ကျောင်းစပြန်ဖွင့်ပီလေ အရမ်းစိတ်လှုပ်ရှားနေတယ် အရင်နှစ်တွေထက် ကျွန်မဆံပင်ကလဲ သုံးလဆိုတဲ့ အချိန်အတွက် ပုခုံးအောက်ဘက်ရောက်နေပီလေ ကျွန်မဆံပင်ကို ကျွန်မကြည့်ပီး ကျေနပ်နေတယ် မျက်မှန်ကိုလဲ စာသင်မှ တတ်မယ်လို့ အတွေးနဲ့ မျက်မှန်ပါ ချွတ်လိုက်တယ် ကိုယ်ဘာသာကို ကြည့်နေမိတယ် သူပြောတဲ့မင်းရုပ်ကို ချစ်တာမဟုတ်ဘူးဆိုတာ နားထဲ ပြန်ရောက်လာတယ်လေ ဒါပေမဲ့ ကျောင်းမသွားခင် မှန်ကို အခါတရာမက ပြန်ကြည့်နေမိတယ်
ကျောင်းရောက်တော့ လူတွေရှုပ်ယှက်ခပ်နေတယ် ကျွန်မကို စက်ဘီးstandမှာ စောင့်နေမယ် ပြောသော ယမင်းကို အရင် ရှာရမယ် စက်ဘီးstandမှာ ထင်မထားတဲ့ လူသုံးယောက် စောင့်နေတယ် စက်ဘီးနောက်ခုံမှာ ထိုင်နေတဲ့ သူရိန်ကို ဘေးက သူ့သူငယ်ချင်း၂ယောက်ပါ လက်ပိုက်ရပ်နေတယ်
သူရိန်လဲ ပုံစုံပြောင်းနေတယ် အရင်နှစ်ရဲ့ ဆံပင်က ရှေ့ချထားတယ် ခုဆံပင်က အရင်ထက်တိုပီး ထောင်ထားတယ် အရင်ထက်တောင် ပိုချောလာတယ် သူတို့ကြည့်ရတာ တယောက်ယောက်ကို စောင့်နေသလို သူတို့နောက်က ယမင်း ကျွန်မကို မြင်ပီး *လမင်း ငါဒီမှာ* လို့အကျယ်ကြီး အော်ခေါ်လိုက်တယ် သူရိန်တို့ ၃ယောက်က သူကြည့်ပီး ကျွန်မကို မြင်သွားကြတယ် သူရိန်က ထိုင်နေတဲ့ နေရာမှ ထပီး မျက်နှာချင်းဆိုင်စူးရှတဲ့သူ့မျက်လုံးတွေနဲ့ ကျွန်မကို ကြည့်နေတယ် သူနှုတ်ခမ်းကလဲ ပြုံးနေတယ်
ယမင်းက သူ့ကျောပေးထားတဲ့ သူရိန်တို့ ၃ယောက်ကို မြင်ပုံမပေါ် ကျွန်မဆီ ပြေးလာလိုက်တယ် ပြေးလာတဲ့ ယမင်းရဲ့လက်ကို သူရိန်နောက်က တယောက်ကဆွဲပီး *မုန့်သွားစားရအောင်လာပါ* ဆိုပီး ယမင်းလေး ကိုးရို့ကားယားနဲ့ ပါသွားတယ် သူတို့ထွက်သွားတော့ သူရိန်ရယ် ကျွန်မရယ် ခြေ၁၀လှမ်း အကွာလောက်မှာ ၂ယောက်တည်း ကျန်ရစ်တယ် သူရိန်က ကျွန်မဆီ လျှောက်လာပီး *အဖြေက ရလဒ်ကောင်းရဲ့လား ရင်ခုန်ရလွန်းလို့ ရူးတော့မယ် ပီးတော့ အရမ်းလှလာတယ် မျက်မှန်ကော မေ့ခဲ့တာလား* သူကျွန်မကို ကြည့်ပီး ပြောလိုက်ပေမဲ့ ခဏကြာသတ်လက်လွတ်ဖြစ်နေတဲ့ ကျွန်မကို ကြည့်ပီး အလိုမကျတဲ့ မျက်လုံးတွေနဲ့ *ဟေ့ အဖြေမပေးတော့ဘူးလား ဘာလို့ ကြောင်တောင်တောင်နဲ့ ကြည့်နေတာလဲ နေမကောင်းဘူးလား* ဆိုမှ ကျွန်မ သတိပြန်ဝင်လာတယ်

YOU ARE READING
First Love Myanmar Versions
Romanceအချစ်ဆိုတဲ့ အရာကို ကျွန်မ သေချာမသိပါဘူး ကျွန်မ ချစ်တဲ့ အချစ်ကို ပုံမဖော်ပြနိုင်ဘူး ကျွန်မအတွက် သူအချစ်ကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်မ သူရယ်သံ သူအကြည့် သူအပြုံး တွေကို မြင်နေရရင် ကျေနပ်မိတယ် သူပျော်ရင် ကျွန်မလဲပျော်တယ် သူစိတ်အတိုင်း ကျွန်မလိုက်ခံ...