ကျွန်မတို့ ခရီးထွက်ရတော့မယ် ကျွန်မ အထုပ်အပိုးတွေ ထုပ်ပီး စောင့်နေတယ် သူက လာခေါ်ပီး ပုဂံသွားခဲ့တယ် လမ်းခရီးတလျှောက်လုံး စကားတွေ ပြောလိုက် သူနဲ့အိပ်လိုက် တယောက်ပုခုံးပေါ်တယောက်တလှည့်မှီအိပ်
ရှေ့က driverကိုလဲ အားမနာ ဟိုရောက်တော့ ညပိုင်းလောက် ရောက်တယ် ဟိုတယ်က အခန်း၂ခန်းပဲ ရှိတယ် driverက သူအခန်းတခန်းအိပ်မယ်လို့ ပြောတယ် သူရိန်က ကျွန်မကို ပြုံးကြည့်ပီး *ခင်ဗျားနဲ့ အိပ်မှာပါ ကောင်မလေးက ခုတင်က ကန်ချလိမ့်မယ်*ပြောလိုက်တယ် ကျွန်မ ရယ်လိုက်တယ် driverက *ဟေ့ ကောင်မလေး နင့်ကောင်လေးကို အဲလိုမလုပ်ဘူးမလား*
*လုပ်မှာ အဲလို*သူက ပြုံးပီး*ကျွန်တော်က ရက်စက်တတ်တဲ့ သူကိုမှ ချစ်တာလေ*ကျွန်မပြုံးပီး သော့ယူပီး အခန်းကို ထွက်လာခဲ့တယ်မနက်ကျ ပုဂံဘုရားတွေကို လည်ပတ်တယ် ဓာတ်ပုံတွေ မရေနိုင်အောင် ရိုက်ကြတယ် ပစ္စည်းတွေလဲ ဝယ်ကြတယ် အမှတ်တရပေါ့ အနမ်းတွေလဲ မရေနိုင်ပါ အရမ်းချစ်တယ် သူကို သူရဲ့ အပြုံးမပျက်တဲ့မျက်နှာလေးကနဲ့ နှုတ်ခမ်းတွေကလဲ အရမ်းချစ်တယ်လို့ ခဏခဏ ပြောတယ် ကျွန်မ ပြောလိုက်တိုင်း သူပါးကို နမ်းပီး သတ်သေပြလိုက်တယ် ပုဂံမှာ ၅ရက်တောင်နေခဲ့တယ် ဆက်ပီး ကျိုက်ထီးရိုးကို ဆက်ခဲ့တယ် လူတွေ အများကြီးဖူးကြတယ် အချို့က ရင်ပြင်ပေါ်တွင် အိပ်ကြတယ် ဟိုတယ် အခန်းတွေကလဲ ကြပ်နေတယ် ကျွန်မတို့လဲ တခန်းပင်ရတယ် ဘယ်လိုအိပ်ရမလဲ မသိ ဖြစ်နေတယ် driverက ရင်ပြင်မှာ အိပ်မယ် ပြောတယ် *ဘယ်ဖြစ်မလဲ ဦးလေးကလဲ*
*အဲတာဆို တောင်အောက် ဆင်းအိပလိုက်မယ် ငါတူ မင်းတို့ က ဒီမှာနေလိုက် *
*ဟုတ်ကဲ့ မနက်ပြန်တတ်မှာ မလား*
*မင်းတို့ ဆင်းမယ့်နေ့မှ တတ်လာမယ် ဘယ်နေ့ဆင်းမှာလဲ*
*အဲဒါဆိုလဲ ကျွန်တော်တို့ ဘာသာဆင်းခဲ့ပါ့မယ်ဗျာ ရူခင်းကြည့်ရင်းပေါ့*
*အော် အေး ဟုတ်ပီ သွားပီကွာ*
ဦးလေးကြီးထွက်သွားတော့ သူကို ကြည့်ပီး *ဘယ်လို တခန်းကို အိပ်မယ် စိတ်ကူးထားတာလဲ ခုတင်ပေါ်က ကန်ချမှာနော်*ကျွန်မအပြောကို သူပြုံးပီး *ဖြစ်သလိုပ*
ကကောင်မလေးက*၂ယောက်က အရမ်းလိုက်တာပဲနော်* သူရိန်က *ကျေးဇူးပါပဲ ကျွန်တော်က အဲလို ကန်ချမယ့် ကောင်မလေးနဲ့ ဘယ်လိုအိပ်ရမလဲ စဉ်းစားလိုက်အုံးမယ်* *သူရိန် ကြောက်တယ်ပေါ့ ခုကတည်းက အိပ်ယာအပိုတောင်းရင်တောင်းထားနော်*
*မလိုပါဘူး ကိုယ်က ကိုယ်ကိုယ်ကို ယုံတယ်လေ*
အဲကောင်မလေးက ရယ်ပီး *ရပီရှင့် သော့* သူရိန်ယူလာပီးအခန်းကိုဖွင့်လိုက်တယ် ကျွန်မတို့ ဖွင့်လိုက်တော့ ခုတင်ကြီးကြီး တခုပင် ကျွန်မ တံတွေးတချက် မြိုလိုက်တယ် သူက အရိပ်အကဲ သိသူဆိုတော့ *လာလေ မအိပ်ဘူးလား*သူက ပြုံးစိစိနဲ့ ကျွန်မကို စနေတယ် ကျွန်မ မျက်စောင်းထိုးတော့ သူက ပြုံးပီး *ရေချိုးလိုက်အုံးမယ် တကိုယ်လုံး ညစ်ပတ်နေတာပဲကွာ* ကျွန်မ အိပ်ယာပေါ်တတ်ထိုင်နေတယ် ပင်ပန်းတာနဲ့ တရေးတမော အိပ်လိုက်တယ် သူက ရေချိုးပီး ထွက်လာတယ် ထင်တယ် ကျွန်မကို ကြည့်ပီး *ဟာ အိပ်နေပီလား အင်္ကျီလဲ မလဲ ဘူး ရေလဲ မချိုးဘူး လမင်း အိပ်နေပီလား* ကျွန်မ မအိပ်သေး အသံတွေ ကြားနေတယ်လေ
*သူရိန် အိပ်ချင်ပါတယ်ဆို ပူညံပူညံနဲ့ အမေအတိုင်းပဲ*
*လမင်း ညစ်ပတ်တာကွာ ထ ထ ရေချိုး ကိုယ်တောင်ချိုးပီးပီ* ကျွန်မ မျက်လုံးဖွင့်လိုက်တော့ အင်္ကျီမပါတဲ့ သူ့ ခန္ဓာကိုယ်ကို မြင်ရတယ် ဖွေးနေတဲ့ သူ ခန္ဓာကိုယ်ကို ကြည့်ပီး ထလိုက်တယ် သူက မသိကတုံးကို ရေသုတ်နေတယ်လေ ကျွန်မ လက်နဲ့ လက်ဗိုက်ကို တို့လိုက်တယ် သူက လန့်ပီး *ဟ ဘာလုပ်တာလဲ*
*ကိုင်ကြည့်တာ*
* စစ်ပတ်နဲ့ မို့လို့လား*သူရဲ့ ပိန်ချပ်နေတဲ့ ဗိုက်ကို စစ်ပတ်တဲ့ ဆိုတော့ ကျွန်မ ရယ်လိုက်တယ်
*ရေချိုးတော့*
*လာ ကျောသုတ်ပေးမယ်* ဆိုပီး တဘတ်ဆွဲယူလိုက်တယ် သူက အရှေ့မှာ ထိုင်ပေးတယ် သူကျောကို သုတ်ပေးလိုက်တယ် ရေမရှိတော့ သူခါးကို တချက် တို့လိုက်တယ် သူက ယားတတ်တယ် တွန့်သွားတယ် *လမင်း မင်းက ရန်စတယ်ပေါ့*ဆိုပီး ကျွန်မဘက် လှည့်လာတယ် ခါးကို တို့တယ် မခံနိုင်လို့ အော်ပီး ခုတင်ပေါ် လူးလိမ့်နေရတယ် သူနဲ့ ခန္ဓာကိုယ် အထက်အောက်ဖြစ်သွားတယ် သူနဲ့ ကြည့်နေတယ် ကမ္ဘာအပြင်ဘက်ကို ရောက်သွားသလို စိတ်လွတ်သွားတယ် သူက ကျွန်မ နဖူးကို လက်လေးနဲ့ တောက်လိုက်ပီး *ရေချိုးတော့ ညစ်ပတ်အိုးလေး* *အင်း*ဆိုတော့ သူက ဖယ်လိုက်တယ် ရေချိုးခန်းထဲ ဝင်လိုက်တယ် သူရေချိုးထားလို့ သူအငွေ့အသက် လေးကို ခံစားရတယ် ရေချိုးပီး ခေါင်းသုတ်ရင်း ထွက်လာတော့ သူကွန်ပျုတာ တလုံးနဲ့ ကျွန်မ သူနားသွားပီး *ဘာလုပ်နာလဲ အလုပ်ရှုတ်နာလား*
*မရှုတ်ပါဘူး ဘာလဲ ပြော*
*ခေါင်းသုတ်ပေး* သူက ပြုံးပီး သုတ်ပေးတယ်
*လမင်း အရင်က ဘယ်သူသုတ်ပေးဘူးလဲ မင်းကို*
*မေမေ သုတ်ပေးဘူးတယ်*
*အော် မင်း တက္ကသိုလ်တတ်တုန်းက မင်းကို ကြိုက်တဲ့လူ မရှိဘူးလား*
*ရှိပါဘူး သတိလဲ မထားမိပါဘူး မလာသေးတဲ့လူကြီးကို စောင့်နေတာလေ*
*တကယ်လို့ ကိုယ်သာ ပြန်မလာတော့ဘူးဆို ကိုယ်ကို မုန်းမှာလား*
*မလာနိုင်တော့ဘူးလို့ ပြောရင်လဲ နားလည်ပေးမယ် မပြောဘူးဆိုရင်လဲ တသက်လုံးစောင့်မယ်*
*မလာနိုင်ဘူးလို့ ပြောပီး မလာတော့ဘူးဆိုရင်ကော အခြားလူကို မင်းကြိုက်သွားမှာလား*
*မသိဘူး ငါနင်ထက် ဘယ်သူမှ မချစ်နိုင်ဘူး နင်တယောက်တည်းပဲ ချစ်ချင်တယ် နင်အဲလိုပြောရင် ငါဒီလောကထဲ မနေချင်တော့ဘူး*
သူ သုတ်တာ ရပ်သွားတယ် *ဆက်သုတ်လေ* *အေးပါကွာ ငါပြောမယ် လမင်း ငါသေရင် လိုက်သေမယ်လို့ မပြောနဲ့နော်*
*ငါ ပါးစပ် ငါသဘော*
*လမင်း ငါအတည်ပြောနေတာ*
*မသိဘူး နင်မရှိရင် ငါနေနိုင်ပါမလား ဆိုတာ*
*နေရမယ် နော်*
*သူရိန် ဘာလို့ အဲလိုတွေ ပြောနေတာလဲ*
*ဘာမှ မဟုတ်ပါဘူး*
နောက်ကျ ဇာတ်ကားကြည့်ကြတယ် သူကြည့်ရတာ စိတ်မကောင်းနေပုံပဲ *သူရိန် နေမကောင်းလို့လား*
*မဟုတ်ပါဘူး*
ညကျ *ဘယ်လိုအိပ်မှာလဲ သူရိန်*
*မင်း ဟိုဘက်လှည့်အိပ်လေ *
*အင်း*
ခဏနေကျ ဟိုဘက်ကို အသာလေး လှည့်လိုက်တယ် သူခါးကို အသာလေး ဖက်လိုက်တယ် သူဆီက ရယ်သံကြားရပီး သူလှည့်လာတယ် ကျွန်မကို ကြည့်ပြုံးပီ်း *အရမ်း ချမ်းတယ်*ဆိုပီး ဖက်လိုက်တယ် အဲတိုင်းလေးပင် ၂ယောက်သား အိပ်ပျော်သွားတယ် ကျိုက်ထီးရိုး ဘုရားဖူးပီး နောက်တရက် တောင်အောက်ဆင်းလာခဲ့တယ် ရူခင်းတွေ ကြည့်ရင်း ဖြေးဖြေးချင်းပေါ့ ဆင်းလာခဲ့တယ်
ချောင်းသာ ဆက်သွားခဲ့တယ် ရောက်တော့ ဟိုတယ် အခန်းငှားရင်း သူရိန် ပင်လယ်ပြင်ကြီးက လှလိုက်တာ လူတွေကလဲ များကြီးပဲ သူရိန် ပြုံးပီး မင်းလောက်မလှဘူး အရင် ကကောင်မလေးတွေလိုပင် ကျွန်မတို့ ၂ယောက်ကို လိုက်တယ်လို့ ပြောတယ် ကျွန်မ *အမ ညီမက ပိုလှတာနော်*သူတို့က ပြုံးနေတယ် သူရိန်က *အဲလိုလှတဲ့သူလေးနဲ့ပဲ ချစ်သူဖြစ်ချင်တာ လမ်းကြုံရင် ပြောပေးနော်*ကျွန်မရယ်ပီး *အဲကောင်မလေးက ပင်လယ်ဘက် သွားမယ်တဲ့*ဆိုပီး သူရိန်ကို အတင်းဆွဲခေါ်ပီး ပင်လယ်ဆီ ရောက်လာတယ် ပင်လယ်လှိုင်းလေးတွေက မခေါ်ဘဲ ကမ်းပါးဆီ ရောက်လာတယ် ပီးတော့ မနှင်ဘဲ ပြန်သွားတယ် ကျွန်မလဲ ရောက်လာရင် နောက်ဆုတ်လိုက် ပြန်သွားရင် လိုက်ခေါ်လိုက် လုပ်နေတယ် ချက်ဆိုတဲ့ အသံဘက် လှည့်ကြည့်တော့ သူရိန် ကျွန်မလုပ်နေတာကို ဓာတ်ပုံ ရိုက်လိုက်တယ် ပြုံးပီး *သူရိန် နောက်တပုံ *
*ကျွန်တော်က အရူးပုံတွေ မရိုက်ဘူးဗျာ*
*ဘာပြောတယ်*သူ လည်ပင်းကုတ်ပီး မသိသလိုလုပ်နေတယ်
*သူရိန် ဘာပြောလိုက်တယ် ဟင်*
*အမက ကျွန်တော် သိလို့လား*
*မနောက်နဲ့နော် ရိုက်ပစ်မှာနော်*
*မှီရင် ရိုက်ဗျာ*
ကျွန်မ သူနောက်ကို ပြေးလိုက်တယ် သူက *ဒီမှာပါဗျာ အရူးလိုက်နေတယ်*ဆိုပီး အော်ပြေးတယ် သူအဲလို ပြောတော့ အချို့လူတွေက ကြည့်ကြတယ် *သူရိန် လူတွေ များကြီးပဲ အဲလိုမအော်နဲ့လေ*လျှာထုတ် ပြောင်ပြတယ် ကျွန်မ ရှက်စိတ်နဲ့ ဒေါသနဲ့ သူနောက်လိုက်တယ်

YOU ARE READING
First Love Myanmar Versions
Romanceအချစ်ဆိုတဲ့ အရာကို ကျွန်မ သေချာမသိပါဘူး ကျွန်မ ချစ်တဲ့ အချစ်ကို ပုံမဖော်ပြနိုင်ဘူး ကျွန်မအတွက် သူအချစ်ကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်မ သူရယ်သံ သူအကြည့် သူအပြုံး တွေကို မြင်နေရရင် ကျေနပ်မိတယ် သူပျော်ရင် ကျွန်မလဲပျော်တယ် သူစိတ်အတိုင်း ကျွန်မလိုက်ခံ...