အပိုင်း(၅)

2.2K 84 3
                                    

ကျွန်မ သူရိန်နဲ့ သိမ့်သိမ့်တုန်တို့၂ယောက်ကြားက ပြဿ     နာကို သိချင်မိတယ် မမေးလဲ မမေးချင်ပါဘူး ကျွန်မ သူရိန်နဲ့ စက်ဘီးယဉ်စီးရင်းနဲ့ တွေးနေမိတယ် သူရိန် သိမ့်သိမ့်တုန်စကားလာပြောတာ တွေ့ပီးကတည်းက ငြိမ်နေတယ် ကျွန်မလဲ မနေနိုင်တာနဲ့ *သူရိန် နင်ဘာဖြစ်နေတာလဲ စကားလဲ မပြောဘူး*
သူရိန်အဲမှ တချက်ကြည့် ပြုံးပီး *ဘာမှ မဟုတ်ပါဘူး*လို့ ပြောပီး ငြိမ်သွားပြန်တယ် ကျွန်မအားမလို အားမရ ဖြစ်နေတာနဲ့ *သူရိန် နင်က ငါ့ရည်းစားလား* သူတချက်ထပ်ပြုံးပီး *ဟုတ်တယ်လေ* * အဲတာဆို ပြော ဘာဖြစ်နေတာလဲ ဖြစ်တာကို ပွင့်ပွင့်လင်းလင်းပြော * သူစက်ဘီးရပ်ပီး စက်ဘီးပေါ်က ဆင်းလိုက်တယ် ကျွန်မလဲ သူအတိုင်းလိုက်လုပ်လိုက်တယ် ကျွန်မထင်တယ် သူစိတ်ဆိုးသွားတာလားလို့ * အင်း ဟုတယ် ငါအဆင်မပြေဘူး လမင်း*
*အမ် ဘာဖြစ်နေတာလဲ*
*နင်ကို သိမ့်သိမ့်တုန်က စိတ်ထိခိုက်အောငိ တခုခု ပြောမှာပဲ ငါကို ဘာမှ မပြောဘူးလို့ နင်လိမ်တယ် ငါစိတ်ထဲ လေးနေတယ် နင်သူပြောတာ နားထောင်ပီး ငါကို ပစ်သွားမှာ ငါကြောက်တယ် ငါဘာဖြစ်ဖြစ် နင်နဲ့ မခွဲချင်ဘူး ခွဲလဲ မခွဲနိုင်ဘူး*
*သူရိန် နင်က အရူးပဲ သူငါကို ဘာမှ မပြောတာ မဟုတ်ဘူး ပြောတယ် ငါပြန်ကျေပနိုင်တယ် အဲကြောင့် ငါစိတ်ထိခိုက်စရာ မရှိဘူး ငါက နင်ချစ်သူပါ နင်ကလဲ ငါချစ်သူပါ ငါ တယောက်ယောက်က ဖြစ်စေချင်လို့ ငါကို အမိန့်ပေးတာမျိုး သတိပေးတာမျိုးက ရိုးလွန်းပါတယ် ငါကြောက်ပီး နောက်မဆုတ်ပါဘူး နင်အနာဂတ်တွေမှာ ငါက အနှောင့်အယှက်မဖြစ်သ၍ ငါနင်ထားမသွားပါဘူးဟာ*

သူရိန်က သူလက်ထဲက စက်ဘီး လွတ်ချလိုက်တော့ ကျွန်မလန့်သွားတယ် ပီးတော့ ကျွန်မကို နောက်က သိုင်းဖက်လိုက်တယ် သူရင်ခွင် နွေးနွေးလေး ကျွန်မလည်ပင်းနားမှာ ဖြတ်လျှောက်နေတဲ့ သူဝင်သက်ထွက်သက်လေနွေးနွေး သူပါးစပ်က မပြောဘဲ ကျွန်မကို ထွက်မသွားစေချင်တဲ့ သဘော သူကလဲ ထွက်မသွားဘူးဆိုတဲ့ အဓိပ္ပာယ် အရမ်းချစ်တယ်ဆိုတဲ့ အထှာတွေပါတဲ့ စကားတွေ အဆက်မပြတ်ကြားနေရတယ်

၅စက္ကန့်လောက် အသိစိတ်လွတ်သွားတဲ့ ကျွန်မက သူကို အတင်းရှုန်းပီး*သူရိန် ငါလွတ်ပါဟာ ငါနင်ဘေးမှာပဲ နေမှာပါ ငါကို လွတ်ပါတော့ လမ်းက လူရှင်းတယ်ဆိုပေမဲ့ လူလာလို့ တွေ့သွားရင်  မကောင်းဘူးလေ*ဆိုမှ သူက ခွာလိုက်ပီး
*အင်းပါ ငါနင်အရမ်းချစ်တယ် လမင်း ငါကို ယုံ ငါနင်အနားက ဘယ်တော့မှ ထွက်မသွားဘူး ကတိ ဘာတွေပဲ ဖြစ်ဖြစ် နင်လက်ကို မဖြုတ်ဘူး*
*အင်းပါ သွားမယ် နောက်ကျနေမယ် ထမင်းမစားရဘဲ ပြန်လာနေရလိမ့်မယ် လာ*ဆိုတော့ *အင်း  မနက်က မုန့်တွေ စားရုံပကွာ* ၂ယောက်သား ရယ်ပီး အပြန်လမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ခဲ့တယ်

First Love Myanmar VersionsWhere stories live. Discover now