''Tian Ling''
ခေါ်သံကြောင့် စာအုပ်ထဲတွင် စိတ်နစ်နေရာမှ ခေါင်းမော့ကြည့်မိလိုက်သည်''အမေ''
''သား ဘာလုပ်နေတာလဲ''
''စာဖတ်နေတာပါ ဘာမှအရေးတကြီးမဟုတ်လှပါဘူး
အမေ ဘာပြောစရာရှိလို့လဲ လာပါ''''သား ဒဏ်ရာတွေက ဘယ်လိုနေသေးလဲ ပြပါဦး''
''သက်သာနေပါပြီ အမေ ဘာမှမဖြစ်တော့ပါဘူး''
''သားရယ် သားအဖေရဲ့ခေါင်းမာမှုကြောင့်
ဒီလိုတွေ ဒီဒဏ်ရာတွေ••••••"''သားဘာမှမဖြစ်ပါဘူး အမေ သားဟာမင်းမှုထမ်း ယောက်ျားတယောက်ပါ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း
ဒဏ်ရာရတာ ဂုဏ်ယူစရာပါပဲ''''ငါ့သားရယ် မင်းဖြစ်ချင်တာ ဘာလဲဆိုတာ အမေသိပါတယ်''
''ပြီးပြီးသားတွေ ထပ်မပြောပါနဲ့တော့ အမေရယ်''
'စစ်သူကြီး Tian Ling အရှင်မင်းတရားကြီး အမိန့်တော်ပါးလိုက်ပါတယ်'
အိမ်ပေါက်ဝမှ အသံကြောင့် သားအမိနှစ်ယောက်
အိမ်ရှေ့သို့ ထွက်လာခဲ့ကြသည်
နန်းတွင်းမှမင်းတရားကြီး၏အပါးတော်မြဲပင်သူ ဒူးထောက်လိုက်ကာ
''မင်းတရားကြီးရဲ့ အမိန့်တော်ကို နာခံပါတယ်''
''စစ်သူကြီး Tian Ling၏စွမ်းဆောင်မှုကြောင့်
ဒီတခါ Yue ဒေသကိုလဲ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ် စစ်သူကြီးရဲ့ စွမ်းရည်ကို ငါကိုယ်တော် ကျေနပ်အားရတော် မူလှတယ်
ဒါကြောင့် ယနေ့ညနေ စစ်သူကြီး Tian Ling ရဲ့ အောင်ပွဲ အထိမ်းအမှတ်အဖြစ် နန်းတော်ထဲမှာ စားသောက်ပွဲ ကျင်းပမယ်စစ်သူကြီး Tian Lingမဖြစ်မနေတက်ရောက်စေ''သူ သက်ပြင်းမှုတ်ထုတ်လိုက်ပြီး
''အရှင် မင်းကြီးရဲ့ ချီးမြှောက်သနားမှုအား
ကျေးဇူးတင်ဝမ်းမြောက်စွာ နာယူပါတယ်''အပါးတော်မြဲက
''မင်းတရားကြီး ချီးမြှင့်လိုက်တဲ့ ပိုးထည်ပါ
ဒီနေ့ည စားပွဲကို ဝတ်လာဖို့ မိန့်တော်မူလိုက်ပါတယ်''သူဒုတိယမ္မိသက်ပြင်းချမိပြန်သည်
''ကောင်းပါပြီ''
အပါးတော်မြဲ ထွက်ခွာသွားတာကြည့်ပြီး
YOU ARE READING
အချစ်ဆိုတဲ့အရာ( ရပ်နား )
Historical FictionFIRST OF ALL အချစ်ဆိုတဲ့အရာ သည် ဘာသာပြန် Fictionမဟုတ်ပါ မိမိကိုယ်ပိုင် Ideaဖြင့်ဖန်တီးထုဆစ် ထားသောလိုအပ်ချက်များစွာရှိသည့် Fictionလေး တခုသာဖြစ်ပါသည် I know my creation is not so wonderful but I try my best. So if u feel like it, Please Enjoy !! Feli...