ကျွန်မက အလုပ်မှာဆို လက်ထောက်လောက်ပါပဲ တကယ် secretaryက မသူဇာတဲ့ သူက လူကြီးပီသတယ် မျှတအောင် ခိုင်းတယ် သိပ်လဲ မပင်ပန်းဘူး သူရိန်ကတော့ အချိန်ပြည့်နီးနီးခေါ်လို့ secretaryအလုပ်ကို သိပ်မလုပ်ရ
မနက် ၉နာရီ ရုံးရောက်တာနဲ့ သူဆီသွား မနက်စာစား ခဏအလုပ်လုပ်ပီး ၁၁နာရီကျ ထမင်းစားတယ် ၁၂ကျ သူအိပ်တယ် ကျွန်မကို သူအိပ်နေတာ ထိုင်စောင့်ခိုင်းတယ် သူလက်ကိုင်ပီးတော့ပေါ့ ရုံဆင်းချိန်မှာ နှိုးတယ် သူနှိုးရင် နေ့လည်စာ အတွက် ပြင်ပေးရတယ် ပီးရင် ပြီးရင် ရုံးဆင်း ညနေကျ ညစာစားရအောင်လာခေါ်ပေးတယ် အတူတူစားပီး ပြန်ပို့ တခါတလေသူက အိမ်မှာပဲ နေတယ် အဲလိုနေ့ဆို ရုံးသွားစရာ မလို သူအိမ်သွားရတယ် သူက အစားပဲ ထစားတယ် မဟုတ်ရင် အိပ်နေတတ်တယ် အား ဆေးတွေလဲ များကြီး သောက်တယ် သူက အားနဲတဲ့ သူတယ်လေ လူကတော့ အရယ်မပျက် အပြုံးမပျက်ပိတ်ရက်တွေဆိုတော့ ရုပ်ရှင်ကြည့်သွားရမယ်လေ သူလာခေါ်မယ် ပြောတယ် ကျွန်မရေမိုးချိုးနေတုန်း အရှေ့မှာ ရောက်နေပီလေ ကျွန်မတို့ တိုက်တန်းနစ် ဇာတ်ကား ကြည့်တယ် ဇာတ်သိမ်းကျ မနေနိုင်ပါ ငိုတော့တယ် ကျွန်မ ဒီဇာတ်ကားကြည့်တာ ပထမဆုံး မဟုတ်ပေမဲ့ ကြည့်တိုင်းဝမ်းနည်းတုန်း ငိုနေတဲ့ကျွန်မကို သူဖက်ပီး
*မငိုပါနဲ့ကွာ ကလေးကျနေတာပဲ ဇာတ်ကားကြည့် ငိုနေတယ် တိတ် တိတ်* ကျွန်မကို ချော့တယ် လမ်းမှာလဲ မျက်ရည်က ကျန်နေတယ် သူက ရယ်ပီး
*လမင်းလေး လူတွေက အမြဲခွဲရတယ် မင်းသာ ခွဲသွားရတဲ့လူတွေ ကြည့်ပီး ငိုနေရင် မင်းမျက်ရည်တွေ ခမ်းကုန်မယ် တနေ့ကျ ကိုယ်တို့လဲ သေချင်းနဲ့ မခွဲရဘူးလို့ ဘယ်သူပြောလဲ ကွဲသွားရင်လေ တိတ်တိတ်လေး ထွက်သွားတာနဲ့ ကိုယ်ရှေ့မှာ ထွက်သွားတာနဲ့ဆို မင်းဘာလိုခွဲချင်လဲ ဟင် လမင်း ကိုယ်က သိချင်လို့ပါ*
*နင်ကလဲ မဟုတ်တာတွေ ပါးစပ်ပုတ်ကြီးနဲ့ ဘွတ် လွဲပါစေ ချော်ပါစေ*
*လမင်း လူဆိုတာ စက္ကန့်တိုင်းသေနိုင်တယ်လေ ခုအသက်ရှုတုန်းလေးမှာ ပြောသင့်တာပြောရမယ် မေးသင့်တာ မေးရမယ် ကိုယ်ပြောခဲ့လို့ နောင်တမရဘူး မေးခဲ့လို့ နောင်တမရဘူး*
သူပြောတော့ တချက်စဉ်းစားလိုက်တယ်
*အင်..... ကိုယ်ရှေ့မှာ ထွက်သွားစေချင်တယ်*
*အမ် အရမ်းကြီးခံစားရမှာပေါ့*
*အင်း ခံစားရမယ် ဒါပေမဲ့ ကိုယ်က သူနောက်ဆုံးကို တက်နိုင်သလောက် လုပ်ပေးနိုင်တယ် နောင်တမရတာပေါ့*
*ဒါပေမဲ့ သေတော့မဲ့လူတွေက ကျန်ခဲ့တဲ့ လူကို မခံစားစေချင်ဘူးလေ သူကို ဆက်ပျော်စေချင်တယ် ကိုယ်ဆိုရင်လဲ အဲလိုပဲ တကယ်လို့ ကိုယ်သာ တခုခု ဖြစ်သွားရင် မင်းက ကိုယ်ကို မေ့ပီး အိမ်ထောင်ပြု ကလေးတွေ မွေးပီး ပျော်ရွှင်စေချင်တယ်*
*နင်ကလဲ ငါက နင်ကို မမေ့နိုင်ဘူးဆိုရင်ကော ဘယ်လိုလုပ်မလဲ ငါက တသက်လုံး သတိရနေမယ် ဆိုရင်ကော ငါအခြားယောက်ျားတယောက်နဲ့ မချစ်နိုင်ဘူးဆိုရင်ကော*
*သေသောလူ ကြာရင်မေ့တဲ့ မေ့သွားမှာပေါ့*
ကျွန်မ ခေါင်းခါပီး *မမေ့ပါဘူး ငါက နင်ကို တသက်လုး ချစ်မှာ ငါက ငါရင်ခွင်ထဲမှာပဲ ငါချစ်သူကို နောက်ဆုံးထွက်သက်ထိ ပြုစုမယ် ငါအဲလိုမှ မလုပ်ရဘူးဆို ငါနောင်တတွေ အပြည့်နဲ့ ဖြစ်နေမှာပ*
သူတချက်ပြုံးပီး လာမုန့်စားမယ်

YOU ARE READING
First Love Myanmar Versions
Romansaအချစ်ဆိုတဲ့ အရာကို ကျွန်မ သေချာမသိပါဘူး ကျွန်မ ချစ်တဲ့ အချစ်ကို ပုံမဖော်ပြနိုင်ဘူး ကျွန်မအတွက် သူအချစ်ကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်မ သူရယ်သံ သူအကြည့် သူအပြုံး တွေကို မြင်နေရရင် ကျေနပ်မိတယ် သူပျော်ရင် ကျွန်မလဲပျော်တယ် သူစိတ်အတိုင်း ကျွန်မလိုက်ခံ...