Xing Ying Fang
ပလွေသံသဲ့သဲ့လာရာကို ကြည့်လိုက်တော့
အိမ်ရှေ့ကွပ်ပြစ်ပေါ်တွင် ပလွေမှုတ်နေသော
Zhan Yangအားတွေ့ရသည်
Zhan Yangသည်ငယ်ငယ်ကတည်းက
ဂီတအနုပညာကို စိတ်ဝင်စားသူဖြစ်သည်
စာသင်နေသော သူ့ဆရာဆီမှ ပလွေမှုတ်နည်း
သင်ယူခဲ့ပြီး ယခုဆို အတော်ကျွမ်းနေလေပြီ
ယခုမှုတ်နေသော သီချင်းသည်ကား
ဟိုလူကြီး သင်ပေးခဲ့သော သီချင်းသည်ပင်တချိန်က
အိမ်ရှေ့က သစ်ပင်ကိုင်းတွင် တစောင်းထိုင်ရင်း ပလွေမှုတ်နေသူအားမြင်ယောင်လာ၏လေပြည်အဝှေ့မှာ
လှုပ်ခတ်သွားတဲ့ဆံနွယ်ရှည်တွေမှေးမှိတ်ထားတဲ့ မျက်ခွံဖြူမို့မို့တွေ
တစောင်းအနေအထားမှ မြင်နေရတဲ့
နှာတံပေါ်ပေါ်နဲ့ သွေးရောင်သမ်းသော
နှုတ်ခမ်းမထူမပါးတွေမြင်သူတွေ့သူအပေါင်း ထိုမြင်ကွင်းအား
မငေးပဲမနေနိုင်
ဆေးခန်းလာသော ပျိပျိုအိုအိုတို့၏ အာရုံက
သူ့ဆီရောက်ကုန်တာမို့ စိတ်တိုရသေး၏
အဲ့တုန်းကတော့ ပလွေမှုတ်နေသူအား
ရပ်တန့်စေလို၏
သာယာသော ပလွေသီချင်းသံအားလည်း
မကြားလိုမိပေ
ယခုတော့ ကြားချင်တာတောင်ကြားခွင့်မရှိ
တားချင်တာတောင် တားခွင့်မရှိပြီမို့ထွက်သွားသူ၏ကျောပြင်ကို ကြည့်ရင်း
ဘယ်တော့မှပြန်မဆုံနိုင်ဘူးဆိုတာ
သဘောပေါက်ခဲ့၏''အခွင့်ကြုံရင် ကျေးဇူးပြန်ဆပ်ချင်ပါသေး
တယ် သမားတော်''တဲ့လားခင်ဗျား ညာတယ်
ပြန်မလာနိုင်ပဲနဲ့
မျှော်လင့်ချက်တွေပေးခဲ့ရသလား
Tian Ling ရယ်
မျှော်လင့်ချက်တွေ မပေးခဲ့တောင်
ကျွန်တော်ဟာ
ခင်ဗျားနှလုံးသားကို မျှော်မှန်းခွင့်လေးတခု
နဲ့သာ ချစ်မိသူတယောက်မို့နောင်တအရမိဆုံးက ထိုလူကြီး၏
အိမ်လိပ်စာအား မမေးခဲ့မိခြင်းပင်
အနည်းဆုံး ဘယ်မြို့ ဘယ်နေရာ
ဘယ်အိမ်ဆိုတာသိရလျှင် လူချင်းမတွေ့
တောင် သူ့အား တိုးတိုးတိတ်တိတ်ခိုးတွေ့ရလျှင် အလွမ်းပြေမည်ထင်သည်
YOU ARE READING
အချစ်ဆိုတဲ့အရာ( ရပ်နား )
Historical FictionFIRST OF ALL အချစ်ဆိုတဲ့အရာ သည် ဘာသာပြန် Fictionမဟုတ်ပါ မိမိကိုယ်ပိုင် Ideaဖြင့်ဖန်တီးထုဆစ် ထားသောလိုအပ်ချက်များစွာရှိသည့် Fictionလေး တခုသာဖြစ်ပါသည် I know my creation is not so wonderful but I try my best. So if u feel like it, Please Enjoy !! Feli...