now