အပိုင်း(၁၂)

3.5K 168 26
                                    

မင်္ဂလာဆောင်ခါနီး ပြင်ဆင်ချိန်မှာ တဖဝါးမှ မကွာ ထိုင်ကြည့်နေတယ် စည်သူတို့ အေးချမ်းတို့ အတွဲတွေကော မင်းသမီးသိမ့်သိမ့်တုန်ကောသူတို့ကို အရံ ပန်းကြဲ ဖိတ်ထားတယ်လေ သူတို့လဲ မနက်ကျ ရောက်လာတယ် ကျွန်မ ခေါ်ဆိုမှုနဲ့ပေါ့ သူရိန်က ရောဂါ အခြေအနေရ  မေ့နေပီလေ စည်သူတို့ အေးချမ်းတို့ကို သူတို့ ရောက်လာတော့
*သူရိန် စည်သူတို့ အေးချမ်းတို့ လာပီလေ*
*ဟင် အော် မင်းဧည့်သည်တွေလား လာ ထိုင်လေ*
အားလုံး ပါးစပ်အဟောင်းသားနဲ့ *သူရိန်*လို့ အံ့ဩစွာ တပြိုင်တည်းအော်လိုက်မိတယ်
သူရိန်က ကြောင်တောင်တောင်နဲ့ ခေါင်းကုတ်ပီး *ဟင် အော် အရံတွေလား *
စည်သူ:သူရိန် ငါတို့ကို မမှတ်မိဘူးလား
အေးချမ်း:အေးလေကွာ
ဆိုပီး မျက်ရည်များနဲ့ သူရိန်ကို လှမ်းပြောနေကြတယ်
သူရိန်က ဘာတွေ ပြောနေတာလဲ ပုံစံနဲ့ ဖြစ်နေတုန်း
ကျွန်မလဲ သူရိန်လက်ဆွဲပီး
*သူရိန် ဒါက စည်သူ ဒါက အေးချမ်း ဟိုတယောက်က စည်သူ ကောင်မလေး ယမင်း ယမင်းဘေးက အေးချမ်း ကောင်မလေး ဟိုတယောက်က မင်းသမီးသိမ့်သိမ့်တုန်*
*အော် အေးပါကွာ တွေ့ရတာ ဝမ်းသာပါတယိ*
စည်သူတို့ ဝမ်းနည်းပတ်လက်ပင် အခန်းထဲမှာ ရှိသူ အားလုးံလဲ မျက်ရည်များ ထွက်မလာအောင် မျက်တောင်များနဲ့ ရိုက်သွင်းနေကြတယ် သူရိန်ကတော့ ဘယ်သိနိုင်မလဲ
နောက် အခန်းနားစလိုက်တယ် ပီးတော့ လူတွေ လိုက်ဧည့်ခံကြတယ် အဲအခါမှ သူပါးစပ်က လွှတ်ကနဲ
*လမင်း ငါသူငယ်ချင်းတွေ ဖုန်းဆက်ဖို့ ငါမေ့နေတာ ငါ ဒီကောင်တွေကို အသိပေးရမှာ ငါသူတို့နဲ့ ဓာတ်ပုံရိုက်ချင်တယ်*သူစကားကြောင့် ကျွန်မ စည်သူတို့အတွက် စိတ်မကောင်း ဖြစ်နေရာမှ ပျော်လွန်းကျလာတဲ့ မျက်ရည်တွေနဲ့အတူ ပြုံးပီး *သူရိန် သူတို့နဲ့လား*လို့ စိတ်ဓာတ်ကျ မျက်နှာမကောင်း ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်နေတဲ့ အရံကောင်လေး ၂ယောက်ကို လက်ညှိုးထိုးပြလိုက်တယ် ဟို၂ယောက်လဲ
မျက်နှာ ချက်ချင်းပြောင်းပီး *ငါတို့မှတ်မိသွားပီလား လမင်း*
သူရိန်ကတော့ တချက်ကြည့်ပီး မဟုတ်ဘဲနဲ့ ဆိုတဲ့ ပုံစံနဲ့ ပြန်လှည့်ပီး လမ်းဆက်လျှောက်တယ် ကျွန်မနဲ့ ဟို၂ယောက် မျက်နှာလဲ အရင်တိုင်းပြန်ဖြစ်သွားတယ် တအောင့်နေမှာ ကျွန်မ လက်ချိတ်ထားတဲ့ ခန္ဓာကိုယ်ကြီး အတင်း လှုပ်ပီး ရှိုက်သံ ထွက်လာတယ် ကျွန်မ သူကို စိုးရိမ်ကြီးစွာ *သူရိန် ဘာဖြစ်တာလဲ ဘယ်နားက နာလို့လဲ* ငိုသံကြီးနဲ့
*ရင်ထဲက နာတာ လမင်း *ဆိုပီး နောက်တချက်လှည့်ပီး
*ဟာ……… ငါ…ကို …မုန်းသွားပီးလား …သယ်ချင်းတို့ …မုန်းလိုက်ပါကွာ …ငါတကယ်ကို…မမှတ်မိဘူးကွာ*
ဆိုပီး စည်သူနဲ့ အေးချမ်းကို ပြေးဖက်လိုက်တယ် သူတို့တွေမှာ ပျော်ရွှင်မှုတွေနဲ့ ဝမ်းနည်းမှုတွေနဲ့ ဖက်ငိုနေကြသည်မှာ အတော်ပင် ကြာလိမ့်မယ် သူရိန်ပါးစပ်ကလဲ *တောင်းပန်ပါတယ်ကွာ*ဆိုတဲ့ စကားသံပင် ထပ်တလဲလဲ ပြောနေတယ် ကျွန်မတို့ ကောင်မလေး ၃ယောက်လဲ ကိုယ်ချစ်သူ ယောက်ျား အရင့်မာကြီးတွေက ငိုနေတော့ ငိုကြပီပေါ့ နောက်မှ သတိရပီး မျက်ရည်တွေ သုတ်ပီး သူရိန်နား ကပ်ပီး *သူရိန် လက်ထပ်ကြအုံးစို့*ကျွန်မ သွားပြောတော့မှ သူတို့လဲ ဘေးကလူတွေ သတိရသွားဟန်နဲ့ ရှက်နေကြတယ်
စည်သူက *နင်ကလဲ လက်ထပ်မှာပ ငါတို့တွေက ခုမှ တွေ့တာ အေးဆေး အလွမ်းသယ်ပါရစေအုံး*
*အေးပါဟယ် ငါယောက်ျားကို အပိုင်သိမ်းထားတော့ သဝန်တိုတယ် ထိုင်ပီး ပြောကြပါအေ*ဆိုပီး တနေရာမှာ အားလုံးစုထိုင်လိုက်ကြတယ်

First Love Myanmar VersionsWhere stories live. Discover now