အပိုင်း(၈)

1.7K 63 1
                                    

သူက အရင်အတိုင်း ချောတုန်းပင် တခုပင် သူတော်တော် ပိန်သွားတယ် ဆံပင်ကလဲ ကတုံးတုံးထားတယ် အသားက ဖြူလာတာလား တော်တော် ဖြူလွန်းတယ် အားမရှိသလိုပင် ဒါမေပဲ့ သူအပြုံးလေးက အရင်အတိုင်းပင် ကျွန်မကို သူရဲ့ အပြုံးများနဲ့ ဖမ်းညှို့ဆဲ ကျွန်မ ပါးပြင်မှာ ပျော်လွန်းလို့ ကျလာသော မျက်ရည်စများ သူက ကျွန်မဆီ လှမ်းလာပီး ပါးစပ်ပိတ်ထားမိသော လက်လေးကို မပြောမဆို ဆွဲဖယ်လိုက်တယ် မျက်ရည်များကို သုတ်ပေးရင်း
*သွားတော့လဲ ငို ပြန်တွေ့တော့လဲ ငိုနဲ့ ဘာလုပ်ပေးရမလဲ*
ကျွန်မ သူအပြောကြောင့် သူရင်ဖက် တခြမ်းကို ထုလိုက်တယ် *အာ နာတယ် လမင်းရ *
*နာအောင် လုပ်တာ မအော်နဲ့*ပြောပြောဆိုဆိုနဲ့ သူကို ဖက်လိုက်တယ် *ကြာကြီးနေမှ ဘာလို့ ပြန်လာတာလဲ ပစ်တုန်းက ပစ်ထားပီး ဟိုမှာ မိန်းမရနေပီ ထင်နေတာ*
*အင်း ငါမိန်းမရပီးပီ ကွဲခဲ့တာ*ကျွန်မ ဖက်ထားတဲ့ လက်ကို ဖယ်ပီး *အတည်လား*

သူအရမ်းရယ်ပီး *စတာပါ မင်းတောင် ရည်းစားမထားဘူး ကိုယ်က မင်းထက် အဆများစွာ ချစ်တဲ့ သူပါကွာ ရည်းစားတောင်မရှိခဲ့ဘူး *
*အင်း သိတယ် သူရုပ်ကို ဒီကောင်မလေးပဲ ကြိုက်မှန်း ဒါပေမဲ့ ၈နှစ်လောက် ကြာမှ ပြန်လာတာကို မိန်းမရလောက်ပီ ထင်တာပ အစတည်းက ထင်ချင်ချင်ပါဆို သူက ပြောတော့ ထင်တာပေါ့လို့*
*ဒီရင်ထဲမှာ မင်းပါပဲကွာ လွမ်းနေတာ*
*သူရိန် နင်သူငယ်ချင်းတွေနဲ့လဲ အဆက်အသွယ် မလုပ်ဘူး သူတို့ နင်ပြန်ရောက်တာ သိမှာတောင် မဟုတ်ဘူး *
*ငါပြန်ရောက်တော့ သူတို့နဲ့ တွေ့တောင် တွေ့ပီးပီ မင်းကို အံ့သြစေချင်လို့ မပြောဖို့ ပြောထားတာ ယမင်းတော့ မသိပါဘူး ဘယ်လိုလဲ တော်တော်မှ အံ့ဩရဲ့လား*
*မကောင်းဘူး  သူများမှာ မေးခွန်း၂ခုတည်းနဲ့ အလုပ်ရရတယ် သူများက အခြားကောင်လေးများ ငါကြိုက်လို့ လုပ်ပေးတာ မှတ်လို့ ရင်ခုန်နာ*
*ဘာပြောတယ်*ဆိုပီး သူကျွန်မကို ပါးကို နမ်းလိုက်တယ် ကျွန်မအဲအနမ်းတွေ လွမ်းနေတာ ကြာပီ မဟုတ်ပါလား
တယောက်တယောက် အကြာကြီး ကြည့်ရယ်နေကြတယ် သူက သူအခန်း ထောင့်က စားပွဲကို မေးထိုးပီး *ဟို စားပွဲက မင်းခုံ*
*အော် အဲတာလား ဟိုအမြင်ကကော ဘယ်သူလဲ*
*သူလည်း secretaryပဲ အလုပ်အတွက်*
*ငါကကော*
*မင်းက နှလုံးသားတွက်*
*တော်ပါပီ ဘာမှ လုပ်ပဲ လစာမလိုချင်ဘူး*
*ဘယ်သူက ဘာအလုပ်မှ မလုပ်ပဲ လစာမပေးပါဘူး  အလုပ်မှာ အဲကောင်မလေး ရဲ့လက်ထောက် လုပ်ရမှာ ငါမပြန်ခင်ထိ ငါကိုယ်ရေးကိုယ်တာ secretaryလုပ်ရမှာ*
*မပြန်ခင် ဟုလား*
*အင်း လမင်း ငါဒီကို ၂လခွဲ၃လလောက် လာနေတာ ပီးရင် ဟိုပြန်မှာလေ လက်စသတ်စရာလေးတွေ ရှိသေးလို့ ပီးရင် အပြီးတိုင် ပြန်လာမှာ*
*သူရိန် နင် အမှန်တိုင်း ပြော ဟိုမှာ မိန်းမ ကျန်ခဲ့လို့မို့လား*
*မဟုတ်ရပါဘူးဟာ ငါလူပျိုစစ်စစ်ပါဟ ရေတောင် မရောဘူး စေ့စပ်တာတောင် လွန်ခဲ့တဲ့ တလလောက်က ပြတ်လိုက်ပီ*
*မိသိမ့်နဲ့လား အဲလောက်လွယ်လို့လား*
*နင်ကောင်လေးက ဘယ်သူလဲ သူရိန်ပါ မဖြစ်နိုင်တာ ဘာမှ မရှိပါဘူး*
ကျွန်မမဲ့ပီး* မယုံနိုင်စရာပဲ မိသိမ့်နဲ့လဲ စေ့စပ်တာလဲ ဖျက်တယ် ဟိုကိုလဲ အရမ်းပြန်ချင်နာ*
*အရမ်း မပြန်ချင်ပါဘူးဟာ ငါက လုပ်စရာလေးတွေကြောင့်ပါ ပြန်လာမှာ စောင့်နေမှာလား*
*အင်း ငါစောင့်မယ်*
*မစောင့်နိုင် မစောင့်နဲ့ သိလား *သူခပ်တည်တည်ပြောလိုက်တယ် ကျွန်မ အဲစကားကို မကြိုက်
သူက အပြုံးမပျက် * မနက်စာ စားပီးပီလား*
*အင်း နင်ကော* * မစားရသေးဘူး နင်စောင့်နေတာ လာပါ
ငါစားတာ ထိုင်စောင့်ပေး*
ဆိုပီး လိုက်ဆွဲသွားတယ် မုန့်စားရင်းနဲ့
*လမင်း ဒီတလကို ချစ်သူတွေလို နေကြမယ် နောက်တလကို ခရီးထွက်ရအောင်*
*ချစ်သူလိုက ဘယ်လိုနေရမှာလဲ*လို့ စလိုက်တော့
*အင်း ရုပ်ရှင်ကြည့်မယ် လမ်းတွေလျှောက်မယ် မသိတော့ဘူးကွာ အားလုံးလုပ်မယ် အခြားချစ်သူတွေလို*
*ငါ စည်သူတို့ကို ဘာတွေ လုပ်ကြလဲ ဖုန်းဆက်မေးလိုက်ရမလား*
သူက ပြုံး၍ ခေါင်းငြိမ့်ပြလိုက်တယ်
*သိလား သူရိန် ငါတို့ ရန်တွေလဲ ဖြစ်မယ်*
*ရန်ဖြစ်မယ် ဘာလို့လဲ မကောင်းပါဘူး*
*စည်သူတို့က ခဏခဏ ရန်ဖြစ်တာ အချစ်တိုးတယ်တဲ့*
*ဒီတိုင်းလဲ အချစ်တိုးပီးသားပဲ*ကျွန်မ မျက်စောင်းထိုးပီး နှုတ်ခမ်းဆူတော့*အေးအေး ရန်ဖြစ်ကြတာပေါ့*  *နင်မရှိတုန်း သူတို့ ခဏခဏ ရန်ဖြစ်တော့ ငါတို့ မလုပ်ခဲ့ရဘူးဆိုပီဝမ်းနည်းနာ*
*အေးပါဟာ နင်ကို ထားခဲ့မိတာ တောင်းပန်ပါတယ်ဟာ ငါတို့ အားလုံးလုပ်မယ် ဘာမှ နောင်တရစရာ မကျန်အောင် ..နော်*
ကျွန်မပြုံးလိုက်တယ် *မင်း ခုနက စည်သူဆီ ဆက်မှာဆို ဆက်လေ*
*အင်း ဆက်မယ်*ကျွန်မဖုန်းထုတ်ပီး စည်သူဆိုတဲ့ contactကို နှိပ်လိုက်တယ်
*ဟယ်လို*
*စည်သူလား*
*အင်း လမင်း ယမင်း ငါကို စိတ်ဆိုးပြန်ပီဟာ ဒီတခါ အတည် ပြတ်ပီနေမှာ ညစ်တယ်ဟာ*
*အမလေး နင်တို့က အမြဲအဲတိုင်းပဲ နေအုံး နင်ကိစ္စ အသာထားအုံး္စ သူရိန် ငါဘေးမှာ မနက်စာ စားနေတယ်*
*အော် အဲကောင်နဲ့ တွေ့ပီးပီလား*
*နင်တို့ ငါကို ဝှက်ထားတယ် နေအုံး စပီကာ ဖွင့်လိုက်အုံးမယ်*
*သူရိန်က မပြောခိုင်းတာ*
*ဟေ့ရောင် စည်သူ ဘာလုပ်နာလဲ*
*ညစ်နေတယ် ဟေ့ရောင်ရေ ယမင်းနဲ့ ညစ်နေတယ် မင်းကတော့ ကောင်မလေးနဲ့ ငြိမ့်နေတာ ငါပဲ ညစ်နေတာ*
*အေးချမ်းကော*
*အေးချမ်းလဲ မင်းအတိုင်းပဲ သူကောင်မလေးနဲ့ လိမ့်နေတယ် ငါပဲ အထီးကျန်နာ*
*အေးချမ်း ကောင်မလေးက ချောတယ်ဆို*
*အင်း queenပဲ သူတို့က အိမ်က သဘောတူပီးပီလေ*
*ဟုတ်လား ငါတောင် နင်တို့ မပြောဘူး*
*အော် မကြာသေးဘူး လမင်းရ တရက်၂ရက်ရှိသေးတာ*
*အော်*
*ဟေ့ရောင် ချစ်သူတွေက ဘာတွေ လုပ်ကြလဲ ငါလဲ စဉ်းစားနာ*
*အင်း ဟုတ်တယ် ငါတို့ အဲကြောင့်ဆက်တာ*
*ဟာကွာ လုပ်ပီ ဘာလုပ်မှာလဲဟ လျှောက်သွားတယ် မုန့်အတူတူ စားတယ် ရုပ်ရှင်ကြည့်တယ် ပီးတော့ တနေရာရာမှာ အတူတူ အိပ်တယ် living together*
ဟိုဘက်က စည်သူကလဲ ပြုံးစိစိနဲ့ သူရိန်ကလဲ ပြုံးစိစိနဲ့ ကျွန်မကြည့်နေတယ် ကျွန်မ ရှက်လာပီး
*ဘာတွေ ပြောမှန်း မသိဘူး သူရိန် အဲတာ မပါဘူးနော်*
သူရိန်က ပြုံးနေတယ် စည်သူက
*အဲတာပါမှ ကောင်းတာ လမင်း သူရိန် ဒါမှ အဝေးထွက်မသွားမှာ ချုပ်ထား*
*သွား ဘာတွေ ပြောမှန်း မသိဘူး နင် ငါ့ယမင်းကိုကော*
*ဟာ နင်ကလဲ နိုင်ငံရေးတွေ မပါရဘူးလေ ကိုယ်အကြောင်းနဲ့ ကိုယ်*
*ယုတ်မာတာ နင်တို့နော် လက်ထပ်ခင် ကလေးရနေအုံးမယ်*
*ဟာ ငါတို့က လက်နက်ရှိတယ် သူရိန် မင်းကောင်မလေး သင်ပေးလိုက်အုံး*
*တော်ပီတော်ပီ နင်နဲ့ မပြောတော့ဘူး*
*နေအုံး လမင်း ကိုယ်ပြောအုံးမယ် ဟေ့ရောင် ငါဆီ လာလည်အုံးလေ ငါ၂လ၃လဆို ဟို ပြန်ရမှာ လာခဲ့အုံးနော် ဟေ့ရောင်*
*အေးပါကွာ လာခဲ့မယ် မင်းတို့ မင်္ဂလာဆောင်ရော *
*အေးပါကွာ နောက်မှပေါ့ လာခဲ့နော် အေးချမ်းတို့ အတွဲကော ယမင်းကော လာခဲ့နော် ဆက်ဆက်*
*အေးပါ မင်းကလဲ *
*အော် ငါတို့က ဒီတလပြီးရင် ခရီးထွက်အုံးမှာ ပြန်လာရင် ဖုန်းဆက်မယ် လာခဲ့နော်*
*အော် မင်းတို့ ၂ယောက်က ခရီးထွက်ပီး ကဲအုံးမှာပေါ့ အေးပါကွာ  ပျော်နိုင်သူတွေ ပျော်ပေါ့ ငါတော့ ကောင်မလေးနဲ့ ညစ်နေတယ် ဒါပဲ ဟေ့ရောင်*
သူရိန် ဖုန်းကို ကြည့်ပီး ရယ်နေတယ်
*နင်တို့ ယောက်ျားလေးတွေ တွေ့ရင် ဒါပဲ ပြောတာလား*
ရယ်ရင်း *မဟုတ်ပါဘူး*
*သူရိန် နင်ပိန်သွားတယ် အသားလဲ ပိုဖြူလာတယ် အရင်တုန်းက အတိုင်းမှ ပိန်ပီး ဖျော့တော့တော့နဲ့ နင်အလုပ်တွေ ပိတ်လုပ်နေတာလား*
*အင်း ဟုတ်တယ် လာ ပြန်မယ် စည်သူပြောတဲ့ အတိုင်း စနေ တနင်္ဂနွေ ပိတ်ရက်တိုင်း တခုချင်း လုပ်မယ်လေ*
*ဟိုဟာ မပါဘူးနော်*
*အင်းပါ မပါပါဘူး*သူအရမ်းရယ်တယ် ကျွန်မကတော့ မျက်နှာလေးဆူနေတယ်








First Love Myanmar VersionsWhere stories live. Discover now