ကျွန်မ ဟိုတနေ့က ငိုတာထက် ဒီနေ့က ပိုသက်သာတယ်လေ သူနဲ့ ကိုယ်တိုင် ကိုယ်ကျ တွေ့ပီး ပြန်လာမယ် ပြောလို့လေ သူကို ယုံကြည်တယ် သူတနေ့ပြန်လာလိမ့်မယ်
ကျွန်မ သူရိန်သူငယ်ချင်းတွေနဲ့ ယမင်းက အမြဲအဖော် လုပ်ပေးတယ် ၁၀တန်းရောက်ကြတော့ ယမင်းနဲ့ စည်သူတို့လဲ ရည်းစား ဖြစ်ကြတော့တယ်လေ အရင်က စနေ တနင်္ဂနွေဆို ကျွန်မတို့ ၂ယောက် တွေ့ကြတယ် ခုတော့သူတို့အလှည့်ပင် သူတို့၂ယောက်က ကျွန်မ သူရိန်ကို သတိရစေတယ် စည်သူက သူ့သူငယ်ချင်းလို့ ပြောစရာ မလို သူအတိုင်းပင် စကားတတ်တယ်
ဒါပေမဲ့ မတူတာက ကျွန်မတို့၈လ သက်တမ်းမှာ တခါမှ ရန်မဖြစ်ဘူးဘူး သူရိန်က အသံမာနဲ့ တခါမှ မပြောဘူး စနောက်ရန်ဖြစ်ရင်တောင် ၅စက္ကန့်ပင် မကြာလိုက် ပြန်ချော့တတ်တဲ့သူလေ စည်သူတို့က ကွဲလွဲတယ် ရန်ခဏခဏ ဖြစ်ကြတယ် ရန်ဖြစ်ရင်လဲ တယောက်တယောက်အော်ဟစ်ကြတယ် တစ်ပတ် ၁၀ရက်နေမှ ပြန်ခေါ်ကြတယ် ၂ယောက်လုံးက တင်းမာကြတယ်
ကျွန်မ စဉ်းစားမိတယ် သူရိန်သာ ရှိရင် လိုက်ဖြေရှင်းပေးလိမ့်မယ် လို့ ခုတော့ ကျွန်မနဲ့ အေးချမ်း ပြောဆိုလို့ မရ စကားနားမထောင်ကြ သူတို့ကလဲ သူတို့၂ယောက် ချစ်ပီဆို အမြင်ကပ်စရာ ရန်ဖြစ်ထားပီဆိုရင်လဲ တယောက်နဲ့ တယောက် တသက်လုံး မခေါ်တော့မလို့ ပြတ်ပီ တခဲခဲ ပြီးတော့လဲ ဘာမှ၊မဟုတ် ပြန်အဆင်ပြေသွားရင်လဲ သူတို့မဟုတ်သည့်အလား
နောက်တော့ အေးချမ်းနဲ့ ကျွန်မ နှပ်ပီလေ မပြောတော့ ဒါပေမဲ့
အဲလို ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ကလေးက အချစ်ကို ပိုတိုးစေတယ် ကျွန်မတို့တည်းက အဲလိုရန်မဖြစ်ရလို့ ဝမ်းနည်းမိတယ် သူထွက်သွားပေမဲ့ အေးချမ်းက အနားမှာ သူနေရာဝင်ယူတယ် ချစ်သူနေရာမဟုတ်ပါဘူး သူပြုမူတတ်တဲ့ နေရာတွေပါ မနက်တိုင် စောင့်ပေးတာတို့ မိသိမ့်လာပြောရင် ကာကွယ်ပေးတာတို့ ပြန်ရင်လဲ စက်ဘီးစတန်းထိ လိုက်ပို့တာတို့ပါ သူကို မလုပ်ဖို့ ပြောပေမဲ့ သူရိန်က စောင့်ရှောက်ဖို့ ပြောသွားတယ်တဲ့
*နင်တို့ သူငယ်ချင်းတွေ တော်တော် ချစ်ကြတာပဲ*လို့ ကျွန်မပြောရင် ပြုံးပဲနေတယ်

YOU ARE READING
First Love Myanmar Versions
Romanceအချစ်ဆိုတဲ့ အရာကို ကျွန်မ သေချာမသိပါဘူး ကျွန်မ ချစ်တဲ့ အချစ်ကို ပုံမဖော်ပြနိုင်ဘူး ကျွန်မအတွက် သူအချစ်ကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်မ သူရယ်သံ သူအကြည့် သူအပြုံး တွေကို မြင်နေရရင် ကျေနပ်မိတယ် သူပျော်ရင် ကျွန်မလဲပျော်တယ် သူစိတ်အတိုင်း ကျွန်မလိုက်ခံ...