အပိုင်း(၃)

2.6K 96 2
                                    

ညမှာ အိပ်မရဘူး သူပြောတဲ့ ကောင်မလေး အကြောင်း စဉ်းစားနေမိတယ်
ကျွန်မအတွေးမှာ သူပြောစကားအရ ထင်မြင်ချက်တော့ ရှိနေတယ် ကျွန်မကို ချစ်ဖို့ကောင်းတယ်လို့ ပြောတဲ့သူ သူ့သူငယ်ချင်းတွေ ပြောတဲ့ အဲလိုအကြည့်မျိုးနဲ့ ဘယ်သူမှ မကြည့်ဘူးတဲ့သူ လို့ တချက်တွေးမိတယ်
ဟာ သူကောင်မလေးအဖြစ် ကိုယ်ကိုကိုယ်လဲ မယုံရဲပါဘူး သူ ကျွန်မကို စိတ်ဝင်စားသည် ဖြစ်စေ စိတ်မဝင်စားရင်လဲ ရပါတယ် သူနဲ့ခုလိုခင်မင်ရတာကိုပဲ ကျေနပ်လှပါပီ

ကျွန်မတို့အတန်းတင်စာမေးပွဲတောင် နီးနေပီလေ ကျွန်မ စာအုပ်နဲ့ မျက်နှာနဲ့ မခွာအား စာစကျက်တော့တယ် ယမင်းတောင် မေးလာတယ် *စာလုပ်လှချည်လား*တဲ့
ကျွန်မတချက်ပြုံးရင်း* ငါ ၉တန်းAလေးများ တတ်ရအောင် စာကြိုးရမယ် ယမင်း ငါနဲ့အတူ စာလုပ်ရအောင် နင်ကောဆို ငါအဲအတန်းနဲ့ မစိမ်းတာပေါ့ ပီးတော့ ငါသူရိန်နဲ့ခင်တယ် နင်ကော မခင်ချင်ဘူးလား*ပြောလိုက်တော့ ယမင်းမက *ငါ ဥာဏ်သိပ်မကောင်းဘူးဟ လမင်းရ*
*လုပ်မနေနဲ့ ငါကောပဲ ကြိုးစားရမှာပေါ့ ဟင်*
*အမလေး လမင်းရဲ့ Aတန်းမနေချင်တဲ့လူ မရှိပါဘူးဟယ် Aတန်းက အချောချည်းပဲ ဥစ္စာ ငါကို သည်းခံပီးသာ စာတွေ ရှင်းပြပေတော့*သူစကားကြောင့် ကျွန်မပြုံးပီး လက်ဝါးရိုက်လိုက်တယ်

ယမင်းနဲ့ ကျွန်မ စာအုပ်ပင် မခွာအား စာအရမ်းလုပ်ရတယ် မုန့်စားချိန်လဲ မုန့်မစားတော့ ထမင်းစားချိန်လဲ ထမင်းချိုင့်နဲ့ဆွဲပီး မြန်မြန်စား စာဆက်လုပ်ကြတယ် ညတောင် သူက တခါတလေ လာအိပ်ပီး ညပိုင်းပါ ၂ယောက်တူ စာလုပ်ဖြစ်တယ်

ပထမဆုံးထမင်းချိုင့်ဆွဲတဲ့နေ့ညနေပိုင်းမှာ သူရိန်စောင့်နေလေတယ် *သူရိန်*လို့ ခေါ်လိုက်တော့ ကျွန်မကို ရယ်ပြတယ် *စာတွေလုပ်လှချည်လား* သူကလှမ်းပြောလိုက်တယ်
ကျွန်မပြုံးပီး *အင်း Aတန်းနေရအောင်လေ*ပြောလိုက်တယ်
ကျွန်မနား သူမျက်နှာကြီး ကပ်ပီး *ဘာလို့လဲ*တဲ့
ကျွန်မ ရင်ခုန်လွန်းလို့ ဖုံးကွယ်ရင်း *Aတန်းက ကောင်လေးတွေ ချောလို့*သူ အဖြေကို မကြိုက်သလိုနဲ့ *အော် ထားပါတော့ကွာ စာမေးချင်တာရှိ ပြောပေါ့ အချိန်မရွေးပဲ*ကျွန်မပြုံးပီး *အင်းပါ*ကျွန်မတို့ လမ်းမှာ စာအကြောင်းနဲနဲ ပြောလိုက်တယ် သူက *မင်း Aတန်းရောက်ရင် ငါသူငယ်ချင်း ချောချောတွေနဲ့ မိတ်ဆက်ပေးမယ် မင်းက ကောင်လေးချောချောလေးတွေ ခင်ချင်လို့ ဆိုရင်ပေါ့ ကြိုးစားထား*လို့ အားပေးတယ် ကျွန်မကတော့ စိတ်ထဲက နင်လိုချောချောလေးနဲ့ ဆက်ခင်နေမှာ ငါပျော်လှပါပီ လို့ပေါ့

First Love Myanmar VersionsWhere stories live. Discover now